လျှော်ဖြူပင်စိုက်ပျိုးသူများ အပင်ထိန်းသိမ်းမှု ပုံမှန်ပြုလုပ်ပေးရင်း ဈေးကွက်ကောင်းစောင့်ဆိုင်းနေ
ပြည်တွင်းရှိလျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအနေဖြင့် အပင်ထိန်းသိမ်းမှုပုံမှန်ပြုလုပ်ပေးရင်း ဈေးကွက်ကောင်းချိန်ကို စောင့်ဆိုင်းနေကြကြောင်း သိရသည်။
ဈေးကွက်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လျှော်ဖြူပင်တွေကို အပင်ထိန်းသိမ်းစောင့်ရှောက်မှု အမြဲလုပ်ပေးနေကြရပါတယ်။ လုပ်ပေးမှကို အဆင်ပြေတာပါ။ ဒီလိုသာမလုပ်ပေးထားရင် စျေးကွက်ကောင်းတဲ့ အချိန်ကျတော့ အပင် (အစေး) အရည်အသွေးမကောင်းတော့ဘဲ ဖြစ်နေမှာပေါ့။ ရေပေးနိုင်ရင်ရေပေးတာ၊ ပေါင်းရှင်းတာ၊ ပိုးသတ်ဆေးဖျန်းပေးတာ၊ အပင်ခြေအမှိုက်ရှင်းတာ စသဖြင့်ပေါ့ လုပ်ပေးနေရပါတယ်။ ကိုင်းတွေဘာတွေတော့ ခုတ်ပေးဖို့မလိုပါဘူး။
ဟု မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တရာကားလမ်း၊ မိုင်တိုင်(၁၁)အနီး၊ ဂန္ဓမာရွာရှိ နန္ဒဝန်လျှော်ဖြူခြံမှ ဦးဇင်မင်းသန့် က ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ပြန့်ပွားမှု ပထမလှိုင်းကာလမှစတင်၍ လျှော်ဖြူ (ဆေးကုလားမ) ကို Export တင်ပို့ရောင်းချမှုအပိုင်း အားနည်းလာခဲ့ပြီး၊ ဈေးနှုန်းများလည်း အဆမတန်ကျဆင်းခဲ့ခြင်းဖြစ်သည်။
အစေးထုတ်လုပ်ခြင်းကိုတော့ အခုအချိန်မှာ နားထားကြပါတယ်။ စျေးကွက်က ရှိတယ်။ စျေးက ပေးတာတအားနည်းနေလို့ တွက်ခြေမကိုက်လို့ မထုတ်ရောင်းကြတာပါ။ တော်ရုံတန်ရုံ ငွေကြေးအဆင်ပြေနေတဲ့ တတ်နိုင်တဲ့သူတွေကပါ ရတဲ့ဈေးနဲ့ထုတ်ရောင်းနေမယ်ဆိုရင် ဈေးကွက်အခြေအနေက ပိုဆိုးသွားမှာစိုးလို့ အစေးမခြစ်ဘဲနဲ့ အပင်ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ရင်း ဈေးကောင်းရလာချိန်ကို စောင့်ဆိုင်းနေကြပါတယ်။ ဒီကြားထဲမှာတော့ တန်ဖိုးမြှင့်စားသောက်ကုန်တွေ အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်ထဲကို ဖြန့်ချိပေးနေပါတယ်။
ဟု နန္ဒဝန်လျှော်ဖြူခြံမှ ဦးဇင်မင်းသန့် က ဆက်လက်ပြောသည်။
ငွေကြေးတတ်နိုင်ပြီး ဈေးကွက်အခွင့်အလမ်းမြင်သည့် တောင်သူများမှာလည်း လျှော်ဖြူစေး (ဆေးကုလားမ) ထုတ်လုပ်ခြင်းကို ရပ်နားထားကြပြီး၊ ကုန်ချောထုတ်လုပ်မှုများကိုသာ အာရုံစိုက်အလေးထား လုပ်ကိုင်လာကြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မျိုးသူ
လွန်ခဲ့သော ၅ နှစ် ကကောက်ရိုးမှိုစင်တင်စိုက်ပျိုးနည်းေလးတင်ပေးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....