အားသာချက် အားနည်းချက်တွေကိုသိထားတော့ ရှင်းလင်းရလွယ်ကူတာပေါ့
ကြွက်တွေရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကိုလည်း သိပါရစေ?
ကြွက်အမျိုးမျိုးမှာ ထူးခြားတဲ့ အားသာချက်တွေရှိတယ်။ မြေကြွက်တွေဆိုလို့ရှိရင် ကျင်းတူးတာ အင်မတန်တော်ပါတယ်။ နောက် ရေကူးလည်း အင်မတန်တော်တယ်။ မြို့ပြမှာရှိတဲ့ ရေမြောင်းတွေက သူတို့အတွက် သွားလာရေးလမ်းကြောင်းပဲ။ ဒါကို သတိထားရမယ်။ အစာရှိတဲ့နေရာကို သူတို့သွားဖို့အတွက် ဒီလမ်းကြောင်းတွေက အရေးပါတယ်။
အိမ်ကြွက်လို့ခေါ်တဲ့ကြွက်ဝမ်းဖြူကတော့ အမြင့်တက်အင်မတန်တော်တယ်။ သတိထားရမယ့်အချက်က အိမ်ဘေးနားမှာ အပင်တွေရှိနေရင် အဲဒီကနေတစ်ဆင့် ဝင်လာနိုင်တယ်။ အိမ်တွေမှာ မီးကြိုးတန်းလေးတွေ၊ မီးကြိုးထည့်တဲ့ ပိုက်လုံးတွေရှိရင်လည်း အဲဒါတွေကနေတစ်ဆင့် ဝင်လာနိုင်ပါတယ်။ ဝင်လာခဲ့လို့လူတွေရှိနေရင် သူဟာနေရာ တစ်နေရာမှာ မလှုပ်မယှက်ဘဲနဲ့ ငါးနာရီလောက်အေးဆေးနေနိုင်ပါတယ်။ တစ်ခါတလေဆိုရင် သေချင်ယောင်ဆောင်တတ်ပါတယ်။ ကြွက်မျိုးရင်းဝင်အားလုံးဟာ အနံ့ခံအာရုံ အင်မတန်ကောင်းတယ်။ အစာအနံ့ရလာပြီဆိုလို့ရှိရင် အဝေးကြီးဖြစ်ပေမဲ့ အစာရှိတဲ့ နေရာကို အနံ့ခံပြီးတော့ လာနိုင်ပါတယ်။
"အားနည်းချက်က အမြင်အာရုံအင်မတန် မှုန်ဝါးကြတယ်။ ကြွက်ကို အစာအဆိပ်လုပ်တဲ့အခါ အရောင်ကိုအဓိက မထားပါနဲ့၊ အနံ့နဲ့ အရသာကို အဓိကထားပါ။ အဓိကကတော့ အနံ့ပေါ့။"
ကြွက်ဝမ်းဖြူတွေက အရာဝတ္ထုအသစ်မြင်ရင် အဲဒီဟာကို စောင့်ကြည့်တယ်။ သူ့တို့ကို ဒုက္ခ မပေးဘူးဆိုမှ အဲဒီအရာဝတ္ထုဆီလာတယ်။ ကြွက်ဝမ်းဖြူကကြွက်အားလုံးထဲမှာ အိုင်ကျူအမြင့်ဆုံး ဖြစ်ပါတယ်။ အကယ်၍ အသေဖမ်းတဲ့ထောင်ချောက်နဲ့ ကြွက်ဝမ်းဖြူကိုထောင်ခဲ့လို့ မိတယ်ဆိုရင် နောက်ရက်တွေမှာ ဘယ်ကြွက်မှ ထောင်ချောက်ကိုမှ မလာတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အချင်းချင်းဆက်သွယ်တဲ့ ဆက်သွယ်ရေးစနစ် နှစ်မျိုးရှိတယ်လို့ အထောက်အထား၊ အကိုးအကားတွေကဆိုပါတယ်။
တစ်မျိုးက သူတို့ဟာ အန္တရာယ်တစ်ခုခုနဲ့ ကြုံခဲ့ရင် ဆီးနဲ့မစင်တွေမှာ မချိမဆန့် သေသွားရတယ်ဆိုပြီးတော့ အန္တရာယ်အနံ့ပေးခဲ့တယ်။ သူ့ရဲ့အဖွဲ့က ရောက်လာတဲ့အခါ ရှောင်ကြ ရှားကြဆိုပြီး သိသွားတယ်။ ဒါကြောင့် ြွကက်ဝမ်းဖြူကိုဖမ်းဖို့ ထောင်ချောက်ကို ရေနဲ့ ပြန်ဆေးပြီး နောက်တစ်ရက် ပြန်ဖမ်းရင် အဆင်မပြေတော့ဘူး။ နောက်တစ်မျိုးက ကျွန်မတို့မကြားနိုင်တဲ့ အသံလှိုင်းနဲ့ ဆက်သွယ်ကြတာပါ။ အဲဒီလို အသံမျိုး လွှင့်ထားခဲ့တာကို ကျန်တဲ့အကောင်တွေကြားရင် ဒီပတ်ဝန်းကျင်ဟာ သူတို့အတွက် အခြေအနေမကောင်းဘူးဆိုတာ သိသွားကြပါတယ်။
Source - Myanmar Times
Khaing Gyi
လွန်ခဲ့သော ၂ နှစ် ကကြွက်ပြေးနည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Thein Soe Min
အားလုံး
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
02/07/2026
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
23/06/2026
မက်ဆီအမြဲလိုလို ပိုက်နဲ့စုပ်သောက်နေတာက ဘာလဲ?
20/06/2026
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026