ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း
ယခု ပဲပင်ပေါက် ဖောက်နည်းမှာ အိမ်တွင်း စိုက်ပျိုးရုံသာမက စီးပွားဖြစ် စိုက်ပျိုးလိုသူများအတွက်ပါ စိုက်ပျိုးနိုင်ပါသည်။ ရိုးရှင်းပြီး လွယ်လွယ်ကူကူ ပြုနိုင်သဖြင့် ယခု နည်းပညာစာစောင်ကို ဖတ်ရှုပြီး ကိုယ်တိုင် ပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အောက်ဖော်ပြပါ အဆင့်များကို တစ်ဆင့်ချင်း သေချာဖတ်ပြီး လုပ်ဆောင်စေလိုပါတယ်။
၁။ မျိုးရွေးချယ်ခြင်း
ပဲအမျိုးအစား အားလုံးနီးပါးက အပင်ဖောက်လို့ရပါတယ်။ ဒါပေမယ့် အစေ့သေးတဲ့ ပဲအမျိုးအစားကတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ အစေ့ကြီးတဲ့ မျိုးတွေမှာ ဆိုရင်တော့ စိုစွတ်မှု အချိန်ကြာလာတာနဲ့ အမျှ မှိုတက်ဖို့ အလားအလာများပါတယ်။ အသုံးပြုမည့် ပဲကို ရေ(၈) နာရီခန့် ကြိုတင် စိမ်ထားဖို့ လိုအပ်ပါတယ်။
-ပဲတီစိမ်းက အညှောင့်ဖောက်ဖို့အတွက် အသုံးအများဆုံး ပဲမျိုးဖြစ်ပါတယ်။
-အခြား အစေ့သေးတဲ့ ပဲမျိုးတွေလည်း အသုံးပြုနိုင်ပါတယ်။
၂။ အသုံးပြုမည့် ပုံး
မိသားစု တစ်နိုင်တစ်ပိုင် မှ စီးပွားဖြစ်စိုက်ပျိုးသည်အထိ လုပ်ဆောင်နိုင်သည့်အတွက် အသုံးပြုမည့် ပုံးအရွယ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကော်ပုံး၊ ခြင်းတောင်း၊ ကွန်ကရစ်ခွေ စသဖြင့် အသုံးပြုနိုင်ပါတယ်။ အသုံးပြုမည့် ပုံးက အလင်းရောင် အဖောက်ဖို့ လိုအပ်ပါတယ်။ ပုံးက အလင်းရောင်ဖောက်(အကြည်ပုံး) ဖြစ်နေရင်တော့ ပဲစေ့ထည့်ပြီး အလင်းရောင်မဖောက်နိုင်တဲ့ ပုံးကြီး အဝတ်တို့နဲ့ အုပ်ထားဖို့ လိုအပ်တယ်။ ပုံးတွေရဲ့ အောက်ခြေမှာ ရေစစ်ကျနိုင်ဖို့ ပေါက်လေးတွေ ဖောက်ထားဖို့ လိုအပ်ပါတယ်။
၃။ လိုအပ်သော ပစ္စည်းများ
ပဲတီစိမ်း
ကော်ဇကာ(ပုံတွင် ပြထား)
ဂုံနီအိတ်
ကျောက်စရစ်ခဲ
ပုံတွင် ဖောက်ထားသော ပိုက်ဇကာ ကို အိမ်ဆောက်ပစ္စည်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ မရှိပါက ဝါးဇကာ အသုံးပြုနိုင်ပါတယ်။ အပေါက်အရွယ်အစားမှာ ပဲတီစိမ်း အစေ့များ အောက်ကို မကျနိုင်တဲ့ အရွယ်ဖြစ်ဖို့ လိုပါတယ်။
၃။ ပြုလုပ်နည်း အဆင့်ဆင့်
(က) ပုံးရဲ့ အောက်ခြေကို ရေသေချာဆေးထားတဲ့ ကျောက်စရစ်ခဲလေးတွေကို ခင်းပေးပါ။ ဒါမှ ပုံးထဲမှာ ရေအိုင်မနေဘဲ အလွယ်တကူ ထွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကွန်ကရစ်ခွေ အသုံးပြုပါက အောက်ခြေတွင် စက်ဘီးတာယာ ခင်းပြီး အပေါ်ကနေ သံဇကာကွက်စိပ်ကို ပုံမှာ ပြထားသလို ခင်းပြီး အသုံးပြုနိုင်ပါတယ်။
(ခ) ပြီးနောက် ဂုံနီအိတ်ကို အသုံးပြုမည့် ပုံး၊ တောင်း၊ ကွန်ကရစ်ခွေ အဝိုင်းအတိုင်း ဖြစ်ထားပါ။ လေးထောင့်ပုံးများဖြစ်ပါက ဂုံနီအိတ်ကိုလည်း ပုံးအတိုင်း လေးထောင့် ဖြတ်ဖို့ လိုအပ်ပါတယ်။ ဖြတ်ထားသော ဂုံနီအိတ်အစ(၂) စကို ကျောက်စရစ်ခဲရဲ့ ပေါ်မှာ ခင်းပါ။ အစ(၂) စ အသုံးပြုရခြင်းမှာ အောက်ခံ မျက်နှာပြင် တောင့်တင်းစေရန်နှင့် ရေအစိုဓာတ်ကို ထိန်းထားနိုင်ရန် ဖြစ်ပါတယ်။
(ဂ) ကော်ဇကာကိုလည်း ဂုံနီအိတ် အရွယ်အတိုင်း ဖတ်ထားပါ။ ကော်ဇကာ ကို ဂုံနီအိတ် ပေါ်မှာ(၁)ထပ် ထပ်တင်ပါ။
(ဃ) ကော်ဇကာပေါ်မှာ ရေ(၈) နာရီစိမ်ထားသော ပဲတီစိမ်း ကို ပါးပါးလေး ထည့်ပေးပါ။ ထူထူထည့်လိုက်ပါက အပင်ပေါက်များ ကျပ်လာရုံသာမက မှိုများ အလွယ်တကူ ကျရောက်နိုင်ပါတယ်။
(င) အခု ဆို အလွှာတစ်လွှာအတွက် လိုအပ်တဲ့ အဆင့်တွေ ပြီးသွားပါပြီ။ နောက်တစ်လွှာအတွက် ဖြတ်ထားသော ဂုံနီအိတ် အစ(၂) စ ကို ပဲတီစိမ်းအစေ့တွေရဲ့ အပေါ်မှာ ထပ်ခင်းပါ။
(စ) ဂုံနီအိတ်ပေါ်မှာ ကော်ဇကာ ထည့်ပြီးနောက် ပဲတီစိမ်း ကို ပါးပါးထည့်ပေးပါ။ ဤနည်းဖြင့် အလွှာ(၄) လွှာအထိ ပြုလုပ်နိုပါတယ်။
(ဆ) ၄ လွှာ ပြီးထည့်ပြီးနောက် အပေါ်ဆုံးကနေ ဂုံနီအိတ်(၂) စ ထပ်တင်ထားပေးပါ။ ပြီးနောက် ရေကို စိုရွဲသွားအောင် များများ လောင်းထည့်ပေးပါ။ ပြီးနောက် အပေါ်ကနေ ငှက်ပျောက်ရွက် သို့မဟုတ် တစ်ခုခု ဖြင့် ဖုံးအပ်ထားပေးပါ။
(၄) ပြုစုနည်း
(က) ပြုလုပ်သည့် နေရာ ဒေသနှင့် ရာသီဥတုပေါ် မူတည်၍ ရေကို သုံးနာရီခြား တစ်ခါ လောက် လောင်းပေးဖို့ လိုအပ်ပါတယ်။ လောင်းတိုင်းမှာ ရေကောင်းစွာ စိုစွတ်နေစေရန် များများ လောင်းပေးဖို့ လိုအပ်ပါတယ်။ ည မအိပ်ခင်မှာလည်း နောက်ဆုံး တစ်ကြိမ်လောက် လောင်းပြီးမှ အိပ်ပါ။ ဒီနည်းအတိုင်း ပဲပင်ပေါက် ရလာသည့်အထိ ရေလောင်းပါ။
(ခ) ၃၆ နာရီလောက် ကြာရင်တော့ ပဲပင်ပေါက်များ ရရှိလာပါပြီ
(ဂ) ပဲပင်ပေါက်များကို ဆွဲထုတ်လိုက်ပါက အလွှာလိုက် ထွက်လာမှာ ဖြစ်ပါတယ်။ ထိုအလွှာကို ကြည့်လိုက်ပါက အပေါ်မှာ ပဲစေ့ အခွံလေးတွေ ကပ်နေမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ခါချဖို့ ရေဇလုံထဲမှာ ပဲပင်ပေါက်အလွှာကို မှောက်လျက်ထားပြီး ရေဆေးလိုက်ပါက အစေ့ခွံများ ကျသွားမည် ဖြစ်ပါ။
(ဃ) ပဲပင်ပေါက်ရဲ့ အမြစ်တွေကို ကော်ဇကာကို ဖောက်ပြီး ဂုံနီအိတ်ထဲမှာ ဝင်ရောက်နေတဲ့အတွက် ဇကာနားကို ကပ်ပြီး ဓားနဲ့ ခြစ်ခလိုက်ပါက အမြစ်မပါတဲ့ ပဲပင်ပေါက်များ ရရှိမည် ဖြစ်ပါတယ်။
အထက်ဖော်ပြပါနည်းမှာ ရိုးရှင်းလွယ်ကူပြီး လိုက်လုပ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီနည်းလေးအတိုင်း လိုက်လုပ်၍ မိမိအိမ်မှာ သန့်ရှင်းလတ်ဆက်တဲ့ ပဲပင်ပေါက်များကို ကိုယ်တိုင် လုပ်ဆောင်နိုင်ပါပြီ။ ဗဟုသုတအနေဖြင့် ပဲတီစိမ်း တစ်ပိဿာ ဖောက်ပါက ပဲပင်ပေါက်(၄) ပိဿာ ရရှိမည် ဖြစ်ပါတယ်။
REF : BBC
wikiHow
khaosandee.blogspot.com
ဓာတ်ပုံ khaosandee
wikiHow
အောင်မြတ်ညိုဝင်း
လွန်ခဲ့သော ၂ နှစ် ကဂုံနီအိတ်အစား ပိတ်ဖြူစသုံးလို့ရပါသလား လေးလွှာထပ်တော့ ထွက်လာတဲ့ ပဲပင်ပေါက်က အလွှာတွေကိုတွန်းကန်တာပါလား
အေးမြစန္ဒာ
လွန်ခဲ့သော ၃ နှစ် ကတောင်းနဲ့ဖောက်နည်းလိုချင်ပါတယ် ရောသ်းချင်လို့ပါရှင်
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....