မွန်ပြည်နယ်၌ ကိုကိုးပင် ပင်ရေ ၄၀၀၀ စတင် စိုက်ပျိုးမည်
၂၀၂၀ ခုနှစ်၊ ဇွန်လတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ကိုကိုးပင် ပင်ရေ ၄၀၀၀ စတင် စိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
ကိုကိုးပင်ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်၊ ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ် စသည့် မြို့နယ်(၆)ခုတွင် စိုက်ပျိုး ထုတ်လုပ်နေပြီး၊ ရေ-မြေ-သဘာဝ နီးစပ်ဆင်တူသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်ပါ ယခုနှစ်ပိုင်း စိုက်ပျိုးလာခြင်း ဖြစ်သည်။
ထားဝယ်ခရိုင်မှာ စီးပွားဖြစ်စိုက်ပျိုးနေကြတာ။ ဒေသချင်း ကပ်လျက်မှာရှိတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ဘက်အထိ တိုးချဲ့စိုက်ပျိုးလာတာပါ။ စိုက်ပျိုးမယ့် ကိုကိုးပင်တွေကို မေလကုန်မှာ တောင်သူအားလုံးဆီ ဖြန့်ပြီးပါပြီ။ အခု ဇွန်လမှာ စစိုက်မယ်။ စိုက်ပျိုးစနစ် သွားရောက်နည်းပညာပေးမယ့်အဖွဲ့ထဲ ကျွန်တော်လည်းပါဝင်ပါတယ်။
ဟု တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်မှ ကိုကိုးစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ကိုနေလင်းအောင်(အောင်ဇမ္ဗူ - ကိုကိုး ထုတ်လုပ်ရေး) က ပြောသည်။
ချောကလက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကိုကိုးပင်သည် လောင်းရိပ် တစ်ဝက်တစ်ပျက်ရပါက ဖြစ်ထွန်းတတ်သည့် နှစ်ရှည်သီးနှံပင်အမျိုးအစားဖြစ်ပြီး၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဒေသများရှိ ရာသီဥတုအနေအထားနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။
ကိုကိုးက တရုတ်နိုင်ငံဈေးကွက်ကို မှီခိုအားကိုးစရာ မလိုတဲ့အပြင်၊ လတ်တလောမှာ ဈေးကွက်ခိုင်မာမှု ရရှိနေတဲ့ သီးနှံတစ်ခုဖြစ်ပါတယ်။ ထွက်ရှိလာသမျှ ကိုကိုးသီးတွေကိုလည်း ဒိုင်တွေက တစ်ကီလိုကို ၄၅၀ ကျပ်နဲ့ ဝယ်ယူပေးနေလို့ပါ။
ဟု တောင်သူတစ်ဦး က ပြောသည်။
ကိုကိုးပင်သည် စိုက်သက်တမ်း (၅)နှစ်ဝန်းကျင်၌ ဈေးကွက်တင်ပို့နိုင်ပြီး၊ လက်ရှိ ဈေးကွက်တွင်း ကိုကိုးသီးတစ်ပိဿာလျှင် (၄၅၀)ကျပ်မှ (၆၅၀)ကျပ်နှုန်းဖြင့် ရောင်းဝယ် ဖောက်ကားနေကြသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကကိုကိုးသီး စိုက်ပျိုးစနစ်လေးသိချင်ပါတယ်ခင်ဗျ ကျေးဇူးပြု၍တင်ပြပေးစေချင်ပါသည် ကျွန်တော်က တနသ်ာရီတိုင်း ဘုတ်ပြင်ကြားနဲ့ လေညာကြားမှာနေပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022