အစိမ်းရောင်လမ်း
နွားနို့မှ ထောပတ်(မခမ်း) ပြုလုပ်နည်း

နွားနို့မှ ထောပတ်(မခမ်း) ပြုလုပ်နည်း

MDEP
MDEP MDEP 07/04/2020

    ယခုအချိန်ကာလတွင် Covid-19 ရောဂါ ကူးစက်ပြန့်ပွားနေမှုကြောင့် နို့စားနွားမွေးမြူထုတ်လုပ်သူ တောင်သူများအနေဖြင့် နွားနို့များ ရောင်းချရမှုနည်းပြီး ပိုနေသောနွားနို့များကို ကြာရှည်အထားခံ/ သိုလှောင်သိမ်းဆည်းနိုင်မည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းရာတွင် အထောက်အကူအချို့ဖြစ်စေရန် အလို့ငှာဖြစ်ပါသည်။ 

(ထောပတ်လုပ်နည်းကို သိနှင့်ပြီး ကျွမ်းကျင်ပြီးသော လုပ်ငန်းရှင်များကိုလည်း လေးစားလျှက် မိမိ၏ အတွေ့အကြုံအရ ထောပတ်လုပ်နည်းကိုဝေမျှလိုက်ရပါသည်။)

(၁) နွားနို့မှ အဆီ (ခရင်ဆီ) ကို အဆီလှည့်စက်ဖြင့်ထုတ်ယူပါ။

(၂) ခရင်ဆီကို ရေခဲသေတ္တာတွင် ၂၄ - ၄၈ နာရီခန့် ထားပြီး အအေးခံ၍ နှပ်ထားပါ။ အချိန်ကြာကြာထားလေ အဆီများနပ်၍ အဝါရောင်ဖျော့ဖျော့ဖြစ်လာပါမည်။

(၃) ရေခဲသေတ္တာထဲမှထုတ်ပြီး မွှေစက် သို့မဟုတ် သစ်သားယောင်းမဖြင့် မွှေပေးပါ။ အဆီနှင့်အရည် ကွဲထွက်သည်အထိ မွှေပေးရပါမည်။ ရေခဲရေထည့်ပြီးမွှေပေးပါက အဆီများလုံးပြီး သီးခြားကွဲထွက်လာပါမည်။

(၄) ထွက်လာသော နွားနို့အနောက်ရည်များကို သွန်ပစ်ပြီး ရေခဲရေဖြင့် ၂ - ၃ ကြိမ်ခန့် ပြန်ထည့်ပြီး ရေဆေးပေးပါ။ နွားနို့အရောင် အဖြူရောင်ကုန်သည်အထိ ဆေးပေးလျှင် ပို၍ကြာကြာအထားခံပါသည်။

(၅) ပြီးလျှင် မိနစ် ၃၀ ခန့် ရေစစ်ထားပြီး သစ်သားယောင်းမဖြင့် လုံးသွားအောင် ရိုက်ပေးပါ။ ရေအကုန်ထွက်သွားစေရန် ဖြစ်ပါသည်။

(၇) ပေါင်မုန့်/နံပြားနှင့် တွဲစားရန်အတွက် ဆားအနည်းငယ်ထည့်ပြီးနယ်ပါ။ မုန့်လုပ်ငန်းများတွင် အသုံးပြုလိုပါက ဆားမထည့်ရပါ။

(၈) ရေစစ်ပြီးလျှင် လေးထောင့်ပုံစံခွက်တစ်ခုတွင်ပလတ်စတစ်ခင်းပြီး ထောပတ်များကို သိပ်ထည့်ပါ။ ပလတ်စတစ်ဖြင့် သေချာထုပ်ပိုးပါ။ ထို့နောက် ရေခဲသေတ္တာတွင် ၂ နာရီခန့်ထားပါက အတုံးအထုပ်လိုက်ကို ထုတ်ယူနိုင်ပါသည်။

(၉) ရေရှည်သိမ်းထားလိုလျှင် ရေခဲသေတ္တာ၏ အောက်ထပ်အခန်းတွင်ထားပါက ၆ လမှ ၈ လအထိ အထားခံပြီး အပေါ်ထပ် အခဲအခန်းတွင်ထားပါက နှစ်ပေါက်တဲ့အထိ အထားခံပါသည်။ (မိမိ၏ အိမ်တွင် ၂ နှစ်ခန့် လက်တွေ့ထားဖူးပါသည်။)

နိုင်လင်းဦး

နိုင်လင်းဦး

လွန်ခဲ့သော ၅ နှစ် က

နွားနို့မှ (ခရင်ဆီ)အဆီလှည့်စက်ကဘယ်လိုစက်မျိုးပါလဲခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....