မြန်မာ့ကြယ်ပဲဈေးကွက် export ရပ်ဆိုင်းနေ
၂၀၁၈ ခုနှစ်က ဈေးကွက်ကောင်းမွန်ခဲ့ပြီး၊ တစ်ကီလိုလျှင် ၈၀၀၀ ကျပ်အထိ ဈေးနှုန်းရရှိခဲ့သော ကြယ်ပဲသီးနှံကို ယခုအခါ export တင်ပို့မှု ရပ်ဆိုင်းနေကြောင်း မြန်မာနိုင်ငံကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး) မှ သိရသည်။
Export က ရပ်နေတယ်။ ထိုင်ဝမ်နဲ့ စကားပြောထားတာကလည်း ကိုဗစ်ရောဂါဖြစ်လာပြီးနောက်ပိုင်း အကြောင်းမပြန်တော့ဘူး။ ကိုရီးယားဝလက်ကလည်း မဝယ်တော့ဘူး။ ကိုရီးယားကို ပီရူးနဲ့ ဗီယက်နမ်က ပို့နေတော့ ထိုင်းနိုင်ငံကနေ သိပ်မမှာတော့တာပါ။ မြန်မာပြည်ကကြယ်ပဲက ထိုင်းနိုင်ငံကို အဓိက ပို့နေတာဆိုတော့ ထိုင်းနိုင်ငံမှာ လတ်တလော ဈေးကွက်ငြိမ်နေတော့ မြန်မာဈေးကွက်လည်း ရပ်နေတာပါ။
ဟု မြန်မာနိုင်ငံ ကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးတင်မျိုးနိုင်က ပြောသည်။
ကြယ်ပဲလက်ဘက်ခြောက်၊ ကြယ်ပဲစေ့လှော်များကို ပြည်တွင်းဈေးကွက်သို့ ပုံမှန်အတိုင်း ဆက်လက် ဖြန့်ဖြူးနေသော်လည်း ယခင်နှစ်များကထက် အရောင်းအဝယ်အားနည်းနေသည်။
ကြယ်ပဲလက်ဘက်ခြောက်၊ ကြယ်ပဲစေ့လှော်တွေကိုတော့ ပြည်တွင်းဈေးကွက်အတွက် ဆက်ထုတ်လုပ်ပေးနေပါတယ်။ ဈေးကွက်အားနည်းလာတော့ ကြယ်ပဲစိုက်ပျိုးမှုကိုလည်း တောင်သူတွေက လက်လျော့လာကြတယ်။ တချို့လည်း ကြယ်ပဲပင်တွေကို သိပ်အလေးမထားတော့ပဲ တခြားသီးနှံ ပြောင်းစိုက်သွားကြတာမျိုးလည်း ရှိလာတယ်။ အသင်းကို စိုက်တဲ့သူတွေကတော့ မေးလာတယ်။ သူတို့ ထွက်တာလေးတွေ ဝယ်နိုင်မလားပေါ့။ အကိုတို့အနေနဲ့ကလည်း ပမာဏများများတော့ မဝယ်နိုင်သေးဘူးလေ။
ဟု ဦးတင်မျိုးနိုင် က ဆက်လက် ပြောသည်။
လက်ရှိအနေဖြင့် ကြယ်ပဲပေါက်ဈေးမှာ ကြယ်ပဲစေ့ (မလှော်ရသေးခင် အမဲစေ့အတိုင်း) ကုန်ကြမ်းအနေအထား တစ်ကီလိုလျှင် ၁၃၀၀ ကျပ် ဖြစ်သည်။
နန်းထက်ထက်ချစ်(ABM)
ကျော်စွာ
လွန်ခဲ့သော ၃ နှစ် ကကြယ်ပဲလိုချင်ပါတယ် ဆက်သွယ်ပေးပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022