ပုန်းရည်ကြီး ပြုလုပ်နည်း
ကျွန်မတို့ဒေသက အောက်ပြည်အောက်ရွာဆိုတော့ အထက်ဘက်က အစားအစာတွေ ရှားတယ်။ ငယ်ငယ် တုန်းကဆို နွေရာသီကာလတွေဆို အညာဒေသဘက်က ပုန်းရည်ကြီး၊ ဇီးထန်းလျက်၊ နို့မလိုင်လုံး ရောင်းတဲ့ စျေးသည်တွေလာရင် အပြေးအလွှား ဝယ်စားရတာမျိုး။
အဲ့ဒါတွေထဲက ပုန်းရည်ကြီးဆို အမျိုးမျိုး လုပ်စားဖြစ်တာ။ ပုန်းရည်ကြီးသုပ်၊ ပုန်းရည်ကြီးထမင်းသုပ်ဆို တခြား ဘာဟင်းမှမလိုလောက်အောင် ထမင်းစားမြိန်တာ။ ဝက်ပုန်းရည်ဟင်းဆိုရင်လည်း အရသာထူးလို့ ဟင်းကောင်း တစ်ခွက်ပဲ။
အဲ့အချိန်တုန်းကဆိုရင် ပုန်းရည်ကြီးစားချင်ရင် အညာဈေးသည်ကြီးတွေကြီးပဲ မျှော်ရတာပေါ့လေ။ အခုတော့ အလွယ်တကူဝယ်လို့ရနေပါပြီ။
ဒါပေမဲ့ ကျွန်မရဲ့ဝါသနာအရ ကိုယ်တိုင်လုပ်စားမှ သန့်ရှင်းလတ်ဆတ်ပြီး အရသာပိုတယ်ထင်မိတော့ တခြား ကိုယ့်လိုပဲလူတွေအတွက် ပုန်းရည်ကြီးလုပ်နည်းလေးနဲ့ သူ့ရဲ့အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်ရှင့်။
ပုန်းရည်ကြီးကို အများအားဖြင့် ပဲပိစပ် ကနေ ပြုလုပ်ကြပါတယ်။ တခြားပဲအမျိုးမျိုးတွေနဲ့လည်း ပုန်းရည်ကြီးကို လုပ်လို့ ရပါတယ်။
ပြုလုပ်နည်းကတော့ ..
(၁) ပထမဆုံး ပဲပိစပ်တွေကို ရေနဲ့စင်ကြယ်အောင် အကြိမ်ကြိမ်ဆေးရပါမယ်။
(၂) ပြီးရင် အိုးကြီးကြီးတစ်လုံးထဲကို ရေစင်အောင်ဆေးထားတဲ့ ပဲပိစပ် ၁ ဆ၊ ရေ ၃ ဆ ထည့်ပြီး ပြုတ်ရပါမယ်။
(၃) ပဲတွေနူးအိလာပြီဆိုရင် ဆယ်ယူပါ။ အိုးထဲကျန်ခဲ့တဲ့အရည်တွေကိုတော့ စဉ့်အိုးထဲ လောင်းထည့်ပြီး အချဉ် ဖောက်ပါမယ်။
(၄) အချဉ်ပေါက်ဖို့အတွက် ပုံမှန်အားဖြင့် ၅ ရက်ကနေ ၇ ရက်လောက်အထိထားလေ့ရှိပြီး အချဉ်အရသာ ပိုကြိုက်ရင်တော့ ရက်ကြာကြာ ထားနိုင်ပါတယ်။
(၅) ဒီလိုအချဉ်ပေါက်လာတဲ့ ပဲရည်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင် ပြန်ကျိုရပါတယ်။ ပြန်ကျိုတဲ့အခါမှာ ယောင်းမနဲ့ အဆက်မပြတ်မွှေပေးရပါတယ်။ မွှေတဲ့အခါမှာ လည်း ဒယ်အနှံ့သမအောင် မွှေဖို့လိုပါတယ်။
(၆) မွှေရင်းမွှေရင်းနဲ့ သင့်တော်တဲ့အပျစ် အနေထားရောက်ပြီလို့ ခန့်မှန်းရတဲ့အခါမှာ ဒယ်အိုးကို မီးဖိုပေါ်ကချပြီး အသင့်ဆေးထားတဲ့ မြူအိုး သို့မဟုတ် လေလုံတဲ့အိုး တစ်ခုခုထဲကို ခပ်ထည့်လိုက်ပါ။ ဒါဆိုရင် ပုန်းရည်ကြီး ရပါပြီရှင်။
(၈) အချဉ်ဖောက်တဲ့ ကြာချိန်ပေါ်မူတည်ပြီး အချဉ်အရသာကဲသော ပုန်းရည်ကြီးနဲ့ အဆိမ့်အရသာကဲသော ပုန်းရည်ကြီး ဆိုပြီး အရသာနှစ်မျိုးနှစ်စား ရှိနိုင်ပါတယ်။
စားသုံးသူအတော်များများကတော့ အဆိမ့်အရသာကဲတဲ့ ပုန်းရည်ကြီးကို ပိုကြိုက်ကြပါတယ်။
ပဲပိစပ်ကနေထုတ်လုပ်ထားတဲ့ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်း လုပ်စားလို့ရတဲ့အပြင် ပရိုတင်း ဓာတ်(Protein)၊ လက်စီတင်ဓါတ်(Lecithin)၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာ ရေးကိုလည်း အထောက်အကူပြုပါတယ်။
ပုန်းရည်ကြီးရဲ့ စားရင် ကျန်းမာရေးကောင်းကျိုးတွေကတော့ …
(၁) ပုန်းရည်ကြီးမှာပါတဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပေးပါတယ်။
(၂) လက်စီတင်ဓာတ်ကတော့ ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေကို ကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
(၃) ဒါ့အပြင် ကိုယ်တွင်းက မကောင်းတဲ့အဆီဓာတ် (ကိုလက်စထရောဓာတ်) ကိုလည်း ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။
(၄) ပုန်းရည်ကြီးစားခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်း ကင်းဝေးပြီး ဝမ်းပျော့ပျော့ သွားစေနိုင်တဲ့အတွက် အစာ အိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။
(၅) ပုန်းရည်ကြီးမှာပါတဲ့ အန်တီအောက်ဆီးဒန့်ဓာတ် တစ်မျိုးဟာ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ် ပေးနိုင်ပြီး ပုန်းရည်ကြီး မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။
ယောအတွင်းဦးဘိုလှိုင်ရေးသားပြုစုတဲ့ ဥတုဘောဇနကျမ်းမှာဆိုရင်လည်း
" ပုန်းရည်သည် ဝမ်းကိုပျော့စေတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အစာကိုကြေစေတတ်၏။ လေသလိပ်တို့ကို ငြိမ်းစေတတ်၏။ " ဆိုပြီး ပုန်းရည်ကြီးရဲ့ အကျိုးကျေးဇူးတွေကို ရေးသားဖော်ပြထားပါတယ်။
ဒါကြောင့် စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ ပုန်းရည်ကြီးကို အမျိုးမျိုး ပြုလုပ် စားရင်း ထမင်းစားမြိန်ကြပါစေနော်။
ရေးသားသူ - နှင်းဖြူဖြူ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ye win tun
လွန်ခဲ့သော ၂ နှစ် ကမဟုတ်ဘူးထင်တယ်ကျိုကြည့်ပြီးပြီ စာလို့မရဘူးကတ်စီးစီးကြီး ဖြစ်သွားတာ အဖတ်ပါသုံးရမှာထင်တယ် သေချာပြန်ပြီးရှင်းပြပေးပါအုံး ပုံလေနဲ့ဆိုပိုကောင်းတယ်
ကျော်ဌေး
လွန်ခဲ့သော ၃ နှစ် ကမဟုတ်ပါဗျ
ကိုစိုး
လွန်ခဲ့သော ၃ နှစ် ကပြုတ်ပြီးသားပဲနဲ့ရောကျိုရမှာမို့လား
U Naing
လွန်ခဲ့သော ၃ နှစ် ကပဲပါချေပီးသုံးရမာပါ
812984
လွန်ခဲ့သော ၃ နှစ် ကမယသလည်းသိချင်ပါ၏။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026