“ကမာနေ့”
နူးညံ့တဲ့အသားကို စားသုံးခွင့်ပေးသလို အဖိုးတန်လှတဲ့ ပုလဲရတနာကိုလည်း ထုတ်လုပ်ပေးတဲ့ ကမာကောင်လေးတွေက တကယ်ထူးခြားလွန်းပါတယ်။ ဒီနေ့ကတော့ ကမ္ဘာတစ်ဝှမ်းလုံး လူကြိုက်အများဆုံး အစားအစာတစ်ခုလို့ လက်ခံထားတဲ့ bivalve molluscs မျိုးစိတ်ဝင် ကမာကောင်လေးတွေကို ဂုဏ်ပြုဖို့ သတ်မှတ်ထားတဲ့ “ကမာနေ့” ဖြစ်ပါတယ်။
ကမာကောင်တွေကို စားသုံးတဲ့အခါ ဗီတာမင် B12, ဗီတာမင် A, ဆယ်လီနီယမ်နဲ့ သံဓာတ်တွေကိုရရှိတာကြောင့် လူတို့ရဲ့ကျန်းမာရေးအတွက် ရာစုနှစ်များစွာ စားသုံးခဲ့ကြပေမယ့် အခုနောက်ပိုင်း အလွန်အကျွံငါးဖမ်းခြင်းနဲ့ ရေထုညစ်ညမ်းမှုကြောင့် ကမာကောင်လေးတွေရဲ့ ပေါက်ဖွားနှုန်းကို ထိခိုက်လာခဲ့ပါတယ်။
“ကမာနေ့ဖြစ်ပေါ်လာပုံ”
ကမာနေ့သမိုင်းကြောင်းကို အတိအကျမဖော်ပြထားပေမယ့်လည်း ကမာနဲ့လူသားတို့ကြား ဆက်ဆံရေးက ရှည်လျားလွန်းခဲ့တာက အမှန်ပါ။ ရောမခေတ်ကစပြီး၊ ဗြိတိန်နိုင်ငံ (United Kingdom) နဲ့ France(ပြင်သစ်) နိုင်ငံတွေမှာ ကမာကောင်တွေကို စတင်မွေးမြူခဲ့တဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ်။ ၁၉ ရာစုမှာ နယူးယောက်ဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ ကမာသတ္တဝါ အများဆုံးထုတ်လုပ်တဲ့ နေရာတစ်ခုဖြစ်ပြီး ထောင်နဲ့ချီတဲ့လူတွေအတွက် အာဟာရပေးနိုင်ခဲ့ပါတယ်။
ဒီနေ့ခေတ်မှာတော့ “ကမာနေ့”ကို နေ့ထူးနေ့မြတ်တစ်ခုအနေနဲ့ America နဲ့ United Kingdom နိုင်ငံတို့မှာ အများဆုံးကျင်းပကြပြီး၊ ပွဲတော်တွေနဲ့ မင်္ဂလာပွဲတွေမှာပါ ထည့်သွင်းကျင်းပလာပါတယ်။ လတ်ဆတ်တဲ့ကမာကိုစားတာ၊ ချစ်သူတွေအတွက် ကမာပုလဲတွေကို အမှတ်တရလက်ဆောင်ဝယ်ပေးခြင်းအားဖြင့် ကျင်းပကြတာမျိုး ဖြစ်ပါတယ်။
ကမာနေ့မှာ ကမာမီနူးဆိုပြီး သီးသန့်မီနူးစီစဉ်ထားတဲ့ စားသောက်ဆိုင်တွေရှိသလို၊ အိမ်ရဲ့မီးဖိုချောင်မှာလည်း ကမာနေ့အတွက် ထူးခြားတဲ့ကမာချက်ပြုတ်နည်းတွေကိုလည်း အထူးတလည်လေ့လာ ချက်ပြုတ်ကြပါတယ်။
ဘယ်လိုပင်ဖြစ်စေ... ကမာကောင်တွေဟာ စားသုံးရန် လိုအပ်တဲ့အရွယ်အစားကို ပြည့်မီဖို့အတွက် အချိန်ကာလ (၃) နှစ်လောက် အချိန်ယူကြီးပြင်းရပါတယ်။ လူတို့အတွက် အာဟာရဓာတ်တွေနဲ့ တန်ဖိုးရှိတဲ့ရတနာကို ထုတ်လုပ်ပေးနေတဲ့ ကမာကောင်လေးတွေ အရွယ်မတိုင်မီ အသက်သေဆုံးခြင်း၊ ပေါက်ဖွားမှုနှုန်း ကျဆင်းခြင်းတွေ မဖြစ်ရအောင်တော့ ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
ပျော်ရွှင်ဖွယ်ရာကမာနေ့လေး ဖြစ်ပါစေ။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....