မြန်မာ့ငရုတ်သီးနှင့် ကုန်စိမ်းသီးနှံများကို ကုမ္ပဏီများပူးပေါင်း၍ နိုင်ငံတကာစျေးကွက်ရှာဖွေမည်
မြန်မာ့ငရုတ်သီးနှင့် ကုန်စိမ်းသီးနှံများကို ကုမ္ပဏီများပူးပေါင်း၍ နိုင်ငံတကာစျေးကွက် ထိုးဖောက်ရှာဖွေနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
မြန်မာငရုတ်သီးအပါအဝင် ကုန်စိမ်းသီးနှံတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေ ပူးပေါင်းလက်တွဲပြီး နိုင်ငံတကာစျေးကွက် ရှာဖွေထိုးဖောက်ပါတော့မယ်။ ဒါကြောင့် ငရုတ်စိုက်တောင်သူတွေအနေနဲ့လည်း မိမိတို့ငရုတ်သီးတွေကို အရည်အသွေးပြည့်မီအောင် စိုက်နည်းစနစ်မှန်မှန်နဲ့ အသေအချာစိုက်ပျိုးကြပါ။ နယ်စပ်တစ်ခုပဲ အားကိုးနေရတဲ့ ကျွန်မတို့တောင်သူတွေ နောင်ဆို စျေးနှုန်းတည်ငြိမ်စွာနဲ့ ငွေကြေးအပါအဝင် အစစအရာရာမှာ ရင်မ,မနေရတော့အောင် အားလုံးစုပေါင်း ကြိုးစားကြတော့မှာပါ။
ဟု မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဉက္ကဌဒေါ်ဥမ္မာကျော်က ပြောသည်။
ယင်းကဲ့သို့ ဈေးကွက်သစ်များ ရှာဖွေဖော်ဆောင်ရာတွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)နှင့်အတူ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ အသေးစား၊ အလတ်စား သစ်သီးဝလံကုမ္ပဏီများ စုစည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Myan Fresh နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အခုဆိုရင် ကျွန်မတို့မြန်မာနိုင်ငံမှာ Myan Fresh ဆိုတဲ့အဖွဲ့ကြီး ပေါ်ထွက်လာပါပြီ။ မြန်မာ့ကုန်စိမ်းသီးနှံတွေအတွက် စျေးကွက်သစ်တွေရရှိအောင် အတတ်နိုင်ဆုံးကြိုးစားကြမှာပါ။ ကျွန်မတို့ရဲ့ နေသူရိန်စတားကုမ္ပဏီကလည်း Myan Fresh ရဲ့အဖွဲဝင်အဖြစ်နဲ့ ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။
ဟု ဒေါ်ဥမ္မာကျော်က ဆက်လက်ပြောသည်။
မြန်မာ့သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်းချမှု ကွင်းဆက်တစ်လျှောက် လုပ်ငန်းစဉ်များအားလုံးကို အဖွဲ့ဝင်ကုမ္ပဏီများမှ အသီးသီးဆောင်ရွက်သွားကြမည်ဖြစ်ပြီး၊ Myan Fresh ကုမ္ပဏီမှ ပြည်တွင်းပြည်ပ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ရေးနှင့် လိုအပ်သော အခြေခံအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....