COVID ဂယက်ကြောင့် ပိတ်သိမ်းသွားသော ဧရာဝတီတိုင်းရှိ ပီလောပီနံအဝယ်ဒိုင်တချို့ ပြန်လည်ဖွင့်လှစ်
COVID ဂယက်ကြောင့် ဇူလိုင်လဝန်းကျင်က အဝယ်ရပ်တန့် ပိတ်သိမ်းသွားသော ဧရာဝတီတိုင်းရှိ ပီလောပီနံအဝယ်ဒိုင်တချို့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ပီလောပီနံစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
ပီလောပီနံဒိုင်တွေကတော့ ပြန်ဖွင့်နေပါပြီ။ ပီလောပီနံအမှုန့်ဈေးကတော့ တစ်ပိဿာကို ၇၀၀ ဈေးပဲရတယ်။ ဈေးမကောင်းသေးပါဘူး။ COIVD ကာလမတိုင်ခင်တုန်းကတော့ ဒီလိုအချိန်ဆို တစ်ပိဿာကို ၈၅၀ ကျပ် ဈေးရခဲ့ပါတယ်။
ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အင်းရဲကျေးရွာရှိ ရွှေပုစွန်ပီလောပီနံစက်မှ ဦးသန်းလတ် (ခ) ကိုလတ်ကြီး က ပြောသည်။
၂၀၁၉ ခုနှစ်က ပလောပီနံအမှုန့် တစ်ပိဿာလျှင် ၁,၂၀၀ ကျပ်၊ ၂၀၂၀ ခုနှစ် မေလအကုန်ပိုင်းတွင် ပလောပီနံအမှုန့် တစ်ပိဿာလျှင် ၈၅၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး ယခုအခါ ဈေးကွက်မသေချာသည့်အခြေအနေကို တောင်သူများကြုံတွေ့နေရသည်။
ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ကျောင်းကုန်း၊ အထောင် ဒေသများတွင် အများဆုံးစိုက်ပျိုးနေပြီး စိုက်ပျိုးသူများမှ ပီလောပီနံဥကိုအခြောက်ခံကာ အမှုန့်ပြုလုပ်၍ ရန်ကုန်ရှိပွဲရုံများသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။
ပီလောပီနံပင်က စိုက်သက်တမ်း (၈) လကြာပါတယ်။ တူးပြီးတဲ့ ကလောဥတွေကို စိုက်ခြံကနေ ကျွန်တော်တို့ ပီလောစက်ရုံကို သယ်ယူပြီး အမှုန့်ပြုလုပ်ပါတယ်။ အမှုန့်လုပ်ပြီးရင်တော့ ကျုံပျော်မှာရှိတဲ့ ထွန်းမေတ္တာဆိုတဲ့ပွဲရုံကို တင်ပို့ရောင်းချပါတယ်။ ပွဲရုံကတဆင့် တခြားဒေသတွေကို ပြန်ဖြန့်ပါတယ်။ အခုချိန်က ဈေးကျနေတော့ လှောင်ထားနိုင်ရင်တော့ကောင်းတယ်။ တောင်သူတွေကလည်း စိုက်ပျိုးစရိတ် ကုန်ကျထားတာတွေရှိတာကြောင့် ဒိုင်ဖွင့်တယ်ကြားတာနဲ့ ရတဲ့ဈေးနဲ့ ရောင်းထုတ်နေကြတာပါ။
ဟု ဦးသန်းလတ်က ဆက်လက်ပြောသည်။
ပီလောပီနံစိုက်ပျိုးပါက တစ်ဧကစိုက်ပျိုးစရိတ် ပျမ်းမျှ (၃၅၀,၀၀၀)ကျပ် ဝန်းကျင် ကုန်ကျပြီး တစ်ဧကလျှင် ကလောဥ (၄,၅၀၀) ပိဿာ ထွက်ရှိသည်။ ကလောဥ (ပီလောဥ) ပိဿာတစ်ရာလျှင် ကလောအမှုန့် အချိန် ၃၀ ထွက်ရှိကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးခင်လတ်
လွန်ခဲ့သော ၅ နှစ် ကအထက်မြန်မာပြည်ကွမ်းစိုက်နည်းလေးသိချင်ပါတယ်ခင်ဗျာ
U. seinHtay
လွန်ခဲ့သော ၅ နှစ် ကငရုတ်သီးအထွက်ကောင်းရန်ဘယ်လိုမြေဩဇာအိတ်နဲ့ရွက်ဖျန်းအားဆေးသုံးရမ လဲဗျ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....