ဆီကို အခြေခံပြီး ပြုလုပ်နိုင်တဲ့ ပိုးနှင်ဆေးများ
အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းရာမှာ ဓာတုပိုးသတ်ဆေးတွေကိုပဲ ကြိုက်နှစ်သက်လို့ အသုံးပြုကြတဲ့တောင်သူတွေရှိသလို နည်းပညာတွေ ပြုလုပ်သုံးစွဲနည်းတွေကို လေ့လာမှတ်သားပြီး သဘာဝပိုးသတ်ဆေးတွေ တနိုင်တပိုင်ပြုလုပ်ကာ စမ်းသပ်အသုံးပြုနေကြတဲ့ တောင်သူတွေလည်း ရှိကြမယ်လို့ ယုံကြည်ပါတယ်။ သဘာဝပိုးသတ်ဆေး (သို့မဟုတ်) ပိုးနှင်ဆေး ဆိုရာမှာ ငရုတ်သီးပိုးသတ်ဆေး၊ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးပိုးသတ်ဆေး၊ ကြက်သွန်ဖြူပိုးသတ်ဆေး စသည်ဖြင့် အမျိုးအစား စုံလင်စွာရှိကြပါတယ်။ ယခုဆောင်းပါးမှာတော့ အလွယ်တကူရရှိနိုင်တဲ့ ဆီတွေကို အခြေခံပြီး ပိုးနှင်ဆေးပြုလုပ် အသုံးပြုခြင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လိုဆီတွေကို အသုံးပြုနိုင်သလဲ?
ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး သဘာဝဟင်းသီးဟင်းရွက်တွေကို အခြေခံကာထုတ်လုပ်ထားတဲ့ ဆီတွေကို အသုံးပြုနိုင်ပါတယ်။ ၎င်းဆီတွေကို ပိုးမွှားများ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် အပင်တွေအပေါ်မှာ အပျော့စား ဖျန်းဆေးအနေနဲ့ အသုံးပြုနိုင်တာဖြစ်ပါတယ်။ အဆီကို သူ့ချည်းသက်သက်မဟုတ်ဘဲ ရေရယ်၊ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဆပ်ပြာရယ် စတာတွေကို ရောစပ်ပြီး အပင်မှာ ကျရောက်တတ်တဲ့ အဖျက်ပိုးမွှားတွေနဲ့ ၎င်းတို့ရဲ့ဥမြုံတွေကို ကာကွယ်ဖျက်ဆီးဖို့အတွက် ပိုးနှင်ဆေး (သို့မဟုတ်) ပိုးသတ်ဆေး အဖြစ်နဲ့ သစ်သီးပင်တွေ၊ သီးနှံပင်တွေမှာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
ဆီ ပိုးနှင်ဆေးရဲ့ အဖျက်ပိုး နှိမ်နင်းနိုင်မှု
ကာကွယ်နှိမ်နင်းနိုင်တဲ့ အဖျက်ပိုးတွေကတော့ မွှားပင့်ကူနီ၊ လှေးပိုး၊ ပိုးစေးနှဲ၊ အကြေးပိုး၊ ပျပိုး၊ ယင်ဖြူနဲ့ အခြားခန္ဓာကိုယ်ပျော့ပျောင်းတဲ့ အင်းဆက်ပိုးတွေ ဖြစ်ပါတယ်။ ဒီဆေးဟာဆိုရင် ထိတွေ့မိတဲ့ ပိုးမွှားတွေကို အသက်ရှူရခက်ခဲစေပြီး သေဆုံးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုးမွှားတွေ ဥ ဥထားတဲ့အချိန် အဆီနဲ့ထိတွေ့မိရင် ဥမြုံအပြင်ဘက်မှာရှိတဲ့ နံရံကိုထိုးဖောက်ပြီး အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အာနိသင်တွေရှိနေတာ ဖြစ်ပါတယ်။
ဒီဆေးတွေရဲ့ထူးခြားချက်ကတော့ ဓာတုပိုးသတ်ဆေးတွေထက် အဆိပ်အာနိသင်နည်းပြီး အင်းဆက်ပိုးတွေအနေနဲ့ ဆေးယဥ်ပါးလာတာတွေ၊ ဆေးဒဏ်ကိုခံနိုင်ရည်ရှိလာတာမျိုးတွေ စတဲ့ ပြဿနာမျိုးတွေအတွက် အလားအလာနည်းတာဖြစ်ပါတယ်။ ဒီဆေးဟာ လျင်မြန်စွာခြောက်သွေ့စေတဲ့အပြင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတ်ကြွင်းအာနိသင်လည်း မရှိတာကြောင့် ထိရောက်မှုရှိစေဖို့အတွက်ဆိုရင် မကြာခဏ အသုံးပြုပေးဖို့တော့ လိုအပ်ပါတယ်။ ဒီဆေးအသုံးပြုခြင်းဟာ အဖျက်ပိုးတွေအားလုံးကို ကာကွယ်နှိမ်နင်းပေးနိုင်ခြင်း မရှိပေမယ့် စနစ်တကျနဲ့ ပုံမှန် အသုံးပြုမယ်ဆိုရင်တော့ သီးနှံစိုက်ပျိုးတဲ့ရာသီမှာ အဖျက်ပိုးအကောင်ရေကို သိသိသာသာ လျော့ကျစေမှာ ဖြစ်ပါတယ်။
ဆီနဲ့ ပိုးနှင်ဆေး ဘယ်လိုပြုလုပ်မလဲ?
ဆေးပြုလုပ်တဲ့အခါမှာ အခြေခံအားဖြင့်တော့ ဆီ၊ ရေနဲ့ ၎င်းတို့ ၂ ခုပေါင်းစပ်လို့ရအောင်၊ တစ်သားတည်းဖြစ်အောင် ပြုလုပ်ပေးနိုင်တဲ့ အကူပစ္စည်း (emulsifier) ရှိရင် ပြုလုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။
ယခုမျှဝေပေးမယ့် ဆေးပြုလုပ်တဲ့နည်းလမ်းတွေဟာ ရေ ၁ လီတာပေါ်မှာ အခြေခံပြီးလုပ်တာဖြစ်တဲ့အတွက် မိမိစိုက်ခင်းအတွက် အသုံးပြုမယ်ဆိုရင်တော့ ပါဝင်ပစ္စည်းများကို တူညီတဲ့အချိုးအစားများအတိုင်း ထပ်တိုးအသုံးပြုဖို့ လိုအပ်ပါမယ်။
နည်းလမ်း ၁
ပန်းနှမ်းဆီ ထမင်းစားဇွန်း ၁ ဇွန်း
အဝတ်လျှော်ဆပ်ပြာအရည် ၃ - ၄ စက်
ရေ ၁ လီတာ
နည်းလမ်း ၂
အသီးအရွက်ဆီ လက်ဖက်ရည်ပန်းကန်လုံး ၄ ပုံ ၁ ပုံ
ဆပ်ပြာအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ရေ ၁ လီတာ
နည်းလမ်း ၃
ပန်းနှမ်းဆီ ထမင်းစားဇွန်း ဇွန်း တစ်ဝက်
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ ၁ လီတာ
ဆေးအသုံးပြုခြင်း
ဒီဆေးကို အသုံးပြုမယ်ဆိုရင် ကောင်းကောင်းရောမွှေဖို့နဲ့ လှုပ်ခါပြီးမှအသုံးပြုဖို့ သတိပြုသင့်ပါတယ်။ အဲ့ဒီလို လုပ်ပေးခြင်းဟာ ဆီနဲ့ ရေ ကို တစ်သားတည်းဖြစ်စေပြီး ဆေးဖျန်းတဲ့အခါ အပင်ပေါ်မှာ ဆေးမညီမညာဖြစ်နေတာတွေကို တားဆီးပေးနိုင်ပါတယ်။ ဆေးဖျန်းတဲ့အချိန် ဆီကသက်သက်၊ ရေကသက်သက် ဖြစ်နေမယ်ဆိုရင် အင်းဆက်ပိုးမွှားတွေကို နှိမ်နင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီဆေးကို ပုံမှန်အားဖြင့်တော့ ဆောင်းရာသီမှာ ကျရောက်တဲ့ အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းဖို့အတွက် သစ်သီးပင်တွေနဲ့ ဥယျာဥ်ခြံမြေတွေမှာ အသုံးပြုကြလေ့ရှိပါတယ်။ အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်လောက်မှာ ရှိမယ်ဆိုရင်တော့ အသုံးပြုဖို့ အသင့်တော်ဆုံးပါပဲ။ ဒါ့ကြောင့် ဆောင်းအကုန် နွေအကူးလို အချိန်မျိုးမှာလည်း ဒီဆေးကို အသုံးပြုနိုင်ပါတယ်။ သစ်သီးပင်တွေမှာဆိုရင် ပန်းမပွင့်ခင် ရက်အနည်းငယ်အလိုလောက်မှာ ကြိုတင်ပြီး ဖျန်းပေးထားသင့်ပါတယ်။ အစိုဓာတ်ကလည်း ဆေးရဲ့အာနိသင်ကိုသက်ရောက်နိုင်တာကြောင့် အပင်တွေ ခြောက်သွေ့ပြီး စိုထိုင်းဆ နည်းနေတဲ့အချိန်မှာ ဖျန်းပေးသင့်ပါတယ်။ နေအရမ်းပူနေတဲ့အချိန်မှာ ဖျန်းမိရင်တော့ အရွက်တွေလောင်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။ ဒါ့ကြောင့် ဆေးမဖျန်းခင်မှာ ရာသီဥတု ခန့်မှန်းချက်တွေကို ကြိုတင်လေ့လာပြီးမှ ဖျန်းတာက အကောင်းဆုံးပါပဲ။
ဆေးပြုလုပ်သုံးစွဲမယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့သလို အခြေခံအားဖြင့်တော့ ဆီ၊ ရေနဲ့ အကူပစ္စည်း (emulsifier) လိုအပ်ပါတယ်။ သတိပြုရမယ့် အချက်တစ်ချက်ကတော့ ဒီဆေးကို ဆာလဖာဓာတ်ပါဝင်တဲ့ဆေးတွေနဲ့ တွဲဖက်အသုံးပြုတာမျိုး (သို့မဟုတ်) ဆေး ၂ မျိုးကို ရက်ပိုင်းအတွင်း ဆက်တိုက်အသုံးပြုတာမျိုး လုပ်ခဲ့မယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ဒြပ်ပေါင်းတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် တွဲဖက်မသုံးသင့်သလို ခွဲသုံးမယ်ဆိုရင်လည်း အနည်းဆုံး ၁ လလောက် အချိန်ခြားပြီးမှ အသုံးပြုသင့်ပါတယ်။ ဆေးဖျန်းတဲ့အခါမှာ ထိရောက်မှုရှိအောင် အရွက်ရဲ့အောက်မျက်နှာပြင်၊ ပင်စည်နဲ့ အကိုင်းအခက်တွေအားလုံးကို နှံ့စပ်အောင်ဖျန်းပေးသင့်ပါတယ်။ ဆေးမှာ ပါဝင်တဲ့ ရေနဲ့ ဆီဟာ ၎င်းတို့သဘာဝအတိုင်း သပ်သပ်စီရှိနေမှာဖြစ်လို့ ဆေးမဖျန်းခင်မှာ ပုံမှန် လှုပ်ခါပေးဖို့ကို သတိပြုပါ။ ဆေးဖျန်းပိုက်ခေါင်းမှာ ပိတ်ဆို့တာမျိုးတွေ မဖြစ်စေဖို့အတွက် ဆေးဖျန်းပြီးတိုင်း ချက်ချင်းဆေးကြောသင့်ပါတယ်။ သတိပြုရမယ့် နောက်တစ်ခုကတော့ ဆေးဖျန်းတဲ့အခါမှာ မျက်လုံးနဲ့ အရေပြားတို့ကို ဆေးနဲ့ထိတွေ့ခဲ့မယ်ဆိုရင် ယားယံခြင်းဖြစ်နိုင်တာကြောင့် သင့်တော်တဲ့ ကာကွယ်မှုတွေပြုလုပ်ပြီးမှ ကိုင်တွယ်အသုံးပြုဖို့ အကြံပြုလိုပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
https://www.phillyorchards.org/
https://www.picturethisai.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇင်ထူးနိုင်
လွန်ခဲ့သော ၃ နှစ် ကဆောင်းပါးမှာ ဖော်ပြထားတဲ့အတိုင်း emulsifier အနေနဲ့ ဆပ်ပြာအရည်ကို အသုံးပြုနိုင်ပါတယ်။
နေအောင်ဝင်း
လွန်ခဲ့သော ၃ နှစ် ကemulsifier က ဘယ်မှာတွေရှာပီးဝယ်လို့ရလဲသိချင်ပါတယ်ခင်ဗျ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026