နာနတ်ယို
ကောင်းသောနေ့လေးဖြစ်ပါစေ....
ကဲ ဒီတစ်ခေါက်တော့ အိမ်ရှင်မတွေအတွက် နာနတ်သီးယို ပြုလုပ်တဲ့နည်းလေးကို တင်ဆက်ပေးမှာမို့ သားသားမီးမီးတို့ကို ကိုယ်တိုင်လုပ်ကျွေးလို့ရပါပြီနော်။ ဆက်ကြည့်လိုက်ပါဦး။
နာနတ်ယိုကတော့ မြန့်မာရိုးရာအတိုင်းဆို အစာကြေ ရင်ချောင်တာမို့ လုပ်ထားရင်လည်း မမှားပါဘူး။
လိုအပ်တဲ့ပစ္စည်းတွေကတော့
(၁) နာနတ်သီး ချိုအေးလေး တစ်လုံး
(၂) ရေ တစ်ခွက် (၂၄၀) မီလီလီတာ
(၃) သကြား (၅)ခွက် (၁၂၀၀မီလီလီတာ)
(၄) လီမွန်သီး (၂) လုံး
(၅) ပက်တင် (Pectin) တစ်ထုပ် (သူကတော့ ယိုတိုင်းမှာ မပါမဖြစ်မို့ ကုန်တိုက်တွေမှာ ရှာဝယ်ထားပါနော်)
အပေါ်ကပြောပြထားတာကတော့ နာနတ်သီးကနေ ယို ထုတ်မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
အဆင့် (၁)။ ။ ဈေးသွားပြီးတော့ လိုအပ်တာတွေ ဝယ်ပြီးပြီဆိုရင် နာနတ်သီးကို ခွာပြီး အတုံးသေးသေးလေးတွေ လှီး၊ ကြိတ်စက်ထဲထည့်ပြီးတော့ အရည်ကြိတ်၊ အဖတ်လေးတွေ ညီညီညာညာဖြစ်သွားအောင် လုပ်ပေးပါ။ အဖတ်ကြီးကြီးတွေ အစေ့တွေ ကို ဖယ်ထားပေးပါ။
အဆင့် (၂)။ ။ လီမွန်သီး (၂)လုံးကို အရည်ညှစ်ပြီးတော့ ခုဏက နာနတ်သီး အရည်ထဲကို ထည်၊ ပြီးတော့ ဇွန်းလေးနဲ့ မွှေပါ။ သမရင် သကြားလေး ထပ်ထည့် ပျော်ဝင်သွားအောင် သေချာမွှေပေးပါ။
အဆင့် (၃) ။ ။အိုးထဲကို ပက်တင်တစ်ထုပ် ကိုဖောက်ထည့်ပါ။ ပြီး ရေထည့်၊ သူတို့ကတော့ ဆော့စ် ချက်တဲ့ အိုးလေးနဲ့လုပ်တာပါ။ ကိုယ်ကတော့ အဆင်ပြေတာလေးနဲ့ ချက်ပေးပါ။ မီးကို မပူမအေးလေးနဲ့ နာနတ်ရည်လေးတွေကို ဆူပွက်အောင်ကြို၊ တစ်မိနစ်လောက် ပွက်ပြီးတဲ့အခါကျတော့ မီးဖိုပေါ်ကနေ ချပေးပါ။
အဆင့် (၄)။ ။ သတိထားရမှာတစ်ချက်တော့ ရှိပါတယ်။ ကိုယ်ဝယ်လာတဲ့ ပက်တင် အထုပ်လေးကိုကြည့်ပြီးတော့ ထည့်ရမဲ့ ရေက ကွာခြားပါတယ်။ အဲ့တော့ အထုပ်က အညွှန်းကို သေချာဖတ်ပေးပြီးတော့ သုံးပေးပါ။ အဲ့ဒါတွေပြီးရင်တော့ ပက်တင်ချက်တာပြီးပြီပေါ့။
အဆင့်(၅)။ ။ ပက်တင်ချက်ထားတာက သက်သက်၊ မွှေထားတဲ့ နာနတ်အရည်လေးတွေက သက်သက်ဆိုတော့ အခု အဲ့ (၂)ခုကိုရောပြီးတော့ တစ်မိနစ်ကြာအောင်မွှေပါမယ်။ အဲ့လိုဆို တစ်ဖြည်းဖြည်းနဲ့ ပျစ်လာပြီး စားလို့ရတဲ့ နာနတ်ယိုလေးဖြစ်လာမှာပါ။ အအေးတော့ ခံလိုက်ပါဦးနော်။ အေးရင် ပိုချိုပါတယ်။
ပြောပြထားတာကတော့ နာနတ်သီးလတ်လတ်ဆတ်ဆတ်ကနေ ထုတ်တဲ့ယိုပါ။
နာနတ်သီးမရနိုင်ဘူး ကိုယ့်ဘာသာလည်းလုပ်ချင်တယ်ဆိုရင်တော့ စည်သွပ်နာနတ်သံဘူးလေးတွေနဲ့လည်း သုံးပြီးတော့ လုပ်လို့ရပါတယ်။ သူ့ကိုသုံးမယ်ဆိုရင်တော့ လိုအပ်တာတွေက
(၁) စည်သွပ်ဘူး (၂)ဘူးခွဲ (အလေးချိန်အနေနဲ့ဆို ၂၀အောင်စ ရှိရပါမယ်။)
(၂) သကြား (၂)ခွက် (၄၈၀ မီလီလီတာ)
အဲ့ဒါပါပဲ။ ဆိုတော့ကာ
အဆင့်(၁)။ ။ အိုးထဲကို နာနတ်သီးတွေရော၊ သကြားတွေရော အကုန်ဖောက်ထည့်လိုက်ပါ။ စည်သွပ် နာနတ်သီးတွေက ကြီးနေတယ်ဆိုရင်တော့ နည်းနည်းလေး သေးအောင်လုပ်ပေးပါဦ။
အဆင့်(၂)။ ။ ပုံမှန်မီးလေးနဲ့ပဲ ဆူပွက်လာတဲ့အထိကျိုချက်ပေးပါ။ တို့ဖူးကျိုသလိုပဲ မပြတ်အောင်တော့ မွှေပေးဖို့လိုပါတယ်။
အဆင့်(၃)။ ။ ပွက်လာပြီးတော့ မိနစ် (၂၀)လောက်ကြာအောင် ထပ်ပြီးတော့ ချက်ပေးရင် တစ်ဖြည်းဖြည်းနဲ့ ပျစ်လာမှာကိုတွေ့ရမှာပါ။ အပူချိန်တိုင်းကြည့်ချင်ရင်တော့တိုင်းကြည့်ပါ။ ၁၀၄ ဒီဂရီစင်တီဂရိတ် (၂၂၀ ဖာရင်ဟိုက်)လောက်ရှိနေမှာပါ။ ဇွန်းလေးနဲ့ ခပ်ထုပ်ကြည့် အဆင်ပြေတယ်ဆို မီးဖိုပေါ်ကနေ ချပြီးတော့ အဆင်မပြေသေးဘူးဆိုရင်တော့ ထပ်ချက်ပေးပါ။
အဆင့်(၄)။ ။ အအေးခံပြီးရင်တော့ စားလို့ရတဲ့ နာနတ်ယိုလေးရမှာပါ။
ဘယ်ဟာလာလာ ယိုတော့ချက်တတ်ပြီဆိုရင်တော့ သိမ်းတဲ့အဆင့် စည်သွပ်တဲ့အဆင့်လေးပါ ထပ်သိထားတယ်ဆိုရင်တော့ သူငယ်ချင်းတွေ ချစ်ခင်သူတွေကိုလည်း လက်ဆောင်ပေးရင် သုံးလို့ရတာပေါ။
အဆင့် (၁)။ ။ ပိုးသတ်တဲ့အဆင့်ပါ။ ကိုယ်ထည့်မဲ့ပုလင်းတွေ အကုန်သာထည့်ပြုတ်လိုက်ပါ။ အရစ်သံဖုံးလေးတွေနဲ့ ပုလင်းလေးတွေက လေလုံပါတယ်။ ခုဆို လှလှလေးတွေလည်း ရှိနေပြီဆိုတော့ လေလုံတဲ့ပုလင်းလေးတွေ ရှာဝယ်ပါ။
အဆင့်(၂)။ ။ ပြုတ်ပြီးပြီဆို အကြာကြီးမထားပဲ ယိုတွေကိုချက်ချင်းထည့်နိုင်တာ ကောင်းပါတယ်။ ချစ်လို့ဆိုပြီး အပြည့်မထည့်ရပါဘူးနော်။ အပေါ်မှာ (၆)စင်တီမီတာလောက်အလွတ် ထားပေးရပါမယ်။
အဆင့်(၃)။ ။ အရစ်မှာပေနေတာလေးတွေသုတ်၊ အဖုံးလေး သေချာပိတ်ပြီးရင် ထပ်ပြီးတော့ ပြုတ်ပေးရမှာပါနော်။ ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ (၅) မိနစ်ထားပြီးတော့ ယိုဘူးလေးတွေကို ပြန်ဆယ်၊ ရေသုတ်ပြီးပြီဆိုရင် (၁၈)လလောက်ကတော့ အသာလေးအထားခံတဲ့ နာနတ်ယိုဘူးလေးတွေကို ရမှာဖြစ်ပါတယ်နော်။ အခန်းအပူချိန်ရောက်တဲ့အထိ အအေးခံပြီးရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားရင် အကြာကြီးထားပြီး စားလို့ရတဲ့ နာနတ်ယိုဘူးလေးတွေကို တွေ့ရမှာပါ။
အဲ့တော့ ချစ်ချစ်ကိုဖြစ်ဖြစ် မချစ်ချစ်ကိုဖြစ်ဖြစ် လုပ်ကျွေးဖို့ နည်းလမ်းကောင်းလေးတစ်ခုကို ရသွားပြီဆိုတော့ ကျေနပ်ရပါတယ်။ အဆုံးထိဖတ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။
ထွန်းဝင်းကျော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....