နာမည်ကြီးနေတဲ့ Dalgona ကော်ဖီကို အိမ်မှာလုပ်သောက်ကြမယ်
ခုလို stay home ကာလမှာ လုပ်သောက်ဖို့ အရသာကောင်းမွန်တဲ့ Dalgona (ဒယ်ဂိုနာ) ကော်ဖီလုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်။ ပါဝင်ပစည်းတွေက ရိုးရှင်းပြီးတော့ လုပ်ရတာလည်း လွယ်ကူပါတယ်။
ပါဝင်ပစည်းများ
ကော်ဖီမှုန့် -ထမင်းစားဇွန်း2ဇွန်း
( Nescafeဆိုရင်ရပါတယ်။ သကြားနဲ့တစ်ခါတည်းရောပြီးသား ရယ်ဒီမိတ်ကော်ဖီမှုန့်တွေ မသုံးပါနဲ့နော် )
သကြား-ထမင်းစားဇွန်း 2ဇွန်း
ရေနွေး-ထမင်းစားဇွန်း 2ဇွန်း
နွားနို့- ခွက်ရဲ့သုံးပုံနှစ်ပုံ (နွားနို့အစစ်မလွယ်လည်း နို့မှုန့် (သို့) အိုဗာတင်း သုံးလို့ရပါတယ်)
ပြုလုပ်နည်း
ကော်ဖီရယ် သကြားရယ် ရေနွေးရယ်ကို ရောမွှေပါ။ ဒီမှာသတိထားရမှာက ရေနွေးကို ခုမှတည်ပြီးပြီးချင်းကိုသုံးရမှာပါ။ နောက်ပြီး ရေကို ပြောထားတဲ့ပမာဏထက် မများအောင်ဂရုစိုက်ပါ။
ပြီးရင် ၃မျိုးအရောကို မွှေပါမယ်။ ကြက်ဥမွှေတံ ဒါမှမဟုတ် ဇွန်းနဲ့ မွှေရင်လည်းရပါတယ်။ ဒီကော်ဖီမှာ မွှေတာကအရေးကြီးပါတယ်နော်။ တော်တော်တော့မွှေရပါတယ် အနှစ်ကပျစ်ပြီး ခရင်လိုဖြစ်သွားတဲ့အထိ မွှေပေးပါ။ ၁၅မိနစ်လောက်အထိကို မွှေပေးရပါတယ်နော်။ မွှေနေရင်းကို ကော်ဖီအနံ့လေးက အရမ်းမွှေးပြီးတော့သောက်ချင်စရာဖြစ်လာပါတယ်။

ကော်ဖီတွေ ခရင်လိုလေးဖြစ်သွားပြီဆိုရင် နွားနို့ (သို့) နို့မှုန့်၊ အိုဗာတင်း ဖျော်ထားတဲ့အပေါ်ကို ဖြည်းဖြည်းချင်း ဇွန်းလေးနဲ့တင်ပေးပါ။ အပူမကြိုက်ဘူးဆိုရင်လဲ နို့အေးလေးနဲ့ သောက်သုံးနိုင်ပါတယ်။ ကော်ဖီကသက်သက် အောက်ကနွားနို့ကသက်သက်ဖြစ်ရင် ဓာတ်ပုံရိုက်ပြီး ဖေ့ဘုတ် ပေါ်တင်ပြီးကြွားလို့ရပါပီနော်။
ပြီးရင် ဇွန်းလေးနဲ့မွှေပြီး ချိုအီစိမ့်မွှေးတဲ့ ကော်ဖီလေးကို အရသာရှိရှိသောက်သုံးနိုင်ပါပြီ။
ဝတ်မှုံသင်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဝတ်မှုံသင်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....