ပဲတီစိမ်း၊ မတ်ပဲ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ
- မြန်မာအမည် = ဘက်တီးရီးယားရွက်ခြောက်ရောဂါ
- အင်္ဂလိပ်အမည် = Common leaf blight, Halo blight
- သိပ္ပံအမည် = Common bligh (Xanthomonas phaseoli)
- = Halo blight (Pseudomonas phaseolicola)
နှစ်စဉ်နီးပါးကျရောက်လေ့ရှိပေမဲ့ မြန်မာ့ပဲစိုက်တောင်သူများ သတိမထားမိသေးတဲ့ရောဂါကတော့
ဘက်တီးရီးယား ရွက်ခြောက်ရောဂါပါ။

စပါးရွက်ခြောက်ရောဂါ(BLB) ကို လူသိများပေမဲ့ ပဲရွက်ခြောက်ရောဂါကိုတော့ အသိနည်းကြပါသေးတယ်။
ဆေးဖျန်းလို့ အရွက်လောင်တာလိုလို...
နေပူရှိန်ပြင်းထန်လို့ နေပူလောင်တာလိုလိုပဲ ထင်တတ်ကြပါတယ်။
ကမ္ဘာ့အပူချိန်ပြောင်းလဲလာတာနဲ့အမျှ အပင်ရောဂါကျရောက်မှုပုံစံတွေဟာလည်း ပြောင်းလဲလာတာကို အစိမ်းရောင်လမ်း အဖွဲ့ဝင်များနဲ့တကွ စာဖတ်ပရိတ်သတ်များ သတိပြုမိစေရန် ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
ရောဂါဖြစ်စေသက်ရှိ
မြေဆောင်၊ မျိုးစေ့ဆောင် ဘက်တီးရီးယားဖြစ်ပြီး အမျိုးအစား၂ မျိုးရှိတာ တွေ့ရပါတယ်။

၁။ သာမန်ရွက်ခြောက်ရောဂါ (common bean leaf blight disease)
- ဇင်သိုမိုးနပ်စ် ဘက်တီးရီးယားမျိုးစိတ်ကြောင့် ဖြစ်ပါတယ်။
၂။ ဟေလို ရွက်ခြောက်ရောဂါ (Halo leaf blight disease)
- ဆူဒိုမိုးနပ်စ် ဘက်တီးရီးယားမျိုးစိတ်ကြောင့် ဖြစ်ပါတယ်။
ရောဂါလက္ခဏာ
ဘက်တီးရီးယားရောဂါ စတင်ဝင်ရောက်ကာစ လက္ခဏာဟာ ရေစိုနာအစက်အပြောက်လေးတွေကနေ စတင်ပါတယ်။
ဘက်တီးရီးယားဆိုတာ ကိုယ်တိုင် အပင်ဆဲလ်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိပါဘူး။
- အင်းဆက်တွေ ကိုက်တဲ့ဒဏ်ရာ
- လေပြင်းတိုက်ခတ်လို့ ရတဲ့ဒဏ်ရာ
- မိုးသည်းထန်လို့/မိုးစက်မှန်လို့ ထိခိုက်ဒဏ်ရာ
- အပင်သဘာဝ စတိုမာအပေါက်များ
- အခြားသက်ရှိတစ်မျိုးမျိုးကြောင့်ရတဲ့ဒဏ်ရာများကတဆင့်သာ ဝင်ရောက်နိုင်ပါတယ်။
ဒါကြောင့် ရောဂါရပုံသဏ္ဍာန်ဟာ ရရှိတဲ့ ဒဏ်ရာအပေါ်လည်း မူတည်ပါတယ်။
များသောအားဖြင့် အရွက်ရဲ့အောက်ဖက်မျက်နှာမှာ ဆီစွန်း၊ရေစိုနာ အညိုပြောက်လေးတွေတွေ့ရပါတယ်။
ရောဂါစတွေ့ပြီး ၁၀ - ၁၄ ရက် ကြာရင် အလယ်တစ်သျှူးသားတွေ ညိုခြောက်ပြီး အဝါရောင်အနားသတ်လိုင်းနဲ့ အရွယ်အစား၊ ပုံသဏ္ဍာန် မညီသော ရွက်ပြောက်၊ ရွက်ခြောက် လက္ခဏာ တွေ့ရပါတယ်။
Common blight နဲ့ Halo blight လက္ခဏာက သိပ်မကွာပါဘူး။
Halo blightကတော့ အကွက်ပိုကြီးပြီး နှတ်ခမ်းနားတွေမှာအဝါဖျော့ရောင် အရွက်ခြောက်တာတွေ့ပါတယ်။
ဘက်တီးရီးယားမှန်းသိသာစေတာကတော့ ကူးစက်မြန်ခြင်းပဲ ဖြစ်ပါတယ်။
အချိန်မီ ကာကွယ်နိုင်ခြင်းမရှိရင် တကွင်းလုံးခြောက်သွေ့ပြီး ဆုံးရှုံးနိုင်ပါတယ်။
ဖြစ်တတ်သောရာသီဥတု
- အပူချိန် ၂၈-၃၂ ဒီဂရီ ဆဲစိယပ် အကြား
- မိုးရွာတလှည့်၊ နေပူတလှည့် အခြေအနေ
- မိုးမရွာဘဲ လေပြင်းတိုက်ခတ်သည့်အခြေအနေ
- မိုးကြီးရွာပြီး ပူနွေး၊ စိုစွတ်အခြေအနေတွေမှာ ဘက်တီးရီးယား ဝင်နိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်း
- မျိုးစေ့ကို ၄၅ ဒီဂရီဆဲစိယပ် ရေနွေးမှာ ၁၀ မိနစ် စိမ်စိုက်ခြင်း (သို့မဟုတ်) စထရက်တိုမိုင်စင် (streptomycin) နှင့် လူးနယ်စိုက်ခြင်း
- ခံနိုင်ရည်ရှိသော မျိုးစေ့ကိုအသုံးပြုခြင်း
- ရောဂါလက်ခံပင်များ၊ ပေါင်းပင်များ ရှင်းလင်းခြင်း
- ၂ နှစ်တကြိမ် မတူညီသောသီးနှံ အလှည့်ကျ စိုက်ပျိုးခြင်း
- ကော့ပါးဆေး တမျိုးမျိုးကို ၁၀ ရက်ခြား ဖျန်းခြင်းများ ပြုလုပ်ပေးပါ။
ရောဂါကုသခြင်း
အော်ဂဲနစ်နည်းဖြင့် ဘက်တီးရီးယားရွက်ခြောက်ရောဂါကို ကုသနည်း မသိသေးပါ။
ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းမယ်ဆိုရင်တော့...
Xanthomonas sp,အတွက် ...
Bismerthiazol (ဖာတီဇို, ဘီလီယံ...) ကို အသုံးပြုနိုင်ပါတယ်။ (Pseudomonas sp အတွက်တော့ မသေချာပါ)
အကယ်၍ ဘက်တီးရီးယား ရွက်ခြောက်ရောဂါလက္ခဏာဟု သံသယရှိရင်တော့...
ပင်ပြလက္ခဏာကို ဖုန်းဖြင့် ရှင်းလင်းစွာ ရိုက်ပြီး အစိမ်းရောင်လမ်း(အမေးအဖြေကဏ္ဍ)ကို အလျင်အမြန် ဆက်သွယ်မေးမြန်း အကူအညီရယူပါလို့ အကြံပြုတင်ပြရင်း...
စေတနာများစွာဖြင့်...
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်ကိုဝင်း
လွန်ခဲ့သော ၂ နှစ် ကခါးရိရောဂါကိုရောဘယ်လိုကုသပါသလဲဆရယ
အောင်စိုးဦး
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးအများကြီးတင်ပါတယ်
U kyaw
လွန်ခဲ့သော ၃ နှစ် ကဆရာကြက်သွန်နီ မှာရောဒီရောဂါကျနိုင်လား
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကဒေါင်းမြီးပျံ ထူတဲ့စပါးခင်းအတွက် စပါးမျိုးစေ့ကြဲပြီး ၊မြေကြီးဖျန်းတဲ့ ကြိုရှင်း စပါးပေါင်းအုပ်ဆေး သုံးပါ။၁လီတာ=တဧက နုန်ူး
နေမင်းထက်
လွန်ခဲ့သော ၃ နှစ် ကဆရာ မိုးစပါးစိုက်ရင် လယ်ထည်း ဒေါင်းြမီးပျံတွေ တစ်အားပေါက်တယ် စပါးဘပီးလို့ ပဲစိုက်လည်း ဒေါင်းြမီးပျံတွေက အပြည့်ပဲ အဲ့ဒါတွေ ပျောက်အောင် ဘယ်လို နည်းနဲ့နိမ်နင်းရမလည်း ဆိုတာလေးကို ပြောြပပေးပါ ဆရာ သုံးစွဲရမည့်ဆေးလေးတွေပါ ပြောြပပေးပါ ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....