ထောပတ်သီးအပါအဝင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်မည်
ထောပတ်သီးအပါအဝင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ဒီဇင်ဘာလ (၂၇) ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိတဲ့နည်းတူ ပြည်ပသို့ တင်ပို့ရောင်းချသူများ၊ ပြည်ပက တင်သွင်းသူများနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေးအတွက် ကုန်သွယ်မှုလုပ်ငန်းတွေကို ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထောပတ်သီးအပါအဝင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်ပတင်ပို့မှု ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် ဆက်လက်အားပေးကူညီ ဆောင်ရွက်သွားမှာပါ။
ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြားသည်။
အလားအလာကောင်းများရှိသည့် သစ်သီးဝလံများကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပေးလျက်ရှိနေပြီး၊ ကိုဗစ်ကာလဖြစ်သော်လည်း အွန်လိုင်းမှသော်လည်းကောင်း၊ စီးပွားရေးသံမှူးများမှ တဆင့်သော်လည်းကောင်း စျေးကွက်ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်၊ စျေးကွက်အသစ်များ တိုးချဲ့ရရှိရန်နှင့် ရရှိပြီးသောစျေးကွက်များကို ထိထိရောက်ရောက် တင်ပို့သွားနိုင်ရန်လိုအပ်ကြောင်း ဝန်ကြီးကပြောကြားသည်။
ပြည်တွင်းဈေးကွက်မှာ ဈေးကောင်းရနေတဲ့ မြန်မာနိုင်ငံကထောပတ်သီး (၃) မျိုးကို ဗြိတိန်စျေးကွက်ကို စမ်းသပ်တင်ပို့ခဲ့ရာမှာ ရလဒ်ကောင်းတွေ ကြားသိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ ပူးပေါင်းကူညီဆောင်ရွက်ပေးတဲ့ USAID, UKaid စတဲ့ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။
ဟု ဒေါက်တာသန်းမြင့်က ဆက်လက်ပြောကြားသည်။
ထောပတ်သီးကို စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများမှ ဈေးကွက်လိုလားမှု ရှိနေသည့်အပြင် ထောပတ်သီးအဆီကိုလည်း ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများမှ ဝယ်လိုအား ရှိနေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....