အိန္ဒိယစျေးကွက်ရှိနေသော်လည်း မတ်ပဲစျေးမတည်ငြိမ်မှုကြောင့် တောင်သူများ လုံးပါးပါး
ကမ္ဘာ့ကပ်ရောဂါဆိုး (Pandemic Disease) တစ်ခုဖြစ်လာတဲ့ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကြောင့် ငွေလဲလှယ်တဲ့ပေါက်စျေးတွေ မတည်ငြိမ်ပဲ မြန်မာ့ကုန်သွယ်စီးဆင်းမှုကို တစ်နေ့တခြား ထိခိုက်နေပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ ကုန်သွယ်ရေးကျဆင်းနေသလို၊ ထိုင်း-မြန်မာနယ်စပ်ဘက်မှာလည်း ထိုင်းဘတ်ငွေလဲလှယ်နှုန်းတွေ ကျဆင်းနေပါတယ်။ ထိုင်းနိုင်ငံကိုတင်ပို့တဲ့ မြန်မာ့ပြောင်းတွေ ဈေးကောင်းမရပဲ၊ မြန်မာ့ထွက်ကုန်တစ်ခုဖြစ်တဲ့ လျှော်ဖြူစေး (ခေါ်) ဆေးကုလားမ တင်ပို့မှုဟာလည်း Export လုံးဝ ရပ်ဆိုင်းသွားပါတယ်။ သီဟိုဠ်စေ့ စျေးကွက်နဲ့ ရဲယိုသီးခြောက် စျေးကွက်တွေကတော့ အခြေအနေမလှ ဖြစ်နေပါတယ်။
ပြည်ပပို့ကုန်အမယ်တစ်ခုဖြစ်တဲ့ မတ်ပဲစျေးကွက်မှာရော..ဘယ်လိုအခြေအနေတွေ ကြုံတွေ့နေရသလဲ?
ကုန်သွယ်စီးဆင်းမှုအရှုံးတွေကြားက မတ်ပဲစျေးကွက် အလားအလာ…
မတ်ပဲကို အောက်တိုဘာလမှာ စတင်စိုက်ပျိုးကြပြီး၊ ဇန်နဝါရီလမှ မတ်လအတွင်းမှာ ရိတ်သိမ်းချွေလှေ့ကာ၊ ပြည်တွင်းရှိကုန်သည်များ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေက တဆင့် တင်ပို့ရောင်းချကြပါတယ်။
မြန်မာနိုင်ငံရဲ့ လတ်တလော ကုန်သွယ်စီးဆင်းမှု အရှုံးတွေထဲက အမြတ်တစ်ခုကတော့ အိန္ဒိယအစိုးရဟာ ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် လာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မတ်ပဲတန်ချိန် (၄)သိန်းအထိ တိုးမြှင့်ဝယ်ယူတင်သွင်းဖို့ ခွင့်ပြုလိုက်တာနဲ့၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရာမှာ အထောက်အကူဖြစ်စေဖို့၊ သားငါး စားသုံးမှု ရှောင်ကျဉ်လာတာကြောင့် “ပဲ”ဝယ်လိုအား များလာတာပဲ ဖြစ်ပါတယ်။
ရေရှည်မှာ မတ်ပဲက စျေးကောင်းလာနိုင်ခြေရှိတော့၊ ၀ယ်လှောင်တဲ့လူတွေ ပိုများလာမယ်။ အိန္ဒိယက နောက်ထပ် တန်ချိန်(၄)သိန်း သွင်းခွင့်ပြုလိုက်တာဆိုတော့ နောက်ပိုင်းမှာ စျေးကွက်ကောင်းလာဖို ရှိတယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံကနေ မတ်ပဲ တန်ချိန် (၃) သိန်းလောက်တော့ ပို့နိုင်လောက်မယ်လို့ မျှော်လင့်ရပါတယ်။
လို့ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာမှ မတ်ပဲစိုက်တောင်သူ ကိုဝေလင်းက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။
ပြည်တွင်းမှာရှိတဲ့ ပဲခွဲစက်နဲ့ ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေနဲ့ အိန္ဒိယနိုင်ငံသို့၊ မတ်ပဲ တန်ချိန် (၄)သိန်းအထိ တင်ပို့ခွင့်ရရှိပြီး၊ တင်သွင်းလိုတဲ့ကုမ္ပဏီတွေက ၂၀၂၀နှစ် မတ်လ(၃၁)ရက်အတွင်း ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန-DGFT ရဲ့ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကိုတာလျောက်လွှာများ တင်သွင်းနိုင်ကြောင်း သိရပါတယ်။ မတ်ပဲတင်သွင်းခွင့် ရရှိတဲ့ ကုမ္ပဏီတွေက အိန္ဒိယနိုင်ငံဆိပ်ကမ်းဆီကို ၂၀၂၁ခုနှစ်၊ မတ်လ(၃၁)ရက် အရောက် တင်သွင်းပေးရမှာ ဖြစ်ပါတယ်။
ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) မှ ကုန်သွယ်ရေးအသိပေးချက် အမှတ် ၅၄/၂၀၁၉-၂၀၂၀ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၂၀၂၀ခုနှစ် ဧပြီလ(၃၀)နေ့အထိ အချိန်တိုးမြှင့် တင်သွင်းခွင့်ပြုထားတဲ့ မတ်ပဲတန်ချိန် (၂)သိန်းခွဲ ကိုလည်း သီးခြား ဆက်လက်တင်သွင်းခွင့် ပြုထားပါသေးတယ်။
စျေးကွက်က အရှေ့မှာ၊ အခြေအနေက ကိုယ့်ဘက်မပါ…
မတ်ပဲကို ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်းတို့မှာ အဓိကစိုက်ပျိုးပြီး၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း စတဲ့ ဒေသအသီးသီးမှာလည်း စိုက်ပျိုးနေကြပါတယ်။ အခုလိုမျိုး အိန္ဒိယနိုင်ငံဘက်က စျေးကွက်လမ်းကြောင်း ပွင့်လာပေမယ့်လည်း တောင်သူတွေအနေနဲ့ မတ်ပဲတွေကို စျေးကောင်းမရမချင်း မရောင်းချပဲ တောင့်ခံထားနိုင်ဖို့က မသေချာတာကို တွေ့ရပါတယ်။
ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုဖြစ်တဲ့ COVID-19(ကိုရိုနာဗိုင်းရပ်စ်)ကြောင့်လား? ကုန်သည်၊ ပွဲစားအဆင့်ဆင့်ရဲ့ စျေးကွက်ချုပ်ကိုင်မှုကြောင့်လား? စျေးကွက်၀ယ်လိုအားရှိလျက်နဲ့ မတ်ပဲစျေးတွေ ဘာလို့များကျဆင်းနေသေးတာလဲ? အဖြေရှာရင်းပဲ စိုက်ပျိုးစရိတ်ချေးငွေ အခက်အခဲတွေကြောင့် မတ်ပဲတွေကို ရတဲ့စျေးနဲ့ ထိုးရောင်းရနိုင်တယ်လို့ တောင်သူတချို့က ဆိုပါတယ်။
၀ယ်လိုအားများနေပေမယ့် စျေးကမကောင်းဘူးလေ။ ပြုတ်ကျနေတယ်။ ဘာကြောင့် စျေးကျသလဲ သိဖို့လည်း တောင်သူတွေကတော့ လိုက်မမှီဘူးလေ။ ကုန်သည်ကြီးတွေကပဲ စျေးကစားသလား၊ အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ စျေးကျသလား မသိပါဘူး။ စိုက်ပျိုးရေးချေးငွေ ပြန်ဆပ်ဖို့အချိန်က နီးလာတော့ ရတဲ့စျေးနဲ့ ထိုးရောင်းရတော့မယ့် ပုံပါ။ မတ်လကုန်ပြီး ဘဏ်ချေးငွေက ဆပ်ရတော့မှာလေ။ မတ်ပဲစျေးကောင်းလာဖို့ကို မျှော်လင့်နေပါတယ်။ စျေးကောင်းလာတဲ့အထိ ဆက်ပြီး တောင့်ခံနိုင်ပါ့မလားတော့ မသိဘူး။ ကုန်သည်တချို့ကလည်း ပိုက်ဆံပိုက်ပြီး စျေးအပြုတ်ကို ထိုင်စောင့်နေကြတာ။
လို့ ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဂဏိန်းကျေးရွာမှ မတ်ပဲစိုက်တောင်သူ ဦးထွန်းထွန်းဝေ က ပြောပြပါတယ်။
ကုန်သွယ်စီးဆင်းမှု ကျဆင်းခြင်းကို ကာမိစေရေးအတွက် ပို့ကုန်တွေအပေါ် ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုရေး၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ချပေးရေးတွေ အပြင်၊ အခွန်နှုန်းထား ကင်းလွတ်ခွင့်တွေ ပေးဖို့ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့မိန့်ခွန်းတွေထဲမှာ ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရှိရပါတယ်။
လက်ရှိမှာတော့ အလေးချိန်(၃)တင်း ပါ၀င်တဲ့ မတ်ပဲတစ်အိတ်ကို ကျပ်(၈၀၀၀၀)မှ ကျပ်(၁)သိန်းကျော်အတွင်း စျေးနှုန်းအတက်အကျ နေ့စဉ်ရှိနေပြီး၊ မတ်ပဲ လှောင်ယူမှုလည်း များပြားနေပါတယ်။
နန်းထက်ထက်ချစ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....