အစိမ်းရောင်လမ်း
အာလူးစိုက်တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် အာလူးအအေးခန်းကို နောင်တရားဒေသ၌ စတင်တည်ဆောက်နေ

အာလူးစိုက်တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် အာလူးအအေးခန်းကို နောင်တရားဒေသ၌ စတင်တည်ဆောက်နေ

အာလူးစိုက်တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် အာလူးအအေးခန်းကို နောင်တရားဒေသ၌ စတင်တည်ဆောက်နေကြောင်း သိရသည်။

“ဒီဒေသရဲ့လိုအပ်ချက်က တန် ၄၀၀၀ ရှိတာပါ။ လောလောဆယ်မှာ တန် ၂၀၀၀ အရင် ဆောက်တာပါ။ အာလူးမျိုးတွေကို ပုံမှန်အတိုင်း ထိန်းသိမ်းထားမယ်ဆိုရင် သုံးလ (ရက်ပေါင်း ၉၀) ထိန်းသိမ်းထားလို့ရတယ်။ အလွန်ဆုံး ရက်ပေါင်း ၁၂၀ ဆိုရင် မြေမှာချစိုက်ရတယ်။ အာလူးမျိုး လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့ဒေသတွေက မှာယူတဲ့အခါ ပေးတဲ့အချိန်နောက်ကျတာ စောနေတာမျိုးတွေ မဖြစ်ဖို့အတွက် ထိန်းသိမ်းထားနိုင်ဖို့ တကယ်လိုအပ်နေတာပါ။ အအေးခန်းဆောက်လိုက်တဲ့အတွက် မျိုးတွေကို တာရှည်ထိန်းသိမ်းလို့ ရသွားမယ်။”ဟု နောင်တရား အာလူးအစုအဖွဲ့ကုမ္ပဏီဥက္ကဌ ဦးခွန်ဆန်းဦး ကပြောသည်။

အဆိုပါ အာလူးအအေးခန်းဆောက်လုပ်ပြီးစီးပါက အာလူးတန် ၂၀၀၀ ကို အေးခဲနိုင်မည်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ၏ ဦးဆောင်လမ်းညွန်မှု၊ စန္တားခမ်း နောင်တရား အာလူးအသင်း၏ ပူးပေါင်းဆောင်ရွက်မှု၊ နောင်တရားဒေသနှင့် ပင်လောင်းဒေသရှိ တောင်သူများ လုပ်ငန်းရှင်များ၏ စုပေါင်းပါဝင်မှုတို့ဖြင့် နောင်တရား အာလူးအစုအဖွဲ့ကုမ္ပဏီ (Naung Ta Yar Potato Group Co.ltd.,) မှ ဦးဆောင်တည်ဆောက်ခြင်း ဖြစ်သည်။

“အအေးခန်းစက်ရုံမှာ တပ်ဆင်မယ့် အအေးပေးစက်တွေကို နယ်သာလန်နိုင်ငံကနေ မှာယူတင်သွင်းတာပါ။ အအေးခန်းအကာ panel တွေကိုတော့ ကိုးရီးယားနိုင်ငံကပါ။ နောင်တရားဒေသတွင်းမှာ ရှိတဲ့ တောင်သူအားလုံးအပြင် မြန်မာနိုင်ငံမှာရှိတဲ့ အာလူးစိုက်ဒေသအားလုံးရဲ့ အာလူးစိုက်ပျိုးမှု တိုးတက်လာစေဖို့ အာလူးမျိုး သိုလှောင်နိုင်ဖို့ တာရှည်အထားခံပြီး စျေးကွက်ထိန်းညှိနိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်တာဖြစ်ပါတယ်။ အအေးခန်းစက်ရုံရဲ့ တန်ဖိုးက ကျပ်သိန်း ၂၀၀၀၀ ကုန်ကျမှာပါ။ ဒီလောက်ပမာဏကြီးကို တစ်ဦးတစ်ယောက်ချင်း အင်အားနဲ့ဆို ခဲယဉ်းပေမယ့်လည်း အားလုံးညီညီညွှတ်ညွှတ်နဲ့ ကြိုးစားခဲ့ရပါတယ်။ ပြိုင်တူတွန်းလို့ ရွေ့နိုင်တာပါ။” ဟု ဦးခွန်ဆန်းဦး က ဆက်လက်ပြောသည်။

အဆိုပါ တန်၂၀၀၀ ဆန့် (တန်၅၀၀ ၄ခန်း) အာလူးအအေးခန်းကြီးကို နောင်တရားမြို့၊ ရပ်ကွက်(၃)၊ ကျောင်းကုန်းစုဒေသရှိ ၁၂.၇၇ ဧက ကျယ်ဝန်းသည့် မြေပေါ်၌ တည်ဆောက်နေခြင်း ဖြစ်သည်။

နန်းထက်ထက်ချစ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....