ပဲငံပြာရည် ဆေးကြက်ဥအငန် ပြုလုပ်နည်း
အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကို ရိုးရိုးပြုတ်စားရတာ ငြီးငွေ့နေသူများအတွက် ပဲငံပြာရည်နဲ့ ရောပြုတ်ထားတဲ့ ဆေးကြက်ဥအငန် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ကြက်ဥနဲ့ ပဲငံပြာရည်ပဲ လိုအပ်တဲ့အပြင် ပြုလုပ်နည်းက အလွယ်လေးပဲမို့ မိမိအိမ်မှာ အလွယ်တကူပြုတ်စားနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ဥ ၄လုံး
ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်ဥ ၄ လုံးကို အနှစ် မကျက်တကျက်လေး စားချင်ပါက ၅ မိနစ် ပြုတ်ပါ။ ကြက်ဥအနှစ် ကျက်စေချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥပြုတ်များကို ရေခဲရေထဲ ထည့်ကာ အအေးခံထားလိုက်ပါ။ ပြီးရင်တော့ အခွံခွာလိုက်လို့ရပါပြီ။ (ရေခဲရေထဲ ထည့်ထားပါက အခွံခွာရတာ ပိုမိုလွယ်ကူပါတယ်။)

၂။ အိုးအသေး တစ်လုံးကို အပူပေးပြီး ပဲငံပြာရည်များ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ ပဲငံပြာရည် ဆူလာပါက မီးပိတ်ပြီးနောက် ကြက်ဥပြုတ်များထည့်ကာ ပဲငံပြာရည်များ နှံ့စပ်သွားအောင်လို့ ယောင်းမဖြင့် အသာအယာမွှေပေးလိုက်ပါ။
ဆား အရမ်းငန်တာမျိုး မကြိုက်ဘူးဆိုရင်တော့ တစ်မိနစ်၊ နှစ်မိနစ်ခန့်သာ မွှေပေးရပါမယ်။ ဆား လေးလေးပင်ပင် စားချင်တယ်ဆိုရင်တော့ ၅ မိနစ်ခန့် မွှေပေးရပါမယ်။

၃။ မွှေပြီးသွားရင်တော့ ကြက်ဥရော ပဲငံပြာရည်တွေကိုပါ ခြောက်သွေ့တဲ့ ဖန်ပုလင်းထဲထည့်ကာ အဖုံးလုံအောင် ဖုံးထားပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။
အနည်းဆုံး ၆ နာရီခန့် စိမ်ပြီးသွားတဲ့အခါမှာတော့ ဆေးကြက်ဥအငန်လေး ရရှိသွားပါပြီ။
Myfood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026