အစိမ်းရောင်လမ်း
အလွယ်တကူ ပြုလုပ်လို့ရတဲ့ ကြက်ဥပေါင်း လုပ်နည်း

အလွယ်တကူ ပြုလုပ်လို့ရတဲ့ ကြက်ဥပေါင်း လုပ်နည်း

 အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လူကြိုက်များပြီး မိမိအိမ်မှာလည်း အလွယ်တကူ ပြုလုပ်လို့ရတဲ့ ကြက်ဥပေါင်း ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

 ပါဝင်ပစ္စည်း

 ကြက်ဥ များ

 ဆား

 ငရုတ်ကောင်းမှုန့်

 ပြုလုပ်နည်း

      အရင်ဆုံး ကြက်ဥလေးတွေ ရေဆေး အပေါက် သေးသေးလေးတွေ ဖောက်ပြီး အထဲက အကာတွေ အနှစ်တွေကို စုပ်တံအသစ် (ဆေးထိုးအပ်အသစ်) နဲ့ စုပ်ထုတ်ပြီး ဇလုံကြီးကြီးထဲထည့်ထားလိုက်ပါ။

      ပြီးတော့ ဆားနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး ရောမွှေ။ ရေလုံးဝမထည့်ပါနဲ့နော်။

      ပြီးရင်တော့ စောစောက စုပ်ထားတဲ့ စုပ်တံလေးနဲ့ ပြန်စုတ်ပြီး စောစောကအပေါက် ဖောက်ထားတဲ့ ကြက်ဥလေးတွေထဲ တစ်ဝက်ကျော်ကျော်လောက် ပြန်ထည့်လိုက်ပါ။ (အပြည့်ထည့်ပြီး ပေါင်းရင် ပွတက်လာပြီး လျှံကြကုန်မှာ စိုးလို့ပါ)

      ပြီးသွားရင်တော့ ကြက်ဥလေးတွေကို ပေါင်းအိုးနဲ့ ပေါင်းလို့ ရပါပြီ။ ပေါင်းအိုးမရှိရင် ထမင်းပေါင်းအိုးထဲရေထည့်ပြီး အပေါ်က ပေါင်းလို့ရတဲ့ ထမင်းအိုးမှာ အသင့်ပါပြီးသား အခံလေးပေါ်မှာ ကြက်ဥတွေကို တင်ပြီ ပေါင်းပေးပါ။

      မိနစ် ၃၀ လောက် ပေါင်းပြီးရင်တော့ ကျက်ပါပြီ။ ပြီးရင်တော့ စားချင်သလိုလေး လှီးပြီး ပဲပုတ်အကျက်မှုန့်နဲ့ ဆား၊ ငရုတ်သီးမှုန့်နဲ့ ရောပြီး တို့စားလို့ ရပါပြီ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....