ဓာတုပစ္စည်းမသုံးဘဲ ရေချိုးဆပ်ပြာပြုလုပ်နည်း
လိုအပ်သော ပစ္စည်းများ
ဆပ်ပြာသီး ၅ လုံး
Guar gum လက်ဖက်စားဇွန်း(၂)ဇွန်း
ရေ လက်ဖက်စားဇွန်း (၂)ဇွန်း
အလှဆီ Glycerin အနည်းငယ်
(Guar gum ဆိုသည်မှာ Guar Bean ဟုခေါ်သော ပဲပင်တစ်မျိုးမှရရှိသည့် ပဲမှုန့်ဖြစ်ပါသည်။ ကော်မှုန့်၊ ပြောင်းဖူးမှုန့်တို့နှင့်မတူဘဲ ကစီဓာတ်မပါဝင်ဘဲ ရေကို ဆေးပျစ်စေသော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။)ဆပ်ပြာရည် ပျစ်ဖို့အတွက်သုံးခြင်းဖြစ်ပါသည်။
ပြုလုပ်နည်း
၁။ ဆပ်ပြာသီးတွေကို ထုခွဲ၍ အခွံချွတ်ထားပါ။ ရရှိလာသောအခွံများကို တစ်ညရေစိမ်ထားပါ။
၂။ နောက်တစ်နေ့မနက်တွင် ရေစိမ်ထားသော ဆပ်ပြာသီးများကို ပြုတ်ပါ။ အနံ့၊ အရောင် လိုချင်ပါက ထိုအချိန်တွင် ပန်းပွင့်ဖတ်များ၊ ပန်းပွင့်ခြောက်များ ထည့်နိုင်ပါသည်။
၃။ အသီးကြိုရည် အအေးခံထားသောအချိန်တွင် ဆပ်ပြာပြုလုပ်မည့် ထည့်စရာတစ်ခုထဲတွင် Guar gum (၂)ဇွန်း နှင့် အလှဆီတို့ကို ရောနှောထားပါ။
၄။ ထို အရောအနှောထဲသို့ ဆပ်ပြာသီးပြုတ်ရည်များ လောင်းထည့်ပြီး အရည်များပျစ်လာသည်အထိ မွှေပေးပါ။
ဓာတုမပါသော သဘာဝရေချိုးဆပ်ပြာရည်ကို ရရှိမည်ဖြစ်ပါသည်။ ဓာတုနှင့်မတည့်သူများအတွက်လည်း အဆင်ပြေမည်ဖြစ်သလို နေ့စဉ်သုံးပစ္စည်းများအတွက် ထွက်ငွေလျော့ချလိုသူများအတွက်လည်း အဆင်ပြေမည်ဖြစ်ပါသည်။
ကိုးကား- https://www.youtube.com/watch?v=vcrvPLmBVaM
Moe win
လွန်ခဲ့သော ၄ နှစ် ကဆပျပွာ သီးပငျပွောပွေပေးပါ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကရေညိုထမင်းလိပ်
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကရေညိုထမင်းလိပ်
Tun Tun
လွန်ခဲ့သော ၅ နှစ် ကဘယ်လောက်ထိအထားခံလဲ
ဇော်ဇော်ထက်
လွန်ခဲ့သော ၅ နှစ် ကအိမ်သုံး အဝတ်လျော်ဆပ်ပြာလုက်နည်း သင်ပေးပါအုံး
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....