#ဘူး၊ ဖရုံ အသီးကင်းလေးတွေ ဘာကြောင့်ပုပ်ရသလဲ
အစိမ်းရောင်လမ်း တောင်သူမိတ်ဆွေများ အမေးအဖြေကဏ္ဍမှာ ဒီလိုမေးခွန်းမျိုးက အ မေးများတဲ့ မေးခွန်းပါ။
တကယ်လည်းပဲ.. ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား၊ ကြက်ဟင်းခါး အပင်တွေမှာ အသီးကင်းလေး တွေ ဆက်လက်မကြီးနိုင်တော့ပဲ တပိုင်းပုပ် ကြွေကျတာကို စိုက်ဖူးသူတိုင်းကြုံတွေ့ နေရပါတယ်။

သို့ပေမဲ့..ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ဂဃနဏ သတိထားမိသူ နည်းကြလိမ့်မယ်လို့ထင်တဲ့အတွက် ဒီစာစုကို ရေးသားရခြင်းဖြစ်ပါတယ်။
အဓိကကျတဲ့အကြောင်းရင်းတွေကို ဖော်ပြပေးရမယ်ဆိုရင်....
၁။ ဝတ်မှုံကူးမှု ချို့ယွင်းခြင်း
(Poor pollination)
ဘူး၊ ဖရုံ မျိုးနွယ်တွေဟာ အဖိုပွင့်၊ အမပွင့် သီးခြားစီရှိပြီး ဝတ်မှုန်ကူးမှု အောင်မြင်ဖို့ ပျား၊ ပိတုန်း၊ လိပ်ပြာ တို့ရဲ့ အကူအညီများစွာရရှိပြီးမှသာ သန္ဓေအောင်မြင်ဖို့ ရာနှုန်းများပါတယ်။
အဖိုပွင့် ၄ ပွင့် အရင်ပွင့်ပြီးမှ အမပွင့်တပွင့် ပွင့်လေ့ရှိကာ ဝတ်မှုန်ကူးချိန်ကာလ ၄-၆ နာရီသာ ကြာပါတယ်။
ဒါကြောင့် မနက်ခင်း ၆နာရီကနေ ၁၀ နာရီအတွင်း ပျားပိတုန်းအကူအညီနဲ့ သော်လည်း ကောင်း၊ လူအကူအညီဖြင့်သော်လည်းကောင်း ဝတ်မှုန်ကူးကြရပါတယ်။ မကူးနိုင်ရင် အမပွင့်က အလိုလို ညှိုးခြောက်ကြွေကျပါတယ်။
(လူအကူအညီနဲ့ ဝတ်မှုန်ကူးရင် စုတ်တံနုနုနဲ့ အဖိုပွင့်ဝတ်မှုန်ကို ယူပြီး အမဝတ်မှုံခံတိုင် ပေါ်တို့ ပေးရပါတယ်။)
၂။ နိုက်ထရိုဂျင်မြေသြဇာ များလွန်းခြင်း
Excessive nitrogen
မြေကြီးထဲမှာ၊ သဘာဝ မြေဆွေးလည်း ကျွေးထားတယ်။ ၁၅ ပတ်လည်လည်းခံတယ်။ ပုလဲသီးသန့်လည်း ကျွေးမယ်ဆိုရင် အပင်ကြီးထွားနှုန်းကောင်းပေမယ့် အပွင့်အသီးနှုန်း နည်းတတ်ပါတယ်။
ဒါကြောင့် အပွင့်ပွင့်စဥ်မှာ N:P:K ကို အလယ်ချိုးနဲ့ နောက်အချိုးများတဲ့ မြေသြဇာကိုပဲကျွေးသင့်ပါတယ်။
၃။ ပတ်ဝန်းကျင်အခြေအနေ ထိခိုက်မှု
(Enviromental stresses)
ဘယ်သီးနှံမဆို အပွင့်ပွင့်ချိန် မိုးမိခြင်း၊ အပင်ခြေ ရေဝပ်ခြင်း၊ အပူချိန် အရမ်းမြင့်မားခြင်းတွေကို မကြိုက်ကြပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဝတ်မှုန်ကူးချိန်မှာလိုအပ်တဲ့ အစာချက်လုပ်မှု၊ ကာဘိုဟိုက်ဒြိတ် ရရှိမှုမလုံလောက်တော့လို့ပါ။
( Green house ကဲ့သို့ ဖန်လုံအိမ် စိုက်ပျိုးရေးစနစ်နဲ့ အပူချိန်၊ စိုထိုင်းဆကို လိုသလို ထိန်း ချုပ်မှု အောက်မှာသာ အဆင်ပြေနိုင်မှာပါ)
၄။ အာဟာရဓာတ်ချို့တဲ့ခြင်း
(Nutrient deficiency)
ဘူး၊ ဖရုံအပါအဝင် သီးနှံအတော်များများမှာ အပွင့်အသီးဝင်ချိန် အာဟာရဓာတ်ချို့တဲ့တတ်ပါတယ်။ အထူးသဖြင့် ဘိုရွန်၊ ကယ်လစီယမ် ချို့တဲ့ပါတယ်။
ဘိုရွန်ချို့တဲ့ရင် အပွင့်လေးတွေ ခြောက်ကပ်နေပါတယ်။
ကယ်လစီယမ် ချို့တဲ့ရင် အသီးကင်းလေးတွေ ထိပ်ပုပ်၊ ဖင်မဲတတ်ပါတယ်။ ကယ်လစီယမ်ပါသောမြေသြဇာကို ကျွေးပေးပါ။ ကယ်လ်ဘိုမက်အားဆေးဖျန်းပေးပါ။ (ပန်းပွင့်များ ဝတ်မှုံကူးချိန်ကို ရှောင်ပါ။)
၅။ မှိုရောဂါကြောင့် အသီးကင်းပုပ်ခြင်း
(Fungus disease)

ပန်းပွင့်ချိန်မှာ ရာသီဥတုအုံ့မှိုင်းခြင်း၊ ဆီးနှင်းကျခြင်း၊ ဖြစ်စဥ်တွေ အချိန်ကြာကြာဖြစ်ခဲ့ရင်မှို ရောဂါဝင်ရောက်နိုင်ပါတယ်။
(Choanephora sp) သီးကင်းပုပ်မှိုရောဂါတမျိုးကြောင့် အသီးထိပ်မှာ မှိုစပိုး မည်းမည်း အမှုန်တွေ တွေ့ရပါတယ်။ လေထုစိုစွတ်မှုနဲ့အတူ ကူးစက်သလို မြေလျှောက်နွယ်ပင်တွေမှာမြေကြီးထဲကတဆင့်လည်း ကူးနိုင်ပါတယ်။
ဒီရောဂါကို ဓာတုဆေးတွေနဲ့ ကုသမှုက မထိရောက်နိုင်ပါဘူး။
(ဟိုက်ဒြိုဂျင်ပါအောက်ဆိုက် ၃% ကို ရေတဂါလံ ၁၀ စီစီ နှုန်းဖျန်းပေးနိုင်ပါတယ်။ အပင်ခြေကိုလည်းဖျန်းပေးရင် ပိုးမွှားရောဂါကာကွယ်စေတယ်လို့ ဆိုပါတယ်။)
၆။ သီးထိုးယင်ကြောင့် အသီးပုပ်ခြင်း
(Fruit fly )
ဝတ်မှုန်ကူးပြီးစ အသီးကင်းလေးတွေကို သီးထိုးယင်တွေ ဖျက်ဆီးရင်လည်း လောက်ကောင်တဖွားဖွားနဲ့ အသီးပုပ်တတ်ပါတယ်။
သီးထိုးယင်ကို ကာကွယ်ဖို့ (pheromone trap) လိင်ဆွဲဆောင် ဟိုမုန်းထောင်ခြောက် ထားရှိခြင်းဖြင့် ပိုးအကောင်ဦးရေလျော့ချပြီး မိတ်လိုက်၊ မျိုးပွားမှုကို ဟန့်တားနိုင်ပါတယ်။
ဓာတုဆေးအစား သဘာဝပိုးသတ်ဆေးကို ပြုလုပ်သုံးစွဲသင့်ပါတယ်။
(တမာရွက် လက်တဆုပ်၊ ကြက်သွန်ဖြူ ၅ မွှာ၊ ငရုတ်သီးစိမ်း ၅ တောင့်တို့ကို နုပ်နုပ်စင်းပါ။ရေ ၂၅၀ စီစီရောပြီး Blender (ကြိတ်စက်) နဲ့ မွှေပါ။ ရလာတဲ့ပျော်ရည် ၅၀ စီစီကို ရေတဂါလံနှုန်းရောပြီး ဖျန်းပေးနိုင်ပါတယ်။)
စေတနာများစွာဖြင့်..
ပျံလွှား(ပုလဲ)
Sources _ Pumpkin fruit set,Purduo University, Private field experience
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
သီးကင်းပုပ်ခြင်း
Min Aung
လွန်ခဲ့သော ၂ နှစ် ကအဖိုပွင့်တွေအထဲမှာပုတ်ပြီးလောက်ကောင်တွေပေါက်နေတယ်။ ဘာပိုးလဲ၊ေအာ်ဂင်းနစ်ဘာဆေးသုံးရမလဗျ။
Kyaw Lwin
လွန်ခဲ့သော ၃ နှစ် ကမဂ်လာပါ ဒို့ဦးလေးကြီးခင်ဗျား အခုလို အရေးပါလှတဲ့ စိုက်ပျိုးရေးပညာတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးရုံမျှမက ကိုတိုင်တွေးခေါ်နိုင်အောင်ပါ ရေးသားပေးနေလို့ အထူးပဲကျေးဇူးတင်ပါတယ်ဗျ ကျွန်တော် သိချင်တာလေးတစ်ခုကိုလဲမေးပါရစေ မန္တလေးတိုင်း မြင်းခြံ ခရိုင် နွားထိုးကြီးမြို့နယ် မှာနေပါတယ် မိုးခေါင်ရေရှား တဲ့ဒေသမို့ စိုက်ပျိုးသီးနှံ မအောင်မြင်ကျပါဘူး ဆုံးရှုံးနှစ်သာ များပါတယ် ရေကိုလိုအပ်သလိုရမယ်ဆိုရင်တော့ အောင်မြင်နိုင်မယ်ထင်ပါတယ် အဝီစိတွင်းရေနဲ့ သွင်းမယ်စိုက်မယ်ဆိုပြန်တော့လည်း ၃ နှစ်လောက်နေရင်မြေပြတ်တယ်လို့ဆိုတာရယ် ဆီဖိုးကုန်ကြစရိတ်များတာရယ်ကြောင့်မလုပ်ရဲကြပါဘူး ဒါကြောင့် အဝီစိတွင်း ရေနဲ့ မြေမပြတ် အကျိုးမြတ်ရှိစေမဲ့ စိုက်ပျိုးနည်းစနစ်အကြောင်းလေးကို တင်ဆက်ပေးပါအုံးလို့ အညာကတောင်သူတွေ အားလုံးကိုစား တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ
အောင်ပိုင်
လွန်ခဲ့သော ၃ နှစ် ကအသီးတွေ မကြီးဘူး ပုပ်သွားတယ်
ying bawm
လွန်ခဲ့သော ၄ နှစ် ကဘူးသီးကိုလက်ဖြင့်မထိပါနှင့်ပုဒ်လွယ်သည်
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး