ဂျင်းပျားရည်အရက် ပြုလုပ်နည်း
သဘာဝ ဂျင်းတဆေး (How to make Ginger Mead in English CLICK HERE)
စာဖတ်သူတွေ စိတ်ဝင်စားစေမယ့် ဂျင်းပျားရည်အရက် ပြုလုပ်နည်းလေး တင်ပြပေးထားပါတယ်။ လုပ်ရတာလွယ်ကူပြီး အရသာရှိစေပါလိမ့်မယ်။ အရက်ဆိုပြီးတော့ အရမ်းကြီးတော့ ကြောက်မသွားပါနဲ့နော်။ ဝိုင်ပုံစံမျိုးပါပဲ။ ဒါပေမယ့် MEAD ဆိုတာက ဘာသာပြန်တော့ ပျားရည်နဲ့ ပြုလုပ်အရက်ဆိုပြီး တွေ့လို့ အခုလို ဘာသာပြန်လိုက်ရတာပါ။
ဂျင်းတက်ကို ရေမဆေးဘဲ ပါးပါးလေးတွေ လှီးလိုက်ပါ။
လှီးထားတဲ့ ဂျင်း (၄-၅) ခုကို ပုလင်းတစ်လုံးထဲ ထည့်လိုက်ပါ။
သကြားတစ်ဇွန်းကို သကြားရည်ဖျော်ရန် ခွက်ထဲထည့်ပြီး ရေနွေးလောင်းထည့်ပါ။
သကြားရည်ကို ဂျင်းထည့်ထားတဲ့ ပုလင်းထဲ လောင်းထည့်ပါ။
ပုလင်းကို ဖုံးအုပ်ပြီး ၂၄ နာရီထည့်လိုက်ပါက သဘာဝဂျင်းတဆေး ရရှိမည် ဖြစ်ပါသည်။
ဂျင်းပျားရည်အရက်
ပါဝင်ပစ္စည်းများ
ရှန်ပိန်တဆေး (နှစ်သက်ရာ တဆေးအသုံးပြုနိုင်သည်)
ပျားရည် (တစ်လီတာဖျော်ရန်အတွက် ၃၀၀ မီလီလီတာ ခန့် (သုံးပုံတစ်ပုံ) )
သကြားရည်
ဂျင်းပြုပ်ရည်
ပြုလုပ်ပုံ အဆင့်ဆင့်
၁. သကြားအနည်းငယ်ကို ရေနွေးထည့်ထားသော ခွက်ထဲသို့ထည့်ပြီး မွှေပေးပါ။ (သကြားရည် ဖျော်ရန်)
၂. သကြားတွေ အရည်ပျော်သွားတဲ့နောက်မှာ ရေအေးအနည်းငယ်ရောပေးပါ။ သကြားရည်ကို အရမ်းမပူစေရန် သတိထားရမည်။ အရမ်းပူပါက တဆေးများ ရှင်သန်နိုင်စွမ်း မရှိနိုင်တော့ပါ။
၃. ရှန်ပိန်တဆေးကို သကြားရည်ထဲ ထည့်ပေးပါ။ (အချိုးအစား အဓိကမကျပါ)
၄. လှီးစိတ်ခားတဲ့ ဂျင်း ၁၀ကျပ်သားခန့်ကို (သင့်စိတ်ကြိုက် ပိုထည့်နိုင်သည့်) ရေ (၃) လီတာဖြင့် ၂၀-၂၅ မိနစ်ခန့် မီးဖိုပေါ်တွင် ကြိုပေးပါ။
၅. လီတာပုလင်း(ဖန်ပုလင်း ထူထူက ပိုကောင်းသည်)၏ သုံးပုံတစ်ပံုခန့်ထိ ပျားရည် ထည့်ပေးပါ။
၆. တဆေးရောထည့်ထားသော သကြားရည်ကို ပျားရည်ပုလင်းထဲ ဖြည်းညှင်းစွာထည့်ပါ။
၇. ဂျင်းပြုတ်ရည် ပွက်လာပါက အပူလျော့စေရန် ရေအေးလောင်းထည့်ပါ။ (တဆေးများ ကောင်းစွာ ရှင်သန်နိုင်ရန်)
၈. ဂျင်းပြုတ်ရည်ကို ပျားရည်ထည့်ထားသော ဖန်ပုလင်း၏ လည်ပင်းရစ်ထိ လောင်းထည့်ပေးပါ။( တဆေးနေရာနှင့် တဆေးများ အသက်ရှူနိုင်ရန် နေရာချန်ပေးပါ)
၉. ပျားရည်နှင့် ဂျင်းပြုပ်ရည်တို့ ရောသွားစေရန် ပုလင်းကို လှုပ်ပေးပါ။ ဂျင်းဖတ်များ ထည့်လိုပါက ထည့်နိုင်ပါသည်။
၁၀. ပုံတွင်ပြထားသည့် အဝင်လေပိတ်သည့် ဗူးဆို့ ( one way valve) ဖြင့် ပိတ်ပေးပါ။ ထိုဗူးဆို့ မရှိပါက ပူပေါင်းဖြင့် ပိတ်နိုင်သည်။ ပူပေါင်းထဲမှ အပြင်သို့ လေများထွက်နိုင်ရန် အပေါက်ငယ်လေးများကို ဖောက်ထားပေးပါ။ ထို့နောက် ပုလင်းလည်ပင်းတွင် ပူပေါင်းမြဲနေစေရန် သားရေပင်ဖြင့် စည်းထားပေးပါ။
သိမှတ်ဖွယ်ရာများ
သဘာဝတဆေးပြုလုပ်တဲ့အခါ ဂျင်း (အသီး - အသီး ဝိုင်လုပ်လိုပါက) ကို ရေမဆေးပါနှင့်။ ရေဆေးလိုက်ပါက ဘက်တီးရီးယားများနည်းပြီး တဆေးကောင်းကောင်းရရန် မသေချာတော့ပါ)
သကြားအစား ပျားရည်ကို အသုံးပြုသင့်သည်။ ပျားရည် က မလိုလားအပ်တဲ့ မှိုတွေပေါက်ရောက်မှု ကို ကာကွယ်ပေးပြီး လူတွေရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
ပျားရည် ၁ လီတာကို ဂျင်းပျားရည်အရက် ၃ ပုလင်း ပြုလုပ်နိုင်တယ်။
သဘာဝ တဆေးက ပြုလုပ်ထားတဲ့ တဆေးထက် ပိုကောင်းပါတယ်။ ဂျင်းပျားရည် အရက်အတွက် သဘာဝ ဂျင်းတဆေးကို အသုံးပြုပါ။ ငှက်ပျောပျားရည် အရက်အတွက် သဘာဝ ငှက်ပျော်တဆေးကို အသုံးပြုပါ။ အနံ့အရသာ ပိုကောင်းမွန်စေပါတယ်။
သဘာဝ တဆေးကို သုံးပါက ၃-၄ ပတ်ကြာလျှင် စတင်သောက်သုံးလို့ရပြီး ပြုလုပ်ထားတဲ့ တဆေးသုံးက ၂ ပတ်သာ စောင့်စရာလိုပါတယ်။
အဝင်လေပိတ်ပေးသည့် ဗူးဆို့ မရှိပါက ပူပေါင်းကို အသုံးပြုပြီး တဆေး အသက်ရှုနိုင်ရန်နှင့် အပြင်လေ အထဲသို့ မဝင်အောင် ပိတ်ထားပေးပါ။ အပြင်လေအထဲကို ဝင်လာပါက မကောင်းသည့် ဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပါသည်။
ရာဘာပူပေါင်းမရှိတော့လို့ ပလပ်စတတ်ကို ပုလင်းဝနဲ့ ကိုက်ညီအောင် လုပ်ပြီး စွပ်ထားတာပါ။ ပုလင်းဖုံးနဲ့ ပိတ်ထားမယ်ဆိုရင် အဖုံးဖွင့်ပေးဖို့ မေ့ပြီး လေအားနဲ့ ကွဲသွားတတ်ပါတယ်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကစိတ်ဝင်စားသည်
Myo Mrat Aung
လွန်ခဲ့သော ၄ နှစ် ကမွှေ ပေးရသေးလား ခင်ဗျား။ ေမွှရရင် ဘယ်နရက်လောက်မှာ မွှေပေးရမလဲ သိချင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026