ကမ္ဘာကြီးကိုခြောက်လှန့်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့များ
ဖန်လုံအိမ်ဓာတ်ငွေ့ဆိုသည်မှာ အနီအောက်ရောင်ခြည်ခေါ် အလွန်ပူပြင်းသည့်ရောင်ခြည်များကို စုပ်ယူထားပြီး ကမ္ဘာ့လေထုထဲသို့ အပူငွေ့များကို ပြန်လည်ထုတ်လွှတ်ပေးသော ဓာတ်ငွေ့များကို ဆိုလိုပါသည်။ ဖန်လုံအိမ်အာနိသင်ရှိသော အငွေ့များမှာ မီသိန်း(methane)၊ ကာဗွန်ဒိုင်အောက်ဆိုက် (Co2)၊ နိုက်ထရပ်အောက်ဆိုက် (N2O) နှင့် ကလိုရိုဖလူရိုကာဗွန် (CFCs) တို့ဖြစ်ပါသည်။
မီသိန်းသည် များသောအားဖြင့် ရေဝပ်နေသောစိုက်ပျိုးမြေများ၊ လယ်ကွက်များ၊ ကျွဲ နွားများ အစာချေခြင်းဖြစ်စဥ်များအပါအဝင် အမှိုက်ပုံများ၊ ကျောက်မီးသွေးတွင်းများမှ ထွက်ရှိပါသည်။
ကာဗွန်ဒိုင်အောက်ဆိုက်သည် အပင်များ၊ စက်ရုံများ၊ ကားများမှထွက်သော မီးခိုးများ၊ အမှိုက်ပုံများမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်း၊ သစ်တောများမီးလောင်ရာမှ ထွက်လာပါသည်။
နိုက်ထရပ်အောက်ဆိုက်သည် စိုက်ခင်းများတွင် နိုက်ထရိုဂျင်မြေဩဇာအလွန်သုံးစွဲခြင်းနှင့် စက်ရုံအလုပ်ရုံများမှထွက်ရှိပါသည်။
ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့မှာ လေအေးပေးစက် aircon များမှထွက်သော အငွေ့များဖြစ်ပါသည်။
အဆိုပါဓာတ်ငွေ့များ ပမာဏများလာလျှင် ကမ္ဘာ့အပူချိန် မြင့်တက်လာရုံမျှမက အဆမတန်မြင့်လာသောအပူရှိန်ကြောင့် အပူလှိုင်းများဖြစ်ကာ လူသားတို့ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်း၊ သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့်သေဆုံးခြင်း၊ အပူချိန်မြင့်၍ သီးနှံများစိုက်ပျိုး၍မရခြင်း၊ မျိုးညှောင့်မပေါက်ခြင်း၊ အသီးမတင်ခြင်း၊ မြေအောက်ရေများကျဆင်းလာကာ ရေရှားပါးလာခြင်း၊ မိုးခေါင်ခြင်း၊ အက်စစ်မိုးများရွာ၍ သီးနှံများပျက်စီးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်မြင့်မားလာမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ ပင်လယ်မှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမှုများလာသောအခါ ပင်လယ်ရေတွင် အယ်ကာလိုင်းဓာတ် (အငံဓာတ်) ပိုလာသဖြင့် ရေနေသက်ရှိများ (ငါးအပါအဝင် ရေညှိရေမှော်များ) ပျက်စီးကာ မျိုးတုံးခြင်း၊ အပူချိန်မြင့် ၍ ရေခဲတောင်များ ရေခဲမြစ်များ အရည်ပျော်ကျခြင်းကြောင့် ပင်လယ်ရေမြင့်တက်လာကာ ရေကြီးရေလျှံခြင်း၊ ကမ်းရိုးတန်းဒေသများတွင် မှီတင်းနေသော လူသားတို့ အိုးအိမ်များဆုံးရှုံးရခြင်း၊ မြို့ရွာများပျောက်ကွယ်ခြင်း၊ ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့များသည် အိုဇုန်းလွှာကို ပျက်စီးစေကာ အိုဇုန်းလွှာပါးလာသောကြောင့် အရေပြားကင်ဆာများ၊ မျက်စိတိမ်စွဲခြင်းများ ဖြစ်လာခြင်းစသော ဆိုးကျိုးများစွာကို အကျိုးဆက်ဖြစ်စေပါသည်။
အဆိုပါဓာတ်ငွေ့များကိုဖြစ်စေသော လုပ်ငန်းတွင် စိုက်ပျိူးရေးသည်လည်း ပါဝင်နေသောကြောင့် တောင်သူများအနေဖြင့်လည်း ရေအမြဲလွှမ်းနေသော လယ်ကွက်များတွင် ရေကို ရေသွင်းရေထုတ်စနစ်သုံးပေးခြင်း၊ နိုက်ထရိုဂျင်ကိုလျော့သုံးခြင်းနှင့် တတ်နိုင်သမျှ အမှိုက်သရိုက်မီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းကို ရှောင်ရှားပေးသင့်ပါသည်။ ကားများမှထွက်သော မီးခိုးငွေ့ကို လျှော့ချရန်အတွက်လည်း တတ်နိုင်သမျှ ကားစီးခြင်းလျှော့ချကာ စက်ဘီးစီးခြင်း၊ လမ်းလျှောက်နိုင်သောအကွာအဝေးကို လမ်းလျှောက်ခြင်း၊ aircon များကို မဖြစ်မနေသုံးသင့်မှသာ သုံးခြင်းတို့ ပြုလုပ်ရပါမည်။ တစ်ခါသုံးလူသုံးကုန်များအစား အခါခါသုံးနိုင်သောအရာများ သုံးခြင်း၊ မီးမရှို့ရဘဲ ဆွေးမြေ့သော လူသုံးကုန်များသုံးခြင်းကိုလည်း လုပ်ဆောင်ရပါမည်။
လူသားအားလုံးတို့သည် မိမိ၏ပင်ကိုယ်အသိစိတ်ဖြင့် တတ်နိုင်သမျှဆင်ခြင်ကြပါလျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုသည် ရာခိုင်နှုန်းအတော်တန်လျော့ကျမည်ဖြစ်ကာ အားလုံးသောသက်ရှိတို့သည် ကျန်းမာပျော်ရွှင်စွာဖြင့် သက်တမ်းစေ့ရှင်သန်နိုင်မည်မှာ မလွဲပင်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Soe
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
ကိုဇော်ဇော်
လွန်ခဲ့သော ၅ နှစ် ကတစ်ကမ္ဘာလုံးက အသိတရားရှိမှဖြစ်တော့မယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022