အစိမ်းရောင်လမ်း
တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

Nyi Thway
Nyi Thway Greenovator 09/04/2018
ဒီအပတ်ပထမနေ့ တနင်္လာမှာ ၁% ကျော်ကျော်ခန့် Red Zone ထဲရောက်သွားတယ်။ ယန်း ၁၈၀ ဝန်းကျင်ဈေးနှုန်းကို Red Zone လို့ဆိုလိုပါတယ်။ သောကြာနေ့အပိတ်ဈေးအောက်၁.၃% ကျပြီး ၁၈၁.၆ ယန်း/ကီလိုဂရမ်နဲ့ဈေးပိတ်ခဲ့တယ်လေ။ ရော်ဘာဝယ်လိုအား အလွန်နည်းနေတာကို စိုးရိမ်မှုတွေကြောင့်လို့ သုံးသပ်တယ်။ ဈေးနှုန်းက တကယ်ဆို ဈေးကွက်ဖွင့်စမှာ ၀.၃၃% တက်ပြီး ၁၈၄.၆ ယန်း/ကီလိုဂရမ်ဈေးနဲ့ Green Zone ထဲပြန်ရောက်လာခဲ့ပါတယ်။ 
 
အဓိက ရော်ဘာအိတ်စပို့တိုင်းပြည်တွေက သူတို့ရဲ့ အိတ်စပို့လျှော့ချမှုကို ဆက်လုပ်လေမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း တက်လာတယ်လို့ နိအိမူရကပြောပါတယ်။ သူက Market Risk Advisory research firm ကပါ။ သိကြတဲ့အတိုင်း ရော်ဘာအထွက်ဆုံးနဲ့ တင်ပို့မှုအများဆုံး ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က သူတို့ရဲ့ ရော်ဘာဈေးနှုန်းမြှင့်တင်ဘို့အစီအမံဖြင့် ရော်ဘာတင်ပို့မှုကိုလျှော့ချတဲ့ အစီအစဉ်က မတ်လ ၃၁ ရက်မှာ ကုန်ဆုံးခဲ့ပြီလေ။ 
 
အင်္ဂါနေ့မှာ ဒုတိယနေ့အဖြစ် ရော်ဘာဈေးဟာ ၁% ကျော်ဆက်လက်ကျပါတယ်။ ဂျပန်စတော့ဈေးကွက် အားပျော့တာနဲ့ အပြိုင်ကျတာပါပဲ။ တိုကျိုမှ စတော့ရှယ်ယာပွဲစားကုမ္ပဏီ ယုတက ရှိုဂျိ ရဲ့ ဈေးကွက်ဆန်းစစ်သူ Gu Jiong ရဲ့အဆိုအရ စီးပွားရေးရာ ကိန်းဂဏန်းအချက်အလက်တွေ နှေးကွေးလေးလံနေတာရယ်၊ နစ်ကေးရဲ့အကျ နဲ့အတူတကွ ဝယ်လိုအားကလည်းနည်းနေတာကိုစိုးရိမ်ပြီး ရော်ဘာဈေးကို ဖိအားရစေခဲ့တယ်တဲ့။ ပြီးတော့ သူကဆက်ပြောတာက အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုက ရော်ဘာဈေးအပေါ်အနုတ်လက္ခဏာပြစေတယ်တဲ့။ အမေရိကန်ရဲ့ ကုန်ပစ္စည်း ၁၂၈ မျိုးအပေါ် ၂၅% အထိ တင်သွင်းခွန်ကို သတ်မှတ်ပြဌာန်းလိုက်တယ်လို့ တရုတ်က တနင်္လာနေ့တုန်းက ကြေညာလိုက်တယ်လေ။ ကမ္ဘာ့စီးပွားရေးအင်အားကြီး၂ နိုင်ငံတို့ကြား တင်းမာမှုမြင့်တက်လာတဲ့သဘောပေါ့။ 
 
ဗုဒ္ဓဟူးနေ့မှာလည်း တတိယမြောက်နေ့အဖြစ် TOCOM မှာအကျနဲ့ ဈေးပိတ်တယ်။ ၀.၅ ယန်းကျကာ ၁၇၉.၆ ယန်း/ကီလိုဂရမ်ဈေးနဲ့ပိတ်တယ်လေ။ 
 
ရော်ဘာဈေးတွေ အားဆက်ပျော့နေတာ စတုတ္ထမြောက်နေ့ ဈေးပိတ်ချိန်အထိပါ။ တဆက်တစပ်တည်း ၄ ရက်ဆက်ဈေးကျနေတာပါပဲ။ တိုကျိုမှ ဖူဂျီတိုမိ စတော့ရှယ်ယာပွဲစားကုမ္ပဏီရဲ့ ဈေးကွက်ဆန်းစစ်သူ ကာဇုဟိကို ဆိုက်တိုရဲ့ အဆိုအရ တရုတ်ဆီက အရန်ရော်ဘာတွေတော်တော်များနေတာနဲ့ ဝယ်လိုအား ကျဆင်းနေတာရယ်က ဒီနေ့ရဲ့ ဈေးကွက်အပေါ်ဖိအားပေးနေတာတဲ့။ 
 
ပြီးတော့ ကြာသပတေးနေ့ကနေ စနေနေ့အထိက တရုတ်ပြည်မှာ ပိတ်ရက်ဖြစ်တယ်။ Tomb Sweeping Day အဖိုးအဖွား မိဘ ဆွေမျိုးတွေရဲ့ သင်္ချိုင်းဂူတွေကို သန့်ရှင်းရေးလုပ်ကာ ကန်တော့ကြသောနေ့ဖြစ်ပါတယ်။ ရှန်ဟိုင်းရဲ့ SHFE- Shanghai Future Exchange လဲ ပိတ်တော့တာပေါ့ ပုံမှန်ပိတ်ရက်နဲ့ တနင်္ဂနွေနဲ့ဆက်သွားတော့ တနင်္လာနေ့မှပဲ ပြန်ဖွင့်ပါတော့မယ်။  
 
Bloomberg သတင်းဌာနက ကာဇုဟိကိုရဲ့ စကားကိုကိုးကားထားတာက " တရုတ်မှာ အာူလပ်ရက်နဲ့တိုက်ဆိုင်စွာ အရောင်းအဝယ်လုပ်တဲ့ ကုန်စည်ပမာဏက နည်းနေတော့ ကုန်သည်တွေလည်း ရောင်းဝယ်လိုစိတ်မရှိကြတော့ဘူး" တဲ့။ အများအားဖြင့် TOCOM ကို SHFE ကဦးဆောင်တာပါ။ အခု SHFE ကပိတ်ထားတော့ ဒီလိုဖြစ်တာပါပဲ။ 
 
SHFE က ကိုင်ထားတဲ့ ရော်ဘာစတော့တွေဟာ ကြာသပတေးနေ့မှာ ဆက်များနေပါတယ်။ ဒါဟာ ၁၉ ပတ်မြောက် ဆက်တိုက်များနေတာဖြစ်တယ်။ စတော့များနေရင် ကုန်သည်တွေက အဝယ်နည်းပါမယ်။ အဝယ်မလိုက်ရင် ဈေးမလိုက်ပါဘူး။ 
 
ဒါပေမယ့် ဒီနေ့ သောကြာနေ့မှာ သို့မဟုတ် ဒီအပတ်အရောင်းအဝယ်နောက်ဆုံးနေ့မှာ တဦးတည်း ကစားနေတဲ့ TOCOM မှာ ရော်ဘာဈေးဟာ ၃.၀ ယန်းတက်ကာ ၁၇၉.၃ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားပါတယ်။ အပေါင်းလက္ခဏာပြပြီးပိတ်သွားပေမယ့် Red Zone ထဲက ပြန်မတက်သေးပါဘူး။ 
 
လာမယ့်အပတ်မှာ ဈေးလိုက်လာဘို့မျှော်လင့်ချက်က ရှိနေပါတယ်။ အခုအချိန်ဟာ ရွက်ကြွေရာသီပါ။ ရွက်ကြွေရာသီမှာ ရော်ဘာအစေးအထွက်နည်းပါတယ်။ တောင်သူတွေက အပင်ကိုအနားပေးကာ အစေးခြစ်နားကြတဲ့ရာသီဖြစ်တယ်။ ဒီတော့ ကုန်ကြမ်းက ဈေးကွက်ထဲမှာနည်းသွားရင် ဈေးတက်လာနိုင်တဲ့အကြောင်းတခုဖြစ်နိုင်ပါတယ်။ ထိုင်းအစိုးရကလည်း ရော်ဘာဈေးကို ထောက်မတ်စေဘို့ လျော်ကြေးပေးပြီး အပင်ပျိုတွေကိုပါ ခုတ်ခိုင်းမည့် အစီအစဉ်အပြင် ယာယီအားဖြင့် ကုန်ကြမ်းအထွက်လျော့စေဘို့ အစေးခြစ်ရပ်တန့်စေတာမျိုးလည်း လုပ်ဆောင်နေတာဆိုတော့...။ မျှော်လင့်စရာတွေရှိနေပါသေးတယ်။ 
 
Nyi Thway
You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....