မြန်မာ့သနပ်ခါးစျေးကွက် ရေရှည်ရပ်တည်နိုင်ရေးအတွက် အဖွဲ့အစည်းများမှ ထိရောက်စွာကာကွယ်ပေးစေလို
မြန်မာ့သနပ်ခါးစျေးကွက် ရေရှည်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဥပဒေအတိုင်း ထိရောက်စွာကာကွယ်ပေးစေလိုကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ပြောသည်။
မြန်မာနိုင်ငံသနပ်ခါးအသင်းအနေနဲ့ ပြည်တွင်းစျေးကွက်အတွင်းမှာရှိတဲ့ သနပ်ခါးအလှကုန် အမျိုးပေါင်း ၈၀ ခန့်ကို နမူနာများဝယ်ယူပြီး ၂၀၁၉ ခုနစ်ကတစ်ကြိမ်၊ ၂၀၂၀ ခုနစ်ကတစ်ကြိမ် နမူနာပစ္စည်းများနဲ့အတူ ထိရောက်စွာတိုင်းကြားခဲ့ပေမယ့်လည်း သက်ဆိုင်ရာ စားသုံးသူရေးရာအဖွဲ့အစည်းတွေကနေ ယနေ့အချိန်အထိ ထိထိရောက်ရောက် အကြောင်းပြန်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။ အချိန်ဆွဲပြီး စာထပ်တင်ရမယ်ပြောလိုပြော ညွန်ကြားချက်မရသေးလို့ မလုပ်ရဲတာလိုလိုနဲ့ အတုအပထုတ်လုပ်တင်သွင်းနေတဲ့သူတွေကို ကာကွယ်ပေးနေသလို ဖြစ်နေပါတယ်။
ဟု မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးကျော်မိုးက ပြောသည်။
၂၀၂၀ ခုနစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသနပ်ခါးအသင်း၊ မြန်မာနိုင်ငံစားသုံးသူရေးရာအသင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်များတွင် သနပ်ခါးနာမည်အသုံးပြု ထုတ်လုပ်တင်သွင်းရောင်းချနေသည့် အလှကုန်များကို စစ်ဆေးပြီး ဆိုင်ရှင်များကို ဆက်လက်မရောင်းချစေရန် သတိပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
စားသုံးသူဥပဒေ အခန်း၁၈၊ အပိုဒ် (စ) မှာ ထုတ်ကုန်တိုင်းမှာပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းအမျိုးအစား အချိုးအစားပမာဏ တိကျစွာဖော်ပြပြီး မှန်ကန်ကြောင်းအာမခံရမယ်။ပစ္စည်းတစ်ခုကို လိမ်လည်လှည့်ဖျား ထင်ယောင်ထင်မှားမရောင်းချရဘူးဆိုတာ ပြဌာန်းထားခဲ့ပေမယ့် စာအုပ်ထဲမှာပဲရှိနေတယ်။ လက်တွေ့ကျကျအရွေ့တစ်ခုကို မဆောင်ရွက်နိုင်ကြသေးပါဘူး။ ကျွန်တော်တို့တောင်သူတွေအနေနဲ့က ဟန်ရေးပြ ဖော်ရှိုးတွေမဖြစ်စေချင်တော့ဘူး။ မြန်မာနိုင်ငံသနပ်ခါးအသင်းအနေနဲ့ တစ်နိုင်ငံလုံးကို စစ်ဆေးပေးနိုင်ဖို့ စားသုံးသူညွန်ချုပ်ထံလိပ်မူပြီး စာတင်ခဲ့တဲ့အတွက် စစ်တော့စစ်ဆေးပေးခဲ့ပါတယ်။ ဒါကလည်း တစ်ပြည်လုံးအတိုင်းအတာမှာ မထိရောက်ခဲ့ပါဘူး။ စျေးကွက်ထဲမှာ သနပ်ခါးမပါဘဲ ရောင်းချနေကြတဲ့ သနပ်ခါးအမည်ခံအလှကုန်တွေကြောင့် အမှန်တကယ်ကြိုးစားပြီးစိုက်ပျိုးနေကြတဲ့ သနပ်ခါးခြံရှင်တွေ စိတ်ဓာတ်ကျကုန်ကြပါပြီ။
ဟု အသင်းဥက္ကဌ ဦးကျော်မိုးက ဆိုသည်။
မြန်မာတစ်မျိုးသားလုံးအတွက် အဖိုးတန်သယံဇာတ မြန်မာ့ကိုယ်စားပြု သဘာဝထုတ်ကုန်တစ်ခုဖြစ်သည့် မြန်မာ့သနပ်ခါး ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်းနိုင်စေရေးနှင့် နောင်အခါတွင် သနပ်ခါးပင်နှင့် သနပ်ခါးပင် အမှန်တကယ်စိုက်ပျိုးထုတ်လုပ်သူများ မရှိတော့သည်အထိ မဖြစ်သွားစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ထိရောက်သောဥပဒေတို့ဖြင့် အမြန်ဆုံး အကာအကွယ်ပေးစေလိုကြကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Moe win
လွန်ခဲ့သော ၅ နှစ် ကတကယျတေ
ဦီးမျိုးမြင့်ကြည်
လွန်ခဲ့သော ၅ နှစ် ကကျနော်သနပ်ခါးစာတမ်းတင်ဖို့စီစဉ်ထားပါတယ်။သနပ်ခါးခြံတွေကိုလက်တွေ့ကွင်းဆင်းလေ့လာဖို့လိုအပ်နေပါတယ်။သနပ်ခါးခြံပိုင်ရှင်များအတွင်းမှဖိတ်ခေါ်ကမ်းလှမ်းမဲ့သူရှိရင်လာရောက်ချင်ပါတယ်ခင်ဗျ။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....