လက်ဖက်ခဲပြုလုပ်နည်း (Pressed Tea (Pu-Er-Cha) Processing)
၁။ လက်ဖက်ခူးခြင်း (Picking)
လက်ဖက်ခူးရာတွင် အချိန်သည် အဓိက ကျပါသည်။ နံနက် (၁၀)နာရီအတွင်း အချိန်မီ လက်ဖက်ခူးခြင်းသည် လက်ဖက်အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။ ညင်သာစွာ နှစ်ရွက်တစ်ညွန့် ခူးယူပါ။ (၄-၅) ညွန့်ခူးပြီးတိုင်း အိတ်ထဲထည့်ပါ။ သို့မှသာ လက်ဖက်ညွန့်များအား ဖိမိခြင်းမှ ကာကွယ်နိုင်မည်။ အိမ်ရောက်လျှင် ခူးလာသော လက်ဖက်ညွန့် များကို သတိပြု လျင်မြန်စွာ လေသလပ်ခံ ဖြန့်ထားပါ။
၂။ လက်ဖက်လှော်ခြင်း (Withering)
လက်ဖက်အရောင် ကွဲပြားခြင်းသည် လက်ဖက် လှော်ချိန်နှင့် လက်ဖက်နယ်ချိန်ပေါ် များစွာ မူတည်ပါသည်။ ခူးလာသော လက်ဖက်ညွန့်များကို ပထမဦးစွာ အရိပ်တွင် ဖြန့်လှန်းပါ။ ထို့နောက် လက်ဖက်ကို ဒယ်အိုး၏ အပူချိန် (၇၀ ဒီဂရီစင်တီဂရိတ်) ရှိချိန်က̈ (၂-၃ မိနစ်) ခန့်လှော်ပါ။
၃။ လက်ဖက်လှိမ့်ခြင်း (Rolling and Drying)
လှော်ပြီးသော လက်ဖက်များကို စက်(သို့မဟုတ်) လက်ဖြင့် လှိမ့်နယ်ပါ။ စက်ဖြင့်နယ်ပါက အညွန့်များသည် တစ်ဖက်တည်းသို့သာ ညီညာစွာ လိပ်နေသည့်အတွက် အရည်အသွေးကို ပိုမို ကောင်းမွန်စေသည်။ အမြင်ကိုလည်း ဖမ်းစားနိုင်သည်။ စက်(သို့) လက်ဖြင့်နယ်ထားသော လက်ဖက်များကို နေရောင်တွင် လှန်းပါ။ နေရောင်တွင်လှန်းခြင်းဖြင့် လက်ဖက် အရောင်ကို ပိုမို တောက်ပ လာစေသည်။ လက်ဖက်အရွက်အကြီးများ၊ ဝါနေသော လက်ဖက်အညွန့်များကို ရွေးပေးခြင်းဖြင့် လက်ဖက်အညွန့်လေးများ အရွယ်အစား ညီနေသည့် အတွက် လက်ဖက်ကိတ်ကို ပိုမိုကြည့်ကောင်းခြင်း၊ လက်ဖက်အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။
၅။ အလေးချိန် ချင်တွယ်ခြင်း (Weighting)
မိမိလိုချင်သော အလေးချိန်အတိုင်း အောက်ခြေတွင် ရေနွေးငွေ့ပျံနိုင်ရန် အပေါက် ကလေးများ ဖောက်ထား သော သတ္တုခွက်ထဲသို့ ထည့်ချင်ပါ။ အလေးချိန် ချင်တွယ်ရာတွင် အလွန် ခြောက်သွေ့နေသောလက်ဖက် ဖြစ်နေပါက ကြေမွနိုင်သည်။ ထို့ကြောင့် သတိဖြင့် ချင်တွယ် ရမည်။
၆။ ရေနွေးငွေ့ဖြင့် ပေါင်းခံခြင်း (Steaming)
ဖိနှိပ်ရာတွင် ကြေမွမသွားစေရန်အတွက် ရေနွေးငွေ့ဖြင့် အပူပေးပေါင်းခံရမည်။ လက်ဖက်ခြောက်ချင်ထည့်ထားသည့် အောက်ခြေဖောက်ထားသော သတ္တုပုံး လေးများကို ရေနွေးငွေ့ထွက်လာရာအပေါက်ဝတွင် အချိန် အနည်းငယ်ခန့် (ဖိနှိပ်နိုင်လောက်သည် အထိ) ပေါင်းခံပါ။ လက်ဖက်ခြောက်သည် အနံ့ စုပ်ယူသည့် ဂုဏ်သတ္တိ ရှိခြင်း ကြောင့် သတ္တုပုံးထဲ ထည့်၍ ရေနွေးငွေ့ဖြင့် အပူပေး ပေါင်းခံသည့်အခါ ရေတွင် ပါဝင်သော ရေ၏ သန့်ရှင်းမှုနှင့် ရေအနံ့များကို အထူးသတိပြုရမည်။
၇။ အဝတ်အိတ်ထဲ ထည့်ခြင်း (Shaping)
ရေနွေးငွေ့ဖြင့် အပူပေး ပေါင်းခံ ထားသော လက်ဖက်ခြောက် အပျော့များကို အဝတ်စဖြင့် ပြုလုပ်ထားသော အိတ်ထဲ ထည့်ပါ။ အိတ်၏ အောက်ခြေကို ပုံတွင် ပြထားသည့်အတိုင်း အဝိုင်းပုံစံ ပြုလုပ်ပါ။
၈။ ဖိနှိပ်ခြင်း (Press)
ကျောက်ပုံစံခွက်ထဲတွင် ထည့်ပြီး အချိန်အနည်းငယ်ခန့် ကြာအောင် ဖိထားရမည်။ အကောင်းဆုံး ကျောက်ပုံစံခွက် ၏ အလေးချိန်မှာ (၂၅-၃၅) ကီလိုဂရမ်နှင့် အချင်းမှာ (၂၀-၂၁) စင်တီမီတာ ရှိရမည်။ အဆင့်မြင့် ခေတ်မီ ဖိစက်ကြီးများဖြင့်လည်း ပြုလုပ်နေကြပြီ ဖြစ်သည်။
၉။ အအေးခံခြင်း (Cooling)
ဖိသိပ်ထားသော လက်ဖက်ကိတ်များကို လေဝင်လေထွက်ကောင်းမွန်သော နေရာတွင် သစ်သားဖြင့် ပြုလုပ်ထားသော စင်ပေါ်တွင် သန့်ရှင်းစွာ အအေးခံထားရမည်။ အခြားအနံ့များဖြင့် တွဲမထားရ။
၁၀။ သိုလှောင် အသုံးပြုခြင်း (Storage and Usage)
အနံ့များ စုပ်ယူမှုမရှိစေရန်အတွက် ဝါးရွက်အခွံများ၊ ငှက်ပျောရွက်အခြောက်များဖြင့်ထုပ်ပိုးထားရမည်။ သိုလှောင်သည့်အခါတွင်လည်း သစ်သားစင်များဖြင့် အဆင့်လိုက် သိုလှောင်ရမည်။ လက်ဖက်ခဲများသည် နှစ်ကာလကြာလာသည်နှင့်အမျှ ပိုမို အာနိသင်ကောင်းသည်။ သောက်သုံးသည့်အခါရေနွေးဖြင့် ပထမတစ်ကြိမ် စိမ်ထားပြီး သွန်ပစ်ပါ။နောက်အကြိမ်များမှ စတင် သောက်သုံးနိုင်ပါသည်။ သက်တမ်း (၁၀) နှစ် အထက်ရှိသော လက်ဖက်အပင်ကြီးများမှ လက်ဖက်ခဲ ပြုလုပ်လျှင် အရည်အသွေး ပိုမိုကောင်းမွန်ပါသည်။
Ref: ကဲရ် အင်တာနေရှင်နယ် (မြန်မာ) ၏ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၊ အရည်အသွေးနှင့် ဈေးကွက်မြှင့်တင်ရေး စီမံကိန်းမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....