ရေမလို လက်သန့်ဆေး လုပ်နည်း
မင်္ဂလာပါ
ရေမလို လက်သန့်ဆေး လုပ်နည်းလေး မျှဝေပေးပါ့မယ်.. Online မှာလည်း လုပ်နည်းပညာဒါနမရှိတော့.. ပြုလုပ်ချင်တဲ့ မိတ်ဆွေတွေ အတွက် အသုံးဝင်အောင်လို့ရည်ရွယ်ပါတယ်။ ကုန်ကြမ်းပုံလေးတွေလည်း ပြထားပေးပါတယ်..
ရေမလိုလက်သန့်ဆေးရည် အသုံးဝင်ပုံကိုတော့ မိတ်ဆွေတွေ အလွယ်တကူရှာဖွေနိုင်ပါတယ်။သိပြီးသားလည်းဖြစ်မှာပါ။ ပြုလုပ်ပုံရယ် ကုန်ကြမ်းကိုတော့ ဝယ်ရလွယ်အောင် မျှဝေပေးပါတယ်
ရေမလိုလက်သန့်ဆေးရည် ပြုလုပ်ဖို့ကုန်ကြမ်းတွေက.....................
၁. လက်သန့်ဂျယ် _ ၁ကီလို
( hand jell လို့ ကုန်ကြမ်းဆိုင်မှာ ပြောဝယ်လို့ရပါတယ်..တစ်ကီလို ၂၀၀၀ ဝန်းကျင်ပါ.. အဲဒိထက်မပိုပါနော်.)
၂. သန့်စင်ပြီး အရက်ပြန် - ၁လီတာ
(အရက်ပြန်က နှစ်သက်ရာ ဆေးဆိုင်.ကုန်ကြမ်းဆိုင်.ပရဆေးဆိုင် တွေမှာ.
ဝယ်လို့ရပါတယ်.. အမျိုးစားတွေ တံဆိပ်နဲ့ နိုင်ငံတွေကွာပြီး စျေး မတူကြဘူးနော်)
၃. Tri EthanoL Amine 99% _ ၁၂၀ မီလီ
(ဓာတုဆိုင်တွေမှာ TEA လို့ပြောဝယ်ရပါတယ်.. လက်ဖက်ရည် မဟုတ်ပါဘူးနော်..ရေမလိုလက်သန့် တစ်ဖုံဝယ်ရင် အဲဒါ ဘာလဲဆိုတာ ဆိုင်တွေက မပြောပြပါဘူးလို့..အချို့ ဝယ်လုပ်သူတွေကလည်း ဘာမှန်းမသိပဲ လုပ်ရတာပါပဲ. မှတ်ထားလို့ရအောင်လို့ပါ.
စျေးနှုန်းကတော့ တစ်အောင်စကို ၇၀၀ ကျပ်ပါ .. အဖုံလိုက်မဟုတ်ပဲ တစ်မျိုးချင်းဝယ်လုပ်မယ်ဆိုရင် ၃အောင်စ ဝယ်ရ. ထည့်ရပါ့မယ်။)
၄. အနံ့ . EssentiaL oiL _ ၁အောင်စ
(အနံ့ကို ဆပ်ပြာဆီထဲ ထည့်တဲ့ အနံ့မျိုး မထည့်ရပါဘူး..အကောင်းစားအနံ့ သုံးပေးရပါတယ်......အနံ့က အကောင်းစားတစ်အောင်ကို ကျမတို့ရန်ကုန်မှာတော့ ၁၅၀၀ အနိမ့်ဆုံးမှ ၂၅၀၀ အမြင့်ဆုံး ထိရှိပါတယ်.. အဲ့ထက်မပိုပါနော်)
၅. ရေသန့် _ ၆လီတာ
(ရေမသန့်လို့ မရပါဘူး. ရေစေးရေသွက်တွေ ဒေသမတူနေရာမတူရင်ဖြစ်တက်လို့. အကောင်းဆုံးက ရေသန့်ဗူး နဲ့သုံးလိုက်စေချင်ပါတယ်. ၆လီတာဆိုတာက ၁လီတာဗူး ၆ဗူးပါ)
၆. ရေထိန်းဆေး _ လက်ဖက်ရည်စွန်း ၁စွန်း
(ရေထိန်းဆေးက တစ်မျိုးချင်းဝယ်လုပ်လို့ အနည်းငယ်မရောင်းခဲ့ရင် မထည့်လည်းရပါတယ်. .......ရေထိန်းဆေးရယ်. ဆီထိန်းဆေးရယ် ၂မျိုးရှိပါတယ်.. ဆီထိန်းဆေးက စျေးကြီးပြီး ရေထိန်းဆေးက စျေးသက်သာပါတယ်.. ၁ကျပ်သားထုတ်လေးတွေ ကို ပျမ်းမျှ ၂၀၀ ကျပ်ကျပါမည်။)
၇. အရောင် _ အရည်ဆိုရင် ၈စက် / အမှုန့် ဆိုလျင် ဆန်စေ့ ၅စေ့ခန့်
(အရောင်မထည့်လဲရပါတယ်... ဥပမာ မိမိလုပ်တဲ့အနံ့က နှင်းဆီနံ့သုံးရင် ပန်းရောင်လေး ထည့်~လာဗန်ဒါ အနံ့လေးသုံးထားရင် ခရမ်းနုလေးထည့်~ lux အနံ့လေးသုံးထားရင် အပြာနုလေး ထည့်လို့ရပါတယ်... အရောင်အများကြီး ရဲတောက်ပြာနှမ်းနေရင် အရမ်းကို ရုပ်ဆိုးပြီး. ဆပ်ပြာဆီလိုလို ကျောက်ကျောတုံး လိုလိုဖြစ်ပြီး.. ရောင်းလို့လည်း အရည်သွေးမမှိတဲ့ ပုံစံမျိုးဖြစ်တက်လို့ပါ.. စားသောက်ကုန် food colour ရပါတယ်နာ် .တစ်ထုတ်မှ ၅၀၀ကျပ်ပါ)
၈. ဒီတားဂျင့် ပန်းပေါင်ဒါမှုန့် _ ၁အောင်စ
( ရေမလိုလက်သန့် ဆေးရည်မှာ အချို့မှာ အစေ့လေးတွေပါပါတယ်.. အဲဒါလေးတွေပါ.....မထည့်လည်းရပါတယ်.. ထည့်ရင် ၁အောင်စ ထည့်ပေးရပါတယ်.. ခရမ်းနုရောင်အစေ့လေးတွေပါ.. )
၉. လက်သန့်ဆေးရည် ဗူး _ ၁၀၀ (သို့မဟုတ်) ၁၅၀ ဗူး
(လက်သန့်ဆေးရည် အတွက် သီးသန့် အိတ်ဆောင်ဗူးလေးတွေ ရောင်းပါတယ်..) လက်လီကတော့ စျေးအမျိုးမျိုးရောင်းကြပါတယ်.. လက္ကာဈေတစ်ဗူးကို ၂၀၀ ကျပ်ပါ..ဂရမ်ကတော့ ၅၀ဂရမ်ဗူး နဲ့ထည့်ရပါတယ်.. (၁၀၀)ဂရမ် ဗူးလေးတွေနဲ့ ထည့်လို့ရပါတယ်..
မိမိ ကုန်ပစ္စည်း အတွက် decoration ကို မနှမြောပါနဲ့နော်.. ကုန်ပစ္စည်း တစ်ခုက အရည်သွေးဘယ်လောက်ကောင်းကောင်း ထုတ်ပိုးမှု ပက်ကေ့ရှ် မှာ ခိုလိုက်ရင် အရည်သွေးမကောင်းဘူးထင်ပြီး ရောင်းဝယ်ဖောက်ကား တဲ့အခါမှာ နှောင့်နှေးတက်လို့ပါ.. အခု.၇လီတာ ပျမ်းမျှ ကုန်ချောထွက်မှာပါ... ၅၀ဂရမ် ဗူး နဲ့ထုတ်ပိုးရင် အရေအတွက် ၁၄၀ အနည်းဆုံးထွက်ပါတယ်..
ပြုလုပ်နည်း
၁. ပထမ ဆုံး ဂျယ်ထုတ်ကို ဖောက်ပြီး အရက်ပြန် ၁လီတာ နှင့် ရောမွှေပါ..မြန်မြန်မွှေရပါ့မယ်.. အရက်ပြန်က အငွေ့ပြန်လွယ်လို့ပါ..
၂. အရန်ပြန်နဲ့ဂျယ်ဟာ အသားကျပြီးနှံ့စပ်သွားခဲ့ရင် ရေသန့် ၆လီတာ ထည့်ပြီး မွှေရပါမည်။
၃. ပြီးရင် ရေထိန်းဆေး ထည့်ပြီး မွှေပါ့မည်..(မထည့်လဲ ရပါတယ်)
၄. ပြီးရင် TEA ထည့်မွှေရပါတယ်... TEA အစွမ်းကတော့ အလှကုန်တိုင်းလိုလိုသုံးကြတဲ့ပစ္စည်းပါ.. ဂရစ်စလင်းလို အာနိသင်ရှိပြီး အခုကုန်ကြမ်းအတွက်ကတော့ ပျစ်စေတဲ့အာနိသင်ဖြစ်သွားစေပါတယ်... များလို့လည်း မရပါ..အချိုးစားတိုင်းထည့်ရပါတယ်..
၅. အရောင်ထည့် .အနံ့ ထည့်.. မိမိစိတ်ကြိုက် အရောင်အနံ့ ပုံဖော်လို့ရပါတယ်..ဒီတားဂျင့် ပေါင်ဒါမှုန့် အစေ့လေးတွေ ထည့်လည်း ရပါတယ်.. နောက်ဆုံးမှာ ထည့်ပြီးမွှေပါမယ်နော်.. သူကမကြေတက်ပါဘူး.. ကြေသွားစရာလဲမလိုပါနော်.. အလှပါ..
၆. အားလုံးပြီးရင် ၈နာရီအကြာထားပြီးရင် ဗူးတွေထဲထည့်လို့ ရပါတယ်..
အိမ်သုံးဖြစ်ဖြစ်.. ရောင်းတန်းဖြစ်ဖြစ် ပြုလုပ်အဆင်ပြေပါစေ။
Credit - မယ်မင်း
( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026