နွားနို့မှ ဒိန်ချဉ်ပြုလုပ်နည်း (အခြေခံအဆင့်များ)
? ပထမဦးစွာ အသုံးပြုမည့်ပစ္စည်းများ (အိုး၊ ဇွန်းစသည်)ကို ရေနွေးနှင့် ဆပ်ပြာဖြင့် သေချာဆေးကြောပါ။
? သန့်ရှင်းလတ်ဆက်ပြီး အရည်အသွေးကောင်းမွန်သော နွားနို့ကို အသုံးပြုမှ အရည်အသွေးကောင်းမွန်၍ ကျန်းမာရေးနှင့်သင့်လျော်သည့် ဒိန်ချဉ်ရရှိမည်ဖြစ်သည်။
(ကောင်းမွန်သော နွားနို့သည် သန့်ရှင်းသည့် အဖြူနို့နှစ်ရောင်၊ လတ်ဆတ်သည့် အနံ့ရှိရမည်။ အရေးကြီးသည့်အချက်မှာ နို့နှင့် နို့ထွက်ပစ္စည်းများသည် ရေခဲဖြင့် သို့မဟုတ် ရေခဲသေတ္တာတွင် ထားရှိရမည်။)
? နွားနို့ကို တစ်ပွက်ဆူသည်အထိ အပူပေးပါ။ နွားနို့အစိမ်းတွင်ပါဝင်သော အကျိုးမပြုသည့် ဘက်တီးရီးယားပိုးများ သေစေနိုင်စေရန် ဖြစ်ပါသည်။
? ထို့နောက် နွားနို့ကို အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ် (ကြက်သီးနွေးခန့်) အပူကျန်သည်အထိ အအေးခံပါ။
? နွားနို့ ၁ ပိဿာအတွက် ဒိန်ချဉ်အလျဉ် ၅ ကျပ်သားခန့်ထည့်ပါ။ စျေးကွက်တွင်ရောင်းချနေသော သန့်ရှင်းလတ်ဆတ်ပြီး အရောင်၊ အနံ၊ အရသာအချိုမပါသည့် ဒိန်ချဉ်ကို အလျဉ်အဖြစ် အသုံးပြုနိုင်ပါသည်။ (ဗူးပေါ်တွင် 'live' သို့မဟုတ် 'active culture' ဟုရေးထားသော အမျိုးအစားကို အလျဉ်အဖြစ် အသုံးပြုပါ။)
? အလျဉ်ထည့်ပြီး ကောင်းစွာမွှေပါ။ ထို့နောက် နွေးထွေးသည့်နေရာတွင် ၆ - ၈ နာရီခန့်အထိ အငြိမ်ထားပေးရမည်။ (အနည်းဆုံးအနေဖြင့် အခန်းအပူချိန်တော့ ရှိရမည်။ အေးသည့်ဒေသများတွင် ဆောင်းရာသီမျိုးတွင် အပူချိန်နည်းသည့်အခါ အချဉ်ဖောက်ချိန်ပိုကြာတတ်သည်။ ထိုအချိန်မျိုးတွင် လုံလောက်သည့် အပူချိန်ရအောင် ဖန်တီးပေးရမည်။)
? အချိန်ပြည့်လျှင် ဒိန်ချဉ်ရပါပြီ။ ထို့နောက် ရေခဲသေတ္တာတွင် သိမ်းဆည်းပါ။
***အထူးသတိပြုရန်မှာ ဒိန်ချဉ်ကို အခန်းအပူချိန်တွင် ၂ နာရီထက်ကျော်ပြီးထားမိလျှင် ပျက်စီးသွားပါသည်။ ရေခဲသေတ္တာတွင် သို့မဟုတ် အအေးပေးမထားလျှင် ဒိန်ချဉ်၏ အချဉ်အရသာ ပိုစူးလာခြင်း၊ အမြုပ်များတက်လာခြင်း၊ အရည်များကွဲထွက်လာခြင်း၊ နို့သားများကွဲထွက်လာပြီး ဒိန်ချဉ်အသားကြမ်းခြင်း စသည်တို့ ဖြစ်လာပါမည်။
? ပုံတွင်ပြထားသည့်အတိုင်း အတုံးမပျက်ရှိနေရပါမည်။

? သကြားကို ၅ - ၈ % ထည့်သည်။ အချိုကြိုက်လျှင် ၈ % ထည့်နိုင်သည်။
လုပ်ငန်းသုံး ဒိန်ချဥ်ပြုလုပ်ရာတွင် အလျဉ်မသုံးဘဲ နွားနို့ကို ဒိန်ချဉ်ဖြစ်စေမည့် အကျိုးပြု ဘက်တီးရီယားများ (ပိုးရှင်) ပါဝင်သည့် culture အမှုန့်များကို အသုံးပြုခြင်းဖြင့် စားသုံးသူများ အနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးအတွက် ပိုကောင်းသည့် ဒိန်ချဉ်များ ရရှိနိုင်မည် ဖြစ်သည်။
? အရည်အသွေးကောင်းသော ဒိန်ချဉ်၏ pH (ချဉ်ဖန်နှုန်း) သည် ၄ - ၄.၅ ကြားတွင် ရှိရမည်။
? pH ၄ အောက် လျော့သော ဒိန်ချဉ်သည် ပြင်ပဘက်တီးရီယားပိုးများ ဝင်ရောက်ပြီး ဒိန်ချဉ်အရည်အသွေး မကောင်းတော့သောကြောင့် ဖြစ်သည်။
နင်းကိုကိုဉိး
လွန်ခဲ့သော ၄ နှစ် ကCultureကဘယ်လိုဆိုင်မာဝယ်ရတာလည်းဘယ်လောက်နူန့်းထည့်ရတာလည်း
ဦးဝင်းမောင်ကြည်
လွန်ခဲ့သော ၅ နှစ် ကအလျဉ် ကောင်းကောင်းမရနိုင်ပါက အခြားမည်သည့်ပစ္စည်းက်ုထည့်ရပါမည်နည်း။
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး