မင်္ဂလာဒုံသစ်ခွခြံတွင် ကျင်းပသွားမည့် သစ်ခွပြပွဲ
သစ်ခွပြပွဲ (၂၀၁၈)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ သစ်ခွခြံတွင် ဇန်နဝါရီလ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ရဟန်းရှင်လူ မည်သူမရွေး အခမဲ့ ဝင်ရောက်လေ့လာ အပန်းဖြေနိုင်ရန် ကျင်းပသွားမည် ဖြစ်သည်။
မင်္ဂလာဒုံ ဥယျာဉ်ကို (၁၉၈၂-၁၉၈၃) ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၁၉၈၅ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ပန်းမန်ဥယျာဉ် စိုက်ပျိုးရေးဆိုသည်မှာ အများပြည်သူများ လေ့လာအပန်းဖြေနိုင်ရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု ဖြစ်သည်သာမကဘဲ အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချနိုင်သည့် အိမ်တွင်း စီးပွား ရေးငယ် တစ်ခုအဖြစ်လည်း ရပ်တည်နိုင်သည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပါသည်။
ထို့ပြင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် မြို့တော်များအတွက် အများပြည်သူ ကျန်းမာပျော်ရွင်စွာ နေထိုင်နိုင်ရန် ဥယျာဉ်မြို့တော်တစ်ခု ဖြစ်လာစေရန်အတွက် မရှိမဖြစ် လိုအပ်သည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အတွက် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သောကြောင့် လုပ်သားပြည်သူများ ပိုမိုစိတ်ဝင်စားနိုင်စေရန် သစ်ခွမျိုးကောင်းမျိုးသန့်များကို အချိန်တိုအတွင်း တစ်သျှူးမွေးမြူရေးစနစ်ဖြင့် သိပ္ပံနည်းကျ အမြောက်အများ ထုတ်လုပ်နိုင်ကြောင်းကို လက်တွေ့ ပြနိုင်ရန်နှင့် တန်ဖိုးမဖြတ်နိုင်သော မြန်မာ့မျိုးရင်း ပြည်တွင်းသစ်ခွများကိုပါ တစ်နေရာတည်းတွင် လေ့လာနိုင်ရန် မင်္ဂလာဒုံဥယျာဉ်နှင့်အတူ သစ်ခွသုတေသနဌာနကိုပါ တည်ထောင်ခဲ့ပါ သည်။
၁၉၉၃ ခုနှစ်မှာ Orchid Auction Event ကို ပထမဆုံး ကျင်းပခဲ့ပြီး၊ ၂၀၀၀ ခုနှစ်မှာ Flower Show ပန်းပြပွဲကို ကျင်းပခဲ့ကြပါသည်။ ၂၀၀၀ ခုနှစ် အနောက်ပိုင်း မည်သည့် ပြပွဲမျှ မကျင်းပဖြစ်ခဲ့ဘဲ ယခုနှစ်မှာတော့ မင်္ဂလာဒုံ ပန်းဥယျာဉ်၏ လှပမှုကို ဖွံဖြိုးတိုးတက်လာသည့် ခေတ်ရေစီးကြောင်းနှင့်အတူ အသစ်တစ်ဖန်ပြန်လည် မွေးဖွား ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဦးစီးပြီးသစ်ခွပြပွဲကို ထပ်မံကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
သစ်ခွပြပွဲ (၂၀၁၈) ကို ကျင်းပနိုင်ရန်အတွက် မြန်မာနိုင်ငံမှ လူငယ်ဒီဇိုင်နာများ ဦးစီးထားသည့် MOPA Design နှင့် Yangon, School of Interior Design မှ ကျောင်းသူကျောင်းသားများက သစ်ခွပြကွက်များနှင့် အနုပညာ လက်ရာများကို တစ်မှုထူးခြားစွာ ဒီဇိုင်းရေးဆွဲဖန်တီးခဲ့ကြပါသည်။ သစ်ခွပြပွဲကို နံနက် ၈ နာရီ မှ ညနေ ၆ နာရီ အထိဖွင့်လှစ်ထားမည်ဖြစ်ပြီး မြန်မာသစ်ခွ ဆေးဖက်ဝင် သစ်ခွနှင့် ပြည်ပသစ်ခွများကို ပြသသွားမည် ဖြစ်ပါ သည်။
မင်္ဂလာဒုံ ဥယျာဉ်နှင့် သစ်ခွပြပွဲ၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် သစ်ခွများကို တစ်သျှူးမွေးမြူရေး စနစ်ဖြင့် ထုတ်လုပ်မျိုးပွားပုံများကို ပညာရေးပြကွက်များအနေဖြင့် ပြသသွားမည်ဖြစ်ပြီး အနာဂတ် မျိုးဆက်သစ် လူငယ် များအနေဖြင့် မြန်မာ့မျိုးရင်း သစ်ခွများအကြောင်းကိုပါ တန်ဖိုးထားလေ့လာသွားနိုင်ရန် အနုပညာ ဒီဇိုင်းများဖြင့် တွဲဖက်ပြသသွားမည် ဖြစ်ပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Thein Soe Min
အားလုံး
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
02/07/2026
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
23/06/2026
မက်ဆီအမြဲလိုလို ပိုက်နဲ့စုပ်သောက်နေတာက ဘာလဲ?
20/06/2026
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026