သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ကူးဆက်ရောဂါ
ကြွက်ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေထဲက ဖြစ်နိုင်ခြေအရှိဆုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ ကြွက်သေးပန်းရောဂါ အကြောင်းနဲ့ပက်သက်ပြီး ဒေါက်တာညိုမီထွေးကို မေးမြန်းထားတဲ့ အင်တာဗျူးတစ်ခုကို ကျွန်တော်တို့တောင်သူတွေသိရှိစေဖို့အတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
ကြွက်ကနေ ဘယ်လိုရောဂါတွေ အဓိကကူးဆက်နိုင်လဲဆိုတာ သိပါရစေ။
ကြွက်ကနေ လူကိုကူးဆက်နိုင်တဲ့ ရောဂါပိုးအမျိုးပေါင်း ၆၀ ကျော်လောက်ရှိပါတယ်။ ဒီထဲမှာ ကြွက်နဲ့ပက်သက်ရင် ပလိပ်ရောဂါကို လူသိများပါတယ်။ လူတွေမှာ ပလိပ်ရောဂါမကျခင် ကြွက်တွေ မှာအရင်ကျတယ်။ ကြွက်မှာရှိတဲ့ လှေးတစ်မျိုးက ကြွက်ရဲ့သွေးကိုစုပ်တယ်။ ပလိပ်ရောဂါကျရင် ကြွက်ကသေတယ်။ ကြွက်သေသွားတဲ့အခါ သူ့ရဲ့လက်ခံကောင်မရှိတော့ လိုက်ရှာရင်းနဲ့ လူကိုကူးပါတယ်။
အားလုံးမသိသေးတဲ့ရောဂါက ကြွက်သေးပန်းရောဂါ Leptospirosis ဖြစ်ပါတယ်။ ကြွက်ရဲ့ဆီးထဲမှာပါတဲ့ ဘက်တီးရီးယားက ပြင်ပစိုထိုင်းဆမှာ ရှင်သန်နေနိုင်ပါတယ်။ လူတွေက များသောအားဖြင့် ခြေညှပ်ဖိနပ်တွေ စီးကြတယ်။ ဒီလိုစီးတဲ့သူတွေရဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ၊ ရှနာတွေသာရှိခဲ့ပြီး ကြွက်သေးပန်းထားတဲ့ရေထဲကို လျှောက်မိရင် သူတို့ရဲ့ ဒဏ်ရာတွေထဲကို ဘက်တီးရီးယားတွေဝင်ပြီး လူကို ရောဂါဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နိုင်ခြေအရှိဆုံးရောဂါက ကြွက်သေးပန်းရောဂါပါ။ ဒါပေမယ့် လူထုရဲ့ သဘောပေါက်နားလည်မှုက တော်တော်နည်းပါတယ်။
ဒီရောဂါနဲ့ပက်သက်ပြီး ဂျာမနီနိုင်ငံ၊ သုတေသနနည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ မြန်မာနိုင်ငံက သီးနှံကာကွယ်ရေးထာနခွဲရယ်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ သုံးနိုင်ငံတို့ပူးပေါင်းပြီးတော့ ကြွက်ကနေ လူကိုကူးစက်တတ်တဲ့ရောဂါတွေထဲက Leptospirosis ရောဂါ ဘယ်လောက်ထိရှိတယ် ဆိုတာ မှတ်တမ်းတင်ဖို့ အချက်အလက်တွေစုနေပါတယ်။
Leptospirosis ရောဂါကို ဂျာမနီနိုင်ငံက ဓာတ်ခွဲခန်းနဲ့ အကုန်အကျခံပြီး စစ်ပေးပါတယ်။ ဒါကြောင့် ကျွန်မတို့က တခြားရောဂါတွေစစ်ဖို့အတွက် ကြွက်ရဲ့ အသည်း၊ အဆုတ်၊ သရက်ရွက်၊ ကျောက်ကပ်နဲ့ နားရွက်တွေကိုလည်း ပို့ထားတာရှိပါတယ်။ ကျွန်တို့ရဲ့ ကြွက်နဲ့ပက်သက်တဲ့ သဘောသဘာဝကို နား လည်မှုရယ်၊ ကျန်းမာရေးဦးစီးဌာနက ဆရာဝန်တွေ၊ နားလည်တတ်ကျွမ်းတဲ့သူတွေ ပူးပေါင်းပြီး ဒီပတ်ဝန်းကျင်မှာ ကြွက်ဦးရေ ဘယ်လောက်များနေပြီ ကြွက်ဦးရေထဲမှာမှ Leptospirosis ရောဂါကို သယ်ဆောင်ထားတာ ဘယ်လောက်ရှိနေပြီဆိုတာကို သိရှိဖို့လိုပါတယ်။
ဒီရောဂါကူးစက်ခံရတာကို ပျောက်ကင်းအောင်မကုသဘူးဆိုရင် လူရဲ့ကျောက်ကပ်နဲ့အသည်းကို ပျက် စီးစေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ဦးနှောက်အမြှေးရောင် ရောဂါတို့ကို ဖြစ်စေ နိုင်ပါတယ်။ လူကိုသေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ကူးဆက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
Leptospirosis ရောဂါကူးစက်ခံရတဲ့ လူနာတွေအနေနဲ့ ရောဂါကူးစက်ခံရရင် အဖျားကြီးတာ၊ ခေါင်း ကိုက်တာ၊ ချမ်းတုန်တာနဲ့ ကိုယ်လက်မအီမသာဖြစ်သလို ကြွက်သားတွေနာကျင်ကိုက်ခဲတာနဲ့ အော့ အန်တာတွေ ဖြစ်တတ်ပါတယ်။ ပြီးရင် အသားဝါဖြစ်တာ၊ မျက်လုံးတွေနီရဲတာတွေ၊ ဝမ်းဗိုက်အောင့် တာအပြင် ဝမ်းပျက်ဝမ်းလျောနဲ့ အရေပြားပေါ်မှာ အနီစက်တွေပေါ်တယ်လို့လည်း သိရပါတယ်။ ဒါတွေကတော့ ရောဂါရဲ့ ရှေ့ပြေးလက္ခဏာ တွေဖြစ်ပါတယ်။
ကြွက်ကနေတစ်ဆင့် ရောဂါတွေကူးဆက်မခံရအောင် ဘာတွေလုပ်သင့်ပါသလဲ။
ကြွက်ကနေ လူကိုကူးစက်တတ်တဲ့ရောဂါက ကြွက်ကောင်ရေအနည်းအများပေါ် မူတည်နေပါတယ်။ ရောဂါကို သယ်ဆောင်ထားတဲ့ ကြွက်ကောင်ရေနည်းရင် ရောဂါဖြစ်တာနည်းမယ်၊ ကြွက်ကောင်ရေ များနေရင်တော့ ကိုယ့်ဆီကူးစက်လာနိုင်တဲ့ ရောဂါတွေက အများကြီးပါပဲ။
ကာကွယ်နည်းကတော့ သန့်ရှင်းရေးဆောင်ရွက်တာပါပဲ။ ကြွက်ကောင်ရေပွားလာတာဟာ အစာရှိလို့၊ နေရာရှိလို့ဖြစ်တာကြောင့် သူတို့အတွက် စားကြွင်းစားကျန်မရှိဘူး၊ နေဖို့အတွက် ရှုပ်ပွနေတဲ့နေရာတွေ မရှိဘူးဆိုရင် ဘယ်လိုမှအသက်မရှင်နိုင်ပါဘူး။ ပုံမှန်အားဖြင့် အစာလုံလုံလောက်လောက်ရရင် တစ်လ တစ်ခါလောက် သားပေါက်တယ်ဆိုပေမယ့်လည်း နေရာမရှိ၊ အစာမရှိရင် သူတို့သားပေါက်တဲ့နှုန်း ကျသွားပါလိမ့်မယ်။
မြို့ပြအနေအထားကို ကြည့်မယ်ဆိုရင် အမှိုက်နဲ့စားကြွင်းစားကျန်ကို ဘယ်လိုရှင်းမလဲဆိုတာ အရေး ကြီးဆုံးပါပဲ။ ကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်က အမှိုက်နဲ့ စားကြွင်းစားကျန်တွေကိုရှင်းရမယ်။ ကာကွယ်တာ၊ နေ့စဉ်စောင့်ကြည့်တာနဲ့ နှိမ်နင်းတာ အဲ့သုံးခု မပေါင်းလို့မရဘူး။ အိမ်ပတ်ဝန်းကျင်မှာ သန့်ရှင်းဖို့က ဆုပေး၊ ဒဏ်ပေးစနစ်တွေ ရှိဖို့လိုအပ်ပါတယ်။ ရပ်ကွက်အလိုက် ဆောင်ရွက်ဖို့လိုပါတယ်။ ကြွက်မပေါ လာအောင်လုပ်ဖို့က အားလုံးမှာ တာဝန်ရှိပါတယ်။
ဖြည့်စွက်ပြောစရာရှိရင်လည်းသိပါရေစေ။
ကျွန်မတို့ရဲ့ အတွေ့အကြုံအရ တောင်သူတွေရဲ့ပတ်ဝန်းကျင်မှာနေတဲ့ ကြွက်က သန့်တယ်။ ခွဲကြည့်ရင် အသည်းလေးတွေက နီရဲနေပါတယ်။ မြို့ပြကကြွက်မှန်သမျှကတော့ ကျန်းမာရေးကမကောင်းပါဘူး။ မကောင်းတဲ့အတွက် ကြွက်ကနေရောဂါရဖို့က ပိုလွယ်ပါတယ်။
တောင်သူတွေအနေနဲ့ သတိပြုရမှာက ကြွက်ဖျက်လို့ ပျက်စီးတဲ့ဟာရယ်၊ ကြွက်သေးပန်းရောဂါရယ် ဒီနှစ်ခုကို သတိပြုသင့်တယ်။ မြို့နေလူတန်းစားကျတော့ ကြွက်ဖျက်လို့ပျက်တဲ့ဟာထက် ကြွက်ကနေ ကူးဆက်မယ့် ရောဂါတွေကို ပိုသတိထားသင့်ပါတယ်။
Source - Myanmar Times
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from Thein Soe Min
အားလုံး
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
02/07/2026
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
23/06/2026
မက်ဆီအမြဲလိုလို ပိုက်နဲ့စုပ်သောက်နေတာက ဘာလဲ?
20/06/2026
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....