တစ်ကမ္ဘာလုံး စီးပွားရေးဆုတ်ကပ်ကြောင့် လျှော်ဖြူဈေးနှုန်းမတည်ငြိမ်
COVID ကာလမပြီးဆုံးမချင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးဆုတ်ကပ်သဖွယ် ဖြစ်နေသောကြောင့် လျှော်ဖြူဈေးနှုန်းမှာလည်း တည်ငြိမ်မှုမရှိကြောင်း သိရသည်။
လက်ရှိ စျေးနှုန်းကျဆင်းခြင်းရဲ့ အကြောင်းအရင်းကတော့ သေချာပါတယ် COVID ကြောင့်ပါ။ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး လုပ်ငန်းတော်တော်များ ရပ်ဆိုင်းနေရပါတယ်။ ကျွန်တော်တို့ မြန်မာ့လျှော်ဖြူရဲ့ အဓိကစျေးကွက်ဖြစ်တဲ့ တရုတ်ပြည်မှာလည်း စျေးဆိုင်၊ စားသောက်ဆိုင်၊ စက်ရုံတွေဟာ ရာနှုန်းပြည့် အလုပ်မလုပ်နိုင်ကြသေးပါဘူး။ အဲ့ဒီတော့ ကုန်ကြမ်းလိုအပ်ချက် မများသေးတာပါ။
ဟု မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဦးဇင်မင်းသန့် က ပြောသည်။
လျှော်ဖြူဈေးနှုန်း ကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းများအနက် သယ်ယူပို့ဆောင်ရေးစရိတ်များ ယခင်ကထက် မြင့်တက်လာခြင်းလည်း ပါဝင်သည်။
COVID ကာလမှာ နယ်စပ်ကုန်သွယ်မှု ဝင်ပေါက်တွေ ပိတ်ထားပါတယ်။ ပိတ်ထားတဲ့ အခြေအနေကနေ ရောင်းလို့ရအောင် ကြိုးစားပို့ဆောင်တဲ့နေရာမှာ စရိတ်စက တော်တော်လေး ပိုပြီးကုန်ကျပါတယ်။ အရင်ကထက်စာရင် သယ်ယူစရိတ်က (၃) ဆ လောက် များသွားပါတယ်။
ဟု ဦးဇင်မင်းသန့် က ဆက်လက်ပြောသည်။
လက်ရှိဈေးကွက်အတွင်း လျှော်ဖြူဝယ်ဈေးများမှာ ကြာဇံတစ်ပိဿာလျှင် ကျပ် (၁၀၀,၀၀၀) ဝန်းကျင်၊ ကြာပြတ် တစ်ပိဿာလျှင် (၂၀,၀၀၀) ကျပ်မှ (၃၅,၀၀၀) ကျပ် အတွင်း၊ ရေခဲပွင့်အလှ တစ်ပိဿာလျှင် (၁၀,၀၀၀)ကျပ်မှ (၁၅,၀၀၀)ကျပ် အတွင်း၊ ပုံမှန်ထိပ်စအသန့် တစ်ပိဿာလျှင် (၈,၀၀၀)ကျပ်မှ (၁၀,၀၀၀)ကျပ် အတွင်း၊ ဝမ်းစ (Aတစ်လုံး) တစ်ပိဿာလျှင် (၄,၀၀၀) ကျပ်မှ (၆,၀၀၀) ကျပ် အတွင်း၊ အဝါကြည် တစ်ပိဿာလျှင် (၂,၅၀၀) ကျပ်မှ (၄,၀၀၀) ကျပ်အတွင်း၊ အောက်စ တစ်ပိဿာလျှင် (၁,၀၀၀)ကျပ်မှ (၂,၀၀၀)ကျပ် အတွင်း ဈေးများဖြင့် ဝယ်ယူနေကြောင်း လျှော်ဖြူဒိုင်များမှ သိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022