အစိမ်းရောင်လမ်း
ကောက်ရိုးရှားပါးလာသောကြောင့် ဗေဒါကုန်ကြမ်းဖြင့် ပြောင်းလဲစိုက်ပျိုးလာ

ကောက်ရိုးရှားပါးလာသောကြောင့် ဗေဒါကုန်ကြမ်းဖြင့် ပြောင်းလဲစိုက်ပျိုးလာ

    ကောက်ရိုးကုန်ကြမ်း ရှားပါးလာသောကြောင့် ကောက်ရိုးမှိုကို ဗေဒါကုန်ကြမ်းဖြင့် ပြောင်းလဲစိုက်ပျိုးနေကြောင်း မှိုစိုက်တောင်သူများထံမှ သိရသည်။

လောလောဆယ်တော့ ဗေဒါနဲ့ နွားချေးနဲ့ စိုက်နေတယ်။ ဒီဘက်မှာက ကောက်ရိုးက ရှားနေတယ်၊ နွားချေးကလည်း သိပ်တော့ မပေါပါဘူး။ ဗေဒါကိုတော့ ရန်ကုန် (လှိုင်သာယာမြို့နယ်) ဘက်ကနေ ကားနဲ့ သွားသယ်ယူရတယ်။ လှိုင်သာယာကနေ ကော့မှူးအရောက် (၈) ဘီးကားလေးနဲ့ သယ်တယ်။ ကားတစ်စီးစာဆို ဘောင် (၂၀) စာလောက်ရတယ်။ ကောက်ရိုးနဲ့စိုက်ရင်တော့ နှပ်စာတို့ဘာတို့လုပ်ပြီး စိုက်ရတယ်။ ဗေဒါနဲ့တော့ နည်းစနစ် နည်းနည်းမတူဘူးပေါ့။ ဗေဒါနဲ့ စိုက်တဲ့အတွက် ရလာမယ့်မှိုထွက်နှုန်းကိုတော့ ပျမ်းမျှအားဖြင့် တစ်ဘောင်ကို (၄) ပိဿာနှုန်းလောက်ရမယ်လို့ မှန်းထားတယ်။

ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ မြောက်ချောင်ကျေးရွာမှ ကောက်ရိုးမှိုစိုက်တောင်သူ ကိုကျော်စွာ (ကိုကျော်ကြီး) က ပြောသည်။

    ကောက်ရိုးကုန်ကြမ်းကို အဓိကထားပြီး မှိုစိုက်ပျိုးသူများအနေဖြင့် မိုးကာလ လယ်များရေမြှုပ်ခြင်းနှင့် လယ်ရိတ်သိမ်းရာတွင် စက်အသုံးပြု၍ ရိတ်သိမ်းလာခြင်းတို့ကြောင့် ယခင်ကထက် ကောက်ရိုးရှားပါးလာသဖြင့် ဗေဒါကုန်ကြမ်းကို အစားထိုးသုံးလာခြင်းဖြစ်သည်။

ဟိုးတုန်းကတော့ ကော့မှူး၊ ကွမ်းခြံကုန်း ဒေသတွေဘက်ကနေ ကောက်ရိုးမှိုအဓိကစိုက်ပြီး ရန်ကုန်ကိုတင်ပို့ရောင်းချတယ်။ အခု အဲ့ဒိဘက်တွေလည်း ကောက်ရိုးရှားလာတော့ မှိုထုတ်လုပ်မှု ကျလာတယ်။ ဒါ့ကြောင့် သူတို့လည်း ဗေဒါကိုအစားထိုးပြီး မှိုစိုက်ဖို့ကို ဦးတည်နေကြပါပြီ။ ဗေဒါနဲ့က ဘာပိုကောင်းလဲဆိုရင်တော့ ကျွမ်းကျင်ရာ ကျွမ်းကျင်ရာပေါ့။ ကောက်ရိုးနဲ့ စိုက်တာကတော့ မိရိုးဖလာဖြစ်နေတာပေါ့။ အခုနောက်ပိုင်းကျမှသာ ကောက်ရိုးတွေရှားပါးတော့ ဗေဒါဘက်ကို လှည့်လာကြတာ။

ဟု ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှ မှိုမျိုးစုံ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ကိုဇော်မျိုးအောင်က ပြောသည်။

     ဗေဒါကုန်ကြမ်းကို အသုံးပြု၍ ကောက်ရိုးမှိုစိုက်ပျိုးပါက ဘောင်တစ်ဘောင်လျှင်  ဗေဒါဖိုး ၄၀၀၀ ဝန်းကျင်၊ တစ်ဘောင်လျှင် နွားချေး တစ်တင်းခွဲအိတ် (၂) အိတ်သုံးရသဖြင့် တစ်ဘောင်လျှင် နွားချေးဖိုးကုန်ကျငွေ (၃၀၀၀) ကျပ်၊ ဘောင်တစ်ဘောင်လျှင် ဂျပ်စက္ကူဖိုး (၃၅၀၀) ကျပ် စသည့် ကုန်ကျစရိတ်များနှင့် မျိုးဖိုးအပါအဝင် ဘောင်တစ်ဘောင်အတွက် စုစုပေါင်းကုန်ကျစရိတ် (၁၅၀၀၀) ကျပ် ဝန်းကျင် ကုန်ကျကြောင်း သိရသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....