အစိမ်းရောင်လမ်း
နွားနို့ကနေ ထောပတ်လုပ်ကြည့်မယ်

နွားနို့ကနေ ထောပတ်လုပ်ကြည့်မယ်

ထောပတ်တွေကို အပြင်မှာမဝယ်ရတော့ပဲ ကိုယ်တိုင်စိတ်ကြိုက်လုပ်နိုင်တဲ့ အိမ်တွင်းထောပတ်လုပ်နည်းလေးကို မျှဝေပေးပါရစေ။ နွားနို့စိမ်း ဂါလံဝက်နဲ့ ဆားအနည်းငယ်ပဲ လိုအပ်ပါမယ်ဗျ။

ပြုလုပ်နည်းတွေကတော့.....

 ၁။ နွားနို့အစိမ်းတွေကို အဝကျယ်ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁ ရက် ၂ ရက်လောက် ထားလိုက်ပါ။ နို့ထဲက ခရင်မ်အဖတ်တွေဖြစ်ဖို့ အချိန်ပေးတဲ့သဘောပါ။ လိုချင်တဲ့အနေအထားလောက် ခရင်အဖတ်တွေရပြီဆိုရင်တော့ ထောပတ်လုပ်လို့ရပါပြီ။

၂။ ထောပတ်လုပ်ဖို့ အတွက် အသုံးပြုမယ့်ဖန်ပုလင်းတွေကို ရေနွေးနဲ့ပြုတ်လိုက်ပါ။ ပိုးတွေသေမှ ထောပတ်က တာရှည်အထားခံမယ်ဗျ။ ၁၀ မိနစ်လောက်ပြုတ်ရင် ရပါပြီ။ 

၃။ ပြီးရင်တော့ ရေခဲသတ္တာထဲမျာရှိတဲ့နို့ပုလင်းထဲက အပေါ်ယံတက်နေတဲ့ မလိုင်ဖက်တွေကို ဆယ်ယူပြီး ပိုးသန့်ထားတဲ့ ပုလင်းထဲထည့်ပါ။

၄။ ထောပတ်ဖြစ်တာပိုမြန်အောင်လို့ နို့ချဉ် ၂ ဇွန်းလောက် ထည့်ပါ။ ဗီနီကာထည့်လည်းရပါတယ် ။

၅။ ပြီးရင်တော့ အဖုံးပိတ်ပြီး ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရောက်အောင် အအေးခံလိုက်ပါ။ ရေခဲပုံးထဲထည့်ပြီးအအေးခံလို့ရပါတယ်။ 

၆။ အအေးခံပြီးရင်တော့ အဖုံးကိုကြပ်ကြပ်ပိတ်ပြီး ၅ မိနစ်ကနေ ၁၂ မိနစ်လောက်ထိ လှုပ်ပါ။ အထဲက မလိုင်ဖက်တွေ စခဲတာကို တွေ့ရမှာပါ။ မလှုပ်ချင်ဘူးဆိုရင်တော့ မွှေတဲ့အတံလေးကို သုံးလို့ရပါတယ်ဗျ။

၇။ ထို့နောက် အဝတ်ပါးစလေးနဲ့ မလိုင်ဖက်တွေကို စစ်ယူပါ။ စစ်ပြီးသား အဖတ်တွေပါတဲ့ အဝတ်ပါးစထုပ်လေးကို ရေခဲရေထဲထည့်အအေးခံပါ။ ပြီးရင်တော့ ရေတွေပြောင်အောင်စစ်လိုက်ပါ။ အဝတ်ပါးစလေးထဲမှာ ထောပတ်အခဲလေးကို ရနိုင်ပါပြီ။

၈။ ဆားအနည်းငယ်ဖြူးပြီး ကြိုက်နှစ်သက်ရာ အနံတွေရောစပ်နိုင်ပါတယ်။ ပုလင်းသန့်သန့်ထဲမှာသိမ်းမယ်ဆိုရင် ၃ ပတ်အထိ သိမ်းနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းရင်တော့ ၆ လ ကနေ ၁၂ လထိသိမ်းထားနိုင်ပါတယ်ဗျ။

ကဲဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အိမ်မှာပဲ ထောပတ်လုပ်စားလို့ရသွားပါပြီဗျာ။

ထွန်းရာဇာ

Ref;  https://www.wikihow.com/Make-Butter-from-Raw-Milk

How to Make Butter from Raw Milk

Making butter from raw, unpasteurized milk is a fun way to create your own dairy product. Let the cream from raw milk float to the top and then spoon it into a jar. Decide if you'd like to culture the butter which will give it a slight...

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....