အစိမ်းရောင်လမ်း
မြန်မာ့ ဖရဲ၊ သခွားမွှေး Export ဈေးကွက်ရပ်တန့်နေသဖြင့် ပြည်တွင်းဈေးကွက်ကို အားထားရောင်းချနေကြ

မြန်မာ့ ဖရဲ၊ သခွားမွှေး Export ဈေးကွက်ရပ်တန့်နေသဖြင့် ပြည်တွင်းဈေးကွက်ကို အားထားရောင်းချနေကြ

    မြန်မာ့ ဖရဲ၊ သခွားမွှေး Export ဈေးကွက်ရပ်တန့်နေသဖြင့် ပြည်တွင်းဈေးကွက်ကို အားထားရောင်းချနေကြကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

ပြည်ပဈေးကွက် မရှိတော့ပေမယ့်လည်း ဖရဲနဲ့ သခွားမွှေးကိုတော့ တောက်လျှောက်စိုက်နေကြတုန်းပါ။ သခွားမွှေးအနည်းအကျဉ်းနဲ့ ဖရဲလည်း အနည်းအကျဉ်းစိုက်ထားပါတယ်။ မိုးဖရဲ မိုးသခွားမွှေးက ဇွန်၊ ဇူလိုင်လတွေတုန်းက စိုက်ထားတာမို့ ခူးတဲ့သူလည်းခူး ဆွတ်တဲ့လူလည်းဆွတ်နေကြပါပြီ။ ဈေးကွက်ကတော့ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထား ချိတ်ဆက်တင်ပို့ ရောင်းချနေကြပါတယ်။

ဟု စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှ ဖရဲ၊ သခွားမွှေးစိုက်ပျိုးသူ ဦးသိန်းနိုင်က ပြောသည်။

    လက်ရှိတွင် ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

ဈေးကွက် တရုတ်ဘက်ကပိတ်ထားတော့ ရန်ကုန်သီရိမင်္လာဈေးကပွဲစားတွေက ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ဝယ်ယူနေပါတယ်။ မန္တလေးကိုလည်း တင်ပို့ရောင်းချရပါတယ်။ ပြည်ပပို့တုန်းကလောက် ဈေးမကောင်းရင်တောင် ဈေးတအားမကွာဘူး၊ မရှုံးတော့မရှုံးကြပါဘူး။ ပြည်ပပို့တဲ့အခါ ကီလိုနဲ့ရောင်းရပြီး၊ ပြည်တွင်းမှာကျတော့ အလုံးပြတ်ရောင်းကြပါတယ်။ ဖရဲသီးတစ်လုံးကို ခုနှစ်ရာ၊ ရှစ်ရာ စသဖြင့် အလုံးပြတ်နဲ့ပေါ့။

ဟု ဦးသိန်းနိုင်က ဆက်လက်ပြောသည်။

    ကိုဗစ်-၁၉ တတိယလှိုင်းကာလ၏ ရိုက်ခတ်မှုအမျိုးမျိုးကြောင့် ပြည်ပတင်ပို့မှုလမ်းကြောင်းအများစု ရပ်တန့်သွားပြီး မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် မြန်မာ့ဖရဲ၊ သခွားမွှေးများ အဓိကတင်ပို့နေသည့် တရုတ်နိုင်ငံဈေးကွက်မှာလည်း ရပ်တန့်နေခြင်းဖြစ်သည်။

1
koko

koko

လွန်ခဲ့သော ၄ နှစ် က

ဖရဲစိုက်နည်းလေးသိချင်လို့ပါဗျာ

You

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....