မုန်ညှင်းချဉ် စပ်စပ်လေး လုပ်စားကြရအောင်
မုန်ညှင်းထုပ်လေး တစ်ထုပ် နှစ်ထုပ်ခန့်ရှိရုံနဲ့ အရသာရှိတဲ့ မုန်ညှင်းချဉ် စပ်စပ်လေးကို ကိုယ်တိုင်ကိုယ်ကျ အိမ်မှာ လုပ်စားနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
• ရေ ၂ လီတာခွဲ
• မုန်ညှင်းထုပ် ၂ ထုပ် (နှစ်လက်မပတ်လည် အရွယ်အစားခန့် လှီးဖြတ်ထားပါ)
• ဆား စားပွဲတင်ဇွန်း ၁၆ ဇွန်း
• နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
• နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
• ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
• သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
• ကြက်သွန်မြိတ် ၅ ပင် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
• ငါးငံပြာရည် အနည်းငယ် (မထည့်လည်း ရပါတယ်)
ပြုလုပ်နည်း အဆင့်ဆင့်
1. ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ရေ ၂ လီတာခွဲနှင့် ဆားစားပွဲတင်ဇွန်း ၁၆ ဇွန်းတို့ထည့်ပါ။
2. ထိုဆားရေထဲတွင် ပါးပါးလှီးထားသော မုန်ညှင်းရွက်များထည့်ကာ ၅နာရီ၊ ၆ နာရီခန့် စိမ်ထားလိုက်ပါ။ အရွက်များ ရေထဲတွင် မြှုပ်နေဖို့ရန်အတွက် လိုအပ်ပါက ပန်းကန်ပြား အကြီးတစ်ခုခုဖြင့် ဖိထားလိုက်ပါ။
3. သတ်မှတ်ချိန်ပြည့်ပါက မုန်ညှင်းကို ဆယ်ယူပြီး ရေအေးဖြင့် ဆေးကြောလိုက်ပါ။ ဆေးကြောပြီးပါက အရည်ကုန်အောင် ညှစ်ပေးရပါမယ်။
4. အခြားပန်းကန်လုံးအကြီးတစ်လုံးတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ သကြားနှင့် ကြက်သွန်မြိတ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။
5. ထို့နောက် မုန်ညှင်းကို ထိုပန်းကန်လုံးထဲထည့်ကာ ငရုတ်သီးမှုန့်အရောအနှောဖြင့် သမအောင် နယ်ပေးလိုက်ပါ။
6. နယ်ပြီးသွားပါက မုန်ညှင်းရွက်များကို သန့်စင်ခြောက်သွေ့ပြီး လေလုံသော ဖန်ပုလင်းထဲထည့်ကာ အဖုံးပိတ်ပြီးနောက် အေးသောနေရာတွင် (သို့) ရေခဲသေတ္တာထဲတွင် နှစ်ရက်၊ သုံးရက်ခန့် ထားထားနိုင်ပါတယ်။
7. နှစ်ရက်၊ သုံးရက်ပြည့်သွားတဲ့အခါမှာတော့ အရသာချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ မုန်ညှင်းချဉ် စပ်စပ်လေးရရှိသွားပါပြီ။
My Food Myanmar Website မှ ကူးယူဖော်ပြပါသည်။
(ယခုဆောင်းပါးသည် အန်တီ၊ ဦးကြီး တို့အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှု ရှိ/မရှိ ကို အောက်မှာဖော်ပြထားတဲ့ "အသုံးတင်ပါတယ်" “အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင်)
မျိုးလှိုင်
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ
ဘုန်းမြင့်ဆွေ
လွန်ခဲ့သော ၅ နှစ် ကကြိုက်တယ် ဗျာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....