ပဲတီစိမ်း၊မတ်ပဲ အပင်ငယ်ညှိုးသေရောဂါ
- မြန်မာအမည် = ခါးရိ/ညှိုးသေရောဂါ
- အင်္ဂလိပ်အမည် = damping off
- ရောဂါဖြစ်စေခြင်းအကြောင်း = Pythium sp,

ရောဂါဖြစ်စဉ်အကျဉ်း
ဆောင်းရာသီစိုက် ပဲတီစိမ်း၊ မတ်ပဲသီးနှံတွေမှာ နှစ်စဉ် ဖြစ်လေ့ဖြစ်ထရှိတဲ့ မြေဆောင်ရောဂါတမျိုးဖြစ်ပါတယ်။
အထူးသဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း များကဲ့သို့ စပါးအပြီး၊ ပဲစိုက်သော လယ်သီးထပ်များတွင် ပိုမို ဖြစ်ပွားလေ့ရှိတာ တွေ့ရပါတယ်။
ရောဂါဖြစ်စေ သက်ရှိအနေနဲ့လည်း တမျိုးတည်းကြောင့်မဟုတ်ဘဲ...
- Rhizoctonia solani,(မြစ်ခြောက်ဆွေးရောဂါ)
- Fusarium spp, (ဖျူဆေရိယန် ခါးရိပင်ညှိုးရောဂါ)
- Botrytis, (မီးခိုးမှို/ကြပ်ခိုးမှိုရောဂါ)
- Phytophthora sp,(အပင်နာ ရောဂါ)
- Sclerotinia,Sclerotium, (ပင်ခြေပုပ်ရောဂါ)
စတဲ့ ရောဂါတမျိုးမျိုး သို့မဟုတ် အများနဲ့ ရောနှောလျက် ကျရောက်တတ်ပါတယ်။
များသောအားဖြင့်ကတော့ ..
pythium (ပစ်သီယံခေါ် အပင်ငယ်ခါးရိရောဂါ) ကြောင့် ဖြစ်တာ ပိုများပါတယ်။
ဒါကြောင့်လည်း
ရောဂါဖြစ်ကြောင်း(causal organism )ကို ပစ်သီယံရောဂါလို့ ဖော်ပြလိုက်တာဖြစ်ပါတယ်။
ရောဂါလက္ခဏာ
ပစ်သီယံရောဂါ ဆိုတာ ရေကြိုက်မှို တမျိုးဖြစ်တဲ့ အူးမိုက်ဆိ(Oomycetes)မှို အမျိုးအစားဖြစ်ပါတယ်။
မှိုအစစ်(true fungi)မဟုတ်ဘဲ မှိုနဲ့တူသောသက်ရှိ(fungus like organism)လို့ ခေါ်ကြပါတယ်။
(ဒါကြောင့် သာမန်မှိုသတ်ဆေးတွေက အူးမိုက်ဆိရောဂါအတွက် အသုံးမတည့်ပါဘူး)
- စိုက်ချိန်မှာ မြေစိုလွန်းလျှင်ဖြစ်စေ
- အပင်ငယ်စဉ် မိုးများ/ရေဝပ်လျှင်ဖြစ်စေ
ရာသီဥတု အေး/စို အခြေအနေမှာ မြေထဲက မှိုစပိုးတွေ ပွားများစေပါတယ်။
ဦးစွာ သိသာစေသောလက္ခဏာမှာ အပင်ငယ်( အရွက်စစ် ၂ ရွက်ထွက်ချိန်) အစိမ်းရောင်မှ တဖြည်းဖြည်း အစိမ်းဖျော့လာပါတယ်။
ရောဂါရအပင်ရဲ့ မြေကြီးနဲ့ထိစပ်ရာနေရာကို ယက်ကြည့်ရင် နီညိုရောင်အပြောက် ဒဏ်ရာလေးတွေ့ရပါတယ်။
ခါးရိဒဏ်ရာမှတဆင့် အမြစ်အောက်ပိုင်းအထိ ကူးစက်ပြီး ပင်စည်ပုပ်၊ အမြစ်ပုပ်ကာ အပင်ညှိုးသေစေပါတယ်။
ရောဂါကို ပွားများစေသော အကြောင်းရင်းများ
- စပါးရိုးပြတ်၊ ရိုးငုတ်များ ကောင်းစွာမဆွေးမြေ့ဘဲ ပဲစိုက်လိုက်သဖြင့်...အစိုဓာတ်များပြီး organic acid(အချဉ်ပေါက်ခြင်း) အပင်ခြေလောင်စေခြင်း။
- မူလ မြေကြီးရဲ့ မြေချဉ်ငန်ကိန်း(pH) နိမ့်သဖြင့် အစိုဓာတ်များချိန်တွင် မြေဆောင်မှိုများ ပိုမိုပွားများ စေခြင်း။
- စပါးစိုက်စဉ် မြေမညှိခဲ့သဖြင့် ရေထိုင်မညီဖြစ်ကာ ရေဝပ်/ခါးကျပ်ခြင်း
- ပေါင်းသတ်ဆေးများနှင့် အက်ဆစ်ပါသော ဓာတ်မြေသြဇာများ ဓာတ်ကြွင်းကျန်ခြင်း။
- သဘာဝမြေဇာအသုံးနည်းခြင်းနှင့် မြေတွင်းသစ်ဆွေးဓာတ်ချို့တဲ့ခြင်း
စသည့်အချက်များသည် အပင်ငယ်ညှိုးသေရောဂါကို ဖိတ်ခေါ် သလို ဖြစ်စေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို သိပြီဆိုရင်..
မဖြစ်အောင် ဘယ်လိုကာကွယ်ထိန်းသိမ်းရမလဲဆိုတာ အလိုလို သိပြီးသားပါပဲ။
- စပါးစိုက်ချိန် မြေပြင်စဉ်မှာ မြေလယ်ဗယ်ညီအောင်ညှိပါ၊
- မြေချဉ်ငန် တိုင်းပြီး ၅.၅ အောက်ဆိုရင် မဖောက်ထုံးထည့်ပြီး မြေပြင်ပါ။
- စပါးပြီး စပါးရိုးပြတ်တွေကို ဆွေးမြည့်အောင် ပြုလုပ်ပြီးမှ ပဲကြဲပါ။
- မျိုးကောင်းမျိုးသန့် အသုံးပြုပါ။
အော်ဂဲနစ်နည်းဖြင့် ကာကွယ်ခြင်း
- ပဲမစိုက်မီ ထရိုင်ကိုဒါးမားကို မြေကြီးဖျန်းပါ။
- မျိုးစေ့လူးဆေး အသုံးပြုပါ (ဥပမာ။ #ဂရိုးမက်စ် ပဲမျိုးစုံ မျိုးစေ့အထူးလူးနယ်ဆေး အသုံးပြုပါ။)
- အီးအမ်ဘိုကာရှီမြေဆွေး များများထည့်ပါ။
ဓာတုနည်းဖြင့် ကာကွယ်/ကုသခြင်း
- မက်တလက်ဇီး/သိုင်ရမ်/ ကက်ပ်တန် ဆေးတမျိုးမျိုးကို လူးစိုက်ပါ။
- အပင်ငယ်စဉ် မိုးများ/ရေဝပ်ပါက ကန့် ၈၀% မှိုဆေး ဖျန်းပေးပါ။
အောက်ပါမှိုသတ်ဆေး တမျိုးမျိုးကို အလှည့်ကျ ဖျန်းပါ။
- အဇိုဇီစထိုဘင် + ဖို့စတိုင်းအလူမီနီယံ (Azoxystrobin + Fosetyl Aluminium)
- အဇိုဇီစထိုဘင်+ ဒိုင်ဖန်နိုကိုနာဇိုး (Azoxystrobin + Difenoconazole)
- မန်ကိုဇက်+ မက်တလက်ဇီး (Mancozeb + Metalaxyl)
- ဆိုင်မောက်ဇနေး (Cymoxanil)
(အစွမ်းရှိပစ္စည်း AI များကိုသာ ဖော်ပြပေးခြင်းဖြစ်ပါသည်)
စေတနာများစွာဖြင့်....
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Soe Htet Aung
လွန်ခဲ့သော ၁ နှစ် ကfusarium sppကြောင့် မတ်ပဲသေးဆုံးခြင်းကို ကုသမှုနည်းလမ်းအား ရှင်းပြပေးပါဦးခင်ဗျ
Ko moe
လွန်ခဲ့သော ၂ နှစ် ကကျေးဇူပါ
လက်တွေ့တောင်သူ
လွန်ခဲ့သော ၃ နှစ် ကေက်းဇူးပါဆရာ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကမိှုဆေးနဲ့ အားဆေး မတွဲသင့်ပါဘူး တွဲလိုပါက.. ပိုးဆေးနဲ့ အားဆေး တွဲပါ မှိုဆေး သီးသန့်ဖျန်းပါခင်ဗျာ။ မှိုဆေး/ပေါင်းသတ်ဆေး တို့က အက်ဆစ်တွေ များပါတယ်။ အားဆေးက ဆားဓါတ်(အငံ)များပါတယ်။ ဓါတ်မတည့်မှုဖြစ်နိုင်လိူ့ပါ။
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကအေဇို ဖိုးစီ ဖို့ကပ် မိုက်တီး မှိုဘုရင် ထီးစသဖြင့်နာမည်အမျိုးမျိုးရှိပါတယ် နာမည်အများကြီး ဖော်ပြရခက်လို့.. aiအနည်ဘဲ ဖော်ပြတာပါ။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး