စလူမုန့်(ခေါ်)အညာသားကျောကုန်းမုန့် ပြုလုပ်နည်း
စလူမုန့်ဆိုတာ အညာဒေသရဲ့ ဘုရားပွဲ၊ နတ်ပွဲတွေမှာ အတွေ့ရအများဆုံး မုန့်တစ်မျိုးပါ။ ကောက်ညှင်းမှုန့်၊ ထန်းလျက်တို့နဲ့လုပ်ရပြီး စလူဖက်ရွက်ထဲထည့်ပြီး ထုပ်ရလို့ "စလူမုန့်" လို့ခေါ်ကြသလို မည်းမည်းပြောင်ပြောင်အညာသားကျောကုန်းနဲ့တူတာမို့ "အညာသားကျောကုန်းမုန့်" လို့လည်းခေါ်ကြပါသေးတယ်။ ဒါ့အပြင် မုန့်နီထုပ်၊ မုန့်ခွေးလျှာလို့လည်း အမည်တွင်ပါသေးတယ်။
မန္တလေးကျောက်တော်ကြီးပွဲ၊ တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲတွေမှာလည်း ရောင်းချကြတာကို တွေ့ရပါတယ်။ အရသာက ချိုချိုစေးစေးလေးဖြစ်ပြီး စလူဖက်ရွက်နဲ့ လုပ်ထားတာမို့ စလူရွက်နံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ်ပါ။ နှမ်းလှော်၊ အုန်းဆံတို့နဲ့လည်းတွဲပြီး စားတတ်ကြပါသေးတယ်။ လုပ်ရတာလည်း
မခက်ခဲလှတာကြောင့် အိမ်မှာလည်း လုပ်စားလို့ရသလို တနိုင်တပိုင် စီးပွားဖြစ်လည်း ရောင်းလို့ရသဖြင့်ပြုလုပ်နည်းလေးကို ဖော်ပြပေးပါမယ်။
စလူမုန့်လုပ်ရာမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့-
ကောက်ညှင်းဆန်၊ ဆန်ကြမ်း၊ မုန့်လုပ်ထန်းလျက် (အမည်း)၊ ဆား၊ စလူဖက် (မရှိက) ထန်းရွက်သန့်သန့် (အရမ်းမရင့်တာကိုရွေးပါ) တို့လိုအပ်ပါတယ်။
ပြုလုပ်နည်းမှာ-
၁။ ကောက်ညှင်းဆန် ၁ပြည်နဲ့ ဆန်ကြမ်းနို့ဆီဘူး ၂ဘူးကို ရေစိမ်ထားပါ။
၂။ ပြီးလျှင် ကောက်ညှင်းဆန်နဲ့ ဆန်ကြမ်းကို ဆားအနည်းငယ်ထည့်ပြီး ကြိတ်ပါ။
၃။ ကောက်ညှင်းချည်းဆို စားရတာ အာကပ်တာရယ်။ အရမ်းပျော့သွားနိုင်တာရယ်မို့ ဆန်ကြမ်းထည့်ရတာပါ။ (ဆန်ကြမ်းမထည့်လည်း ရပါတယ်)။
၄။ ကြိတ်ပြီးသား မုန့်နှစ်တွေကို အဝတ်အိတ်သန့်သန့်လေးထဲသွတ်ပြီး ရေကုန်တဲ့အထိ ( ကျောက်ပျဥ် / စဥ့်နှီးတုန်း) စတဲ့ လေးတဲ့ ပစ္စည်းတစ်ခုခုနဲ့ ဖိထားရပါမယ်။
၅။ အဝတ်အိတ်မရှိရင် ပုဆိုးအသန့်ကိုပဲ ထိပ်တစ်ဖက်ကိုကြိုးနဲ့ စုချည်ပြီး အိတ်သဖွယ်သုံးလို့ ရပါတယ်။
၆။ ထို့နောက်ထန်းလျက်ကို အရည်ကျိုရပါမယ်။ (မုန့်အရောင်ရင့်ချင်ရင် မုန့်လုပ်ထန်းလျက်နဲ့ လုပ်ပါ။ မုန့်လုပ်ထန်းလျက်ကျတော့ သဲနဲနဲပါတတ်ပါတယ်။)
၇။ ကျိုထားသော ထန်းလျက်ရည်ကို အအေးခံပြီး ဇလုံတစ်ခုပေါ်မှာ အဝတ်အသန့်လေးခံ လောင်းချပါ။
၈။ ပြီးရင် သဲနဲ့ အမှိုက်အမှုန်အမွှားလေးတွေ စစ်ပြီး၊ သံဒယ်အိုးထဲမှာ ညောင်စေးကျလုနီးနီး ထပ်ကျိုရပါမယ်။ (ဘာလို့လဲ ဆိုတော့ မုန့်နဲ့နယ်ရင် အရည်တွေ အရမ်းကြဲသွားတာမျိုး မဖြစ်အောင်လို့ ထပ်ကျိုတာပါ)
၉။ စောနက ရေစစ်ပြီးသား မုန့်အခဲနဲ့ အဆင်သင့်အရည်ကျိုထားတဲ့ထန်းလျက်ရည်နဲ့ သမသွားအောင် ရောနယ်ရပါမယ်။ (နယ်ပြီးသား မုန့်နှစ်က အရမ်းကြဲနေသေးရင် အဲ့ဒီ မုန့်နှစ်တွေကို မုန့်အိတ်ထဲပြန်ထည့်ပြီး ရေစစ်သွားအောင် လေးတဲ့အရာနဲ့ ပြန်ဖိထားပါ။)
၁၀။ မုန့်နှစ်အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ စလူရွက် သို့ ထန်းရွက်ကို ဆီလေးပါးပါးသုတ်ပြီး နယ်ထားတဲ့မုန့်ကို ထည့်ထုပ်ပြီး ပေါင်းအိုးထဲ ထည့်ပြုတ်ပါမယ်။ နာရီဝက်၊ မိနစ်လေးဆယ်ခန့်ဆို ကျက်ပါပြီ။
ကျက်ပြီဆိုတာနဲ့ မုန့်ထုတ်လေးတွေဆယ်ပြီး ဇကာလေးထဲထည့်ပြီး အအေးခံထားပါ။ အေးသွားရင် ဖက်လေးတွေခွာပြီး ပျော့ပျော့လေးကြိုက်သူက နှစ်သက်ရာ အုန်းသီး၊ နှမ်းလှော်တို့ဖြူးပြီး စားကြသလို မာမာလေးမှ ကြိုက်သူက မုန့်ထုပ်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအောက်ဆုံးထပ်မှာ ၁နာရီခန့်ထားပြီး မာမာလေးဖြစ်သွားရင် စားလို့ရပါပြီ။
စလူရွက်တို့၊ ထန်းရွက်တို့မရှိလျှင် ငှက်ပျောရွက်ကို ပျော့သွားအောင်ပြုတ်ပါ (သို့မဟုတ်)နေလှမ်းပါ။ ပြီးရင် အဲ့ငှက်ပျောရွက်ကို ဆီသုတ်ပါ။ ဆီသုတ်ထားတဲ့ ငှက်ပျောရွက်ထဲ ကို နယ်ထားတဲ့ မုန့်ကို ထည့်ထုတ်ပြီး ပေါင်းအိုးထဲ မိနစ် ၃၀၊ ၄၀ခန့်ပေါင်းပြီးပါက စားလို့ရပါပြီ။ ထန်းလျက်နဲ့ မကြိုက်ပါက သကြားနဲ့လည်း အဖြူထည်လုပ်စားလို့ ရပါတယ်။


မှီငြမ်း-ကိုသက်၏”စလူမုန့်ပြုလုပ်နည်း”
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကThanks
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....