ဖြုတ်ကောင်များကျရောက်တတ်သည့် ကာလဖြစ်သဖြင့် စပါးထွက်နှုန်းထိခိုက်မည်ကို တောင်သူများစိုးရိမ်နေ
ဖြုတ်ကောင်များကျရောက်တတ်သည့် ဆောင်းကာလဖြစ်သဖြင့် ထွက်နှုန်းထိခိုက်မည့်အခြေအနေကို စိုးရိမ်နေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
စပါးခင်းတွေထဲကို ဖြုတ်ကောင်တွေက အခုကို စဝင်နေပါပြီ။ စပါးအတွက် ရေရပြန်တော့လည်း ဖြုတ်အတွက်စိုးရိမ်နေရတယ်။ နောက်ဆုံးမှာ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး စပါးခင်းကိုပါ မီးရှို့ပစ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က စပါးခင်းတွေထဲကို ဒီဖြုတ်ကောင်တွေ မနှစ်ကစပြီး ရောက်လာတာပါ။ ကျွန်တော်တို့ရွာမှာ မနှစ်က ဖြုတ်စိမ်း၊ ဖြုတ်ညိုတွေကျတော့ စပါးတွေမရောင်းရဘူး။ အခုလည်း အိမ်ထဲမှာထွန်းတဲ့ မီးတိုင်တွေအထိတောင် ရောက်လာနေပါပြီ။
ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ တောင်သူ ဦးလှဝင်းဆွေက ပြောသည်။
ယင်းကဲ့သို့ ဖြုတ်ကောင်များ စပါးခင်းအတွင်းကျရောက်လာချိန်တွင် သက်ဆိုင်ရာဌာနများသို့တင်ပြပါက ဌာနမှ ကွင်းဆင်းစစ်ဆေးပေးခြင်း၊ နစ်နာမှုများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခြင်းသော်လည်း တောင်သူများမှာမူ နစ်နာဆုံးရှုံးမှုများနှင့် မကာမိကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ်ရင်တော့ ဆောင်ရန်ရှောင်ရန်တွေ သင်ပေးတယ်။ ကွင်းဆင်းပေးတယ်။ လုံးဝမနိုင်တဲ့အခင်းတွေ (အားလုံးနီးပါးပျက်စီးသွားတဲ့ စပါးခင်းတွေ) ကို ငွေတစ်သောင်းကျပ် အစိုးရက ပေးပါတယ်။ ဒါကလည်း အခင်းတိုင်းကို ပေးတာမဟုတ်ပါဘူး။ အခင်းတိုင်း ဖြုတ်ပိုးကျရောက်မှုကိုခံခဲ့ရပေမယ့် အခင်းတိုင်းတော့ ထောက်ပံ့ကြေး မရကြပါဘူး။ ဦးစီးလာကြည့်ပြီးတော့ တံစဉ်နဲ့ လုံးဝရိတ်ကိုမရိတ်ရတဲ့အခင်းမျိုးကိုမှ သေချာစိစစ်ပြီးမှ ပေးတာပါ။ ငွေတစ်သောင်းက အရမ်းကိုနည်းပါတယ်ခင်ဗျာ။ ဘာဖြစ်လို့ဆိုရင် တံစဉ်နဲ့ရိတ်လို့ရသေးပေမယ့် တစ်ခင်းလုံးရဲ့ ၆၀/၇၀ % အထိကို ပျက်စီးသွားတဲ့ အခင်းတွေ ရှိနေလို့ပါ။ အဲ့ဒီလို ၃၀/၄၀ % လောက်သာ ထွက်နှုန်းကျန်တဲ့ တောင်သူတွေ ထောက်ပံ့ကြေးမရပါဘူး။ မနှစ်ကဆို ရွာမှာ တောင်သူ ၈ ဦးလောက်ပဲ ငွေတစ်သောင်း ထောက်ပံ့ကြေးကို ရခဲ့ပါတယ်။ မနှစ်က စရှုံးတာပဲ။
ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဖြုတ်စိမ်း၊ ဖြုတ်ညိုကောင်များသည် စပါးခင်းများအတွင်း ဝင်ရောက်၍ စပါးပင်ခြေရှိ အရည်ကိုစုပ်ယူပါက စပါးတစ်ခင်းလုံးနီးပါး ပျက်စီးဆုံးရှုံးသည်အထိဖြစ်ပေါ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022