ပဲတီစိမ်း၊ မတ်ပဲ ဆာကိုစပိုရာရွက်ပြောက်ရောဂါ ကာကွယ်နှိမ်နင်းနည်း
- မြန်မာအမည် = အရွက်ပြောက်ရောဂါ
- အင်္ဂလိပ်အမည်= Cercospora leaf spot
- သိပ္ပံအမည် = Cercospora canescens
မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးမှာ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ မတ်ပဲသီးနှံကို စိုက်ဧက အများအပြား စိုက်လေ့ရှိကြပါတယ်။ ဒီနှစ်ဆောင်းမှာတော့ အချိန်အခါမဲ့ မိုးရွာသွန်းမှုများကြောင့် ရန်ကုန်တိုင်းနဲ့ အချို့ဒေသတွေမှာ ပဲစိုက်တောင်သူများ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။
စိုက်ပြီး အပင်ငယ်မိုးမိ/ရေဝပ်ခြင်း၊ ဖျက်ပြီးပြန်စိုက်ရခြင်း၊ စိုက်ချိန်နောက်ကျခြင်း၊ ထွန်ရေးကောင်းစွာမပြင်နိုင်ခြင်း စတဲ့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။

နောက်ဆက်တွဲ ပြဿနာကတော့ ပဲတီစိမ်း၊ မတ်ပဲခင်းတွေမှာ ရွက်ပြောက်ရောဂါ အဖြစ်များလာတာတွေ့ရတာပါပဲ။ ဒါကြောင့် ဒီရောဂါဖြစ်လာရင် ဘယ်လိုကာကွယ်ကုသသင့်သလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။
ရောဂါဖြစ်စဉ်အကျဉ်းနဲ့ လက္ခဏာ
ရွက်ပြောက်ရောဂါ ဆိုပေမဲ့ အော်တာနေရီးယားရွက်ပြောက်၊ ဆာကိုစပိုးရားရွက်ပြောက် စသဖြင့် အမျိုးမျိုးရှိကြသလို ဆာကိုစပိုးရာရွက်ပြောက်ရောဂါမှာကိုပဲ သီးနှံအလိုက် မျိုးစိတ်တွေ များစွာ ကွဲပြားခြားနားကြပါသေးတယ်။
Cercospora ဆိုတာ..
Cerco ဆာကိုနဲ့ Spore စပိုး နဲ့ ပေါင်းခေါ်ကြတာပါ။
Cerco ဆိုတာ လက်တင်ဘာသာ ဆာကယ်လ်(စက်ဝိုင်းပုံ)လို့ ခေါ်ပြီး၊
Spora(စပိုး= ကပ်ပါးမှို)လို့ အဓိပ္ပာယ်ရပါတယ်။
ဒါကြောင့်...Cercosporaဆိုတာ...
"စက်ဝိုင်းပုံ အစက်အပြောက်မှိုရောဂါ " လို့ မြန်မာလိုအဓိပ္ပာယ်ယူနိုင်ပါတယ်။
သီးနှံအမျိုးအစားလိုက်ပြီး ဆာကိုစပိုရာ မျိုးစိတ်တွေ ကွာခြားပါတယ်။
ဥပမာ..
- သကြားမုန်လာမှာ...Cercospora beticola,
- ငရုတ်ရွက်ပြောက်ရောဂါမှာ... Cercospora capsici
- မုန်ညင်း၊ မုန်လာမှာ... Cercospora nasturtii
- မြေပဲရွက်ပြောက်မှာ... Cercospora arachidicola
စသဖြင့်ကွဲပြားခြားနားကြပါတယ်။
ရောဂါလက္ခဏာ
ပဲတီစိမ်း၊ မတ်ပဲ သီးနှံမှာတော့..
- Cercospora canescens လို့ ခေါ်တဲ့ မျိုးစေ့ဆောင်မှို(seed borne) ကြောင့် ဆာကိုစပိုရာရွက်ပြောက်ရောဂါဖြစ်စေတာပါ။
- အောက်ရွက်တွေပေါ်မှာ အညိုရောင်အစက်အပြောက်လေးတွေနဲ့ အဝါရောင်နှုတ်ခမ်း နားသတ်ပုံစံ တွေ့ရပါတယ်။
- မိုးကြီးရွာပြီး နောက်ရက်တွေမှာ မြေကြီးထဲက မှိုစပိုးတွေက မိုးရေပေါက်တွေကတဆင့် အရွက်ရဲ့ တစ်သျှူးသားထဲ ထိုးဖောက်ဝင်ရောက်ပါတယ်။
- ရာသီဥတု စွတ်စိုချိန်ကြာလေ ရောဂါတိုးပွားလေဖြစ်ပြီး ဆာကိုစပိုးတွေ တခုနဲ့တခု ဆက်မိပြီး အရွက်တခုလုံး မဲခြောက်သွားတတ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ...
- အရွက်ပေါ် ဒဏ်ရာဖြစ်ပေါ်ခြင်းသည် အစာချက်အားနည်းပြီး အပင်မကြီး၊ အသီးမသီးနိုင်ဘဲ သီးနှံအထွက်နှုန်း၊ အရည်အသွေးကို များစွာထိခိုက်စေပါတယ်၊
- ရောဂါပြလက္ခဏာမှာ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် သီးနှံပေါ်မူတည်ပြီး အစက်အပြောက်အရွယ်အစား အကြီးအသေး ကွာခြားတတ်ပါတယ်။
- ပဲပုပ်သီးနှံမှာဆိုရင်တော့ သံချေးရောဂါလက္ခဏာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။

- ဆာကိုစပိုရာရွက်ပြောက်ရောဂါ ဆိုပေမဲ့ တကယ်ဆိုးရွားလာရင် ရိုးတံတွေ၊ အသီးတွေ၊ အစေ့အဆန်တွေမှာတောင် အမဲစက်/အညိုစက်တွေ တွေ့ရတတ်ပြီး တဖြည်းဖြည်း အပင်ကျသွားနိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်း
- ရောဂါကင်းသော မျိုးစေ့ကို အသုံးပြုပါ။
- ရွက်ပြောက်ရောဂါ ခံနိုင်သော၊ မျိုးကောင်း/သန့် သုံးပါ။
- မစိုက်မီ မျိုးစေ့ကို မျိုးလူးဆေး(ဂရိုးမက်စ်/အင်ဒေါင်း)အသုံးပြုပါ။
- အတန်းလိုက်စိုက်စနစ် စိုက်ခြင်းသည်၊လေဝင်လေထွက်ကောင်းပြီး ရောဂါကျရောက်မှု သက်သာစေပါတယ်။
- ပေါင်းမြက်များကို ကြိုတင်ကာကွယ်ပါ။
အော်ဂဲနစ်နည်းဖြင့်ကာကွယ်ခြင်း
- ပန်းသီးကဇော်ရည်(Apple cider venigor)ကဲ့သို့ သစ်သီးအချဉ်ဖောက်အရည်များကို ရေတဂါလံ ၅၀ စီစီနှုန်း
- နွားနို့(တိရစ္ဆာန်နို့) ကို ရေတဂါလံမှာ ၅၀ စီစီနှုန်း
- တမာဆီကို ရေတဂါလံ ၂၀ စီစီနှုန်း
- ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် ၃% ကို ရေတဂါလံ ၅ စီစီနှုန်း
စသဖြင့် ဖျန်းပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။
(မှတ်ချက်။ နေပူချိန်မဖျန်းရ)
ဓာတုမှိုသတ်ဆေး အသုံးပြုနှိမ်နင်းခြင်း
- ကလိုရိုသာလိုနေးလ်
- သိုင်အိုဖီနိတ်မီသိုင်း
- ပရိုပီကိုနာဇိုးလ်
- ကော့ပါးဟိုက်ဒြောက်ဆိုဒ်/အောက်ဆီကလိုရိုဒ်
စတဲ့ မှိုသတ်ဆေးတမျိုးမျိုးဖြင့် အသုံးပြုနှိမ်နင်းနိုင်ပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
Ref>>>How to Treat Cercospora Leaf Spot Organically.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ye Win Naing
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
တင်တင်လှ
လွန်ခဲ့သော ၃ နှစ် ကT
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကရွက်ဖောက်ကျိုင်းလေးတွေ ညမှာ လာကိုက်တတ်တယ်။ ကာဘိုဆာလ်ဖန် တို့လို ကာဘာမိတ်အုပ်စုဖျန်းပါ။
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကပဲမှာအပေါက်တွေဖြစ်နေလို့ဘာဆေးသုံးရမလဲခဗျ17ရက်သားလောက်
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကအပေါက်တွေ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....