ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ဒိန်ချဉ်ကို အိမ်မှာ အလွယ်တကူပြုလုပ်မယ်
ကျန်းမာရေးအတွက်ရော အသားအရေလှပချင်သူတွေပါ ပုံမှန်စားသုံးသင့်တဲ့ အစားအစာထဲမှာ ဒိန်ချဉ် ပါဝင်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကိုသန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေလည်း ပါဝင်တာကြောင့် အစာအိမ်နဲ့ ဝမ်းကို အထောက်အကူပြုစေပါတယ်။ ဒါကြောင့်မို့လို့ ဒိန်ချဉ်ကို သန့်သန့်ရှင်းရှင်းနဲ့ ပုံမှန်စားသုံးချင်သူတွေအတွက် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ဒိန်ချဉ်ပြုလုပ်နည်းကို ဖော်ပြပေး လိုက်ပါတယ်။
ဒိန်ချဉ်ပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့စစ်စစ် ၅၀ သားနဲ့ ဒိန်ချဉ်လုပ်ဖို့ သန့်ရှင်းခြောက်သွေ့တဲ့ အိုးတလုံးတို့ လိုအပ်ပါတယ်။ ပထမဦးဆုံး ဒိန်ချဉ်အချဉ်လုပ်ဖို့အတွက် ကျိုထားတဲ့နွားနို့ ဟင်းခတ်ဇွန်း ၁ ဇွန်းလောက်ကို နေပူထဲမှာ ၆ နာရီလောက် ထားပေးရုံနဲ့ အချဉ်ရပါပြီ။ ပြီးရင်တော့ နွားနို့ ၅၀ သားကို ဆူအောင် ခပ်ကြာကြာလေး ကျိုထားပေးပါ။ မီးဖိုကနေချပြီး အိုးထဲထည့်ပြီး အအေးခံထားပေးပါ။ နွားနို့ အေးစက်သွားတဲ့အထိ စောင့်စရာမလိုဘဲ လက်ချောင်းကို နွားနို့ထဲနှစ်ကြည့်လို့ အပူခံနိုင်လောက်တဲ့ အနေအထားမှာ အချဉ်ဟင်းခတ်ဇွန်း ၁ ဇွန်းကိုထည့်ပြီး မွှေပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ နို့ထည့်ထားတဲ့ အိုးအဝကို အပေါ်ကနေ ပိတ်ပါးလေးအုပ်ပြီး ဒိန်ချဉ်အိုးမလှုပ်နိုင်တဲ့ နေရာ အပူချိန်ပေါ်မူ တည်ပြီး ၅ နာရီကနေ ၇ နာရီခန့်ထိ ထားပေးဖို့ လိုအပ်ပါတယ်။ ဒိန်ချဉ်ကို မြည်းကြည့်ပြီး မိမိနှစ်သက်တဲ့ အချဉ်အနေ အထားရောက်ရင်တော့ အချဉ်အရသာ ထပ်မပိုစေဖို့ ရေခဲသေတ္တာထည့်ထားပြီး လိုသလောက် ခပ်စားသုံးနိုင်ပါတယ်။
ဒိန်ချဉ်လုပ်တဲ့အခါ သတိထားရမှာတွေကတော့ လေလုံအောင်ဆိုပြီး အိုးကို အတင်းပိတ်ထားစရာ မလိုပါဘူး။ ဒိန်ချဉ်အိုးကို မကြာခဏလည်း မွှေပေးစရာ မလိုပါဘူး။ အချဉ်ထည့်ချိန်ကျမှသာ သေချာစွာမွှေပေးရမှာ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာ ရေတွေများမနေရအောင် အချဉ်ထည့်တဲ့အခါ အများကြီးမထည့်မိစေဖို့ သတိထားရပါမယ်။ နောက်ဆုံး တခုကတော့ ဒိန်ချဉ်အိုးကို မလှုပ်နိုင်တဲ့နေရာမှာ ထားပြီး မကြာခဏ ရွှေ့ခြင်း၊ ပြောင်းခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။ ဒီလောက်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားလို့လည်းကောင်းတဲ့ ဒိန်ချဉ်ကို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ ရမှာပဲ ဖြစ်ပါတယ်။
Source - Ayeyarwady News
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....