မှိုသတ်ဆေးတိုင်းက မှိုရောဂါတိုင်းကို နိုင်ပါသလား???
(မှိုသတ်ဆေးများအကြောင်း - ၂)
အပင်တွေကလည်း လူတွေလိုပါပဲ၊ နေမကောင်းဖြစ်တတ်ပါတယ်။ အပင်တွေမှာလည်း ရောဂါဖြစ်ပါတယ်၊ ရောဂါကျပါတယ်။
ရောဂါဖြစ်စေတဲ့ သက်ရှိ ရောဂါပိုးတွေကတော့ မှို ဘတ်တီးရီးယား နီမတုတ် ဗိုင်းရပ်စ် စသည်ဖြင့်ရှိကြပါတယ်။
လူတွေမှာကျတော့ မှို နဲ့ နီမတုတ် ရောဂါအနေနဲ့ ရှားပါတယ်။ ကျန်တာတွေကတော့ ဖြစ်လေ့ရှိပါတယ်။
အခုဆို လူတွေကြားမှာ ကိုဗစ်နိုင်တင်းဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ခေတ်ထသလိုမျိုးပဲ၊ အပင်လောကမှာလည်း နာမည်ကြီး cele ကြီးတွေ ရှိပါတယ်။
အဲ့ဒါကတော့ အူးမိုက်စိ့ Oomycetes သို့မဟုတ် ဘုံနိမ့်မှိုတွေပါ။ တစ်ချို့ကလည်း အူးမိုက်ကိုတာ Oomycota မှိုတွေဆိုပြီးလည်း ပြောကြပါတယ်။ အတူတူပါပဲ။

ဒီ အူးမိုက်စိ့ (Oomycota) တွေက ရှေ့ကဖော်ပြထားသလို ဘုံနိမ့်မှိုဖြစ်တယ်။ တခြား ဘုံမြင့်မှိုတွေလိုမဟုတ်ဘူး။ အပင်ရောဂါဖြစ်စေတဲ့ မှိုတွေမှာ ဘုံနိမ့်မှို lower fungi နဲ့ ဘုံမြင့်မှို higher fungi ဆိုပြီး နှစ်မျိုးအကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။
အဲ့တော့ ဒီ Oomycota မှိုတွေက ဘုံမြင့်မှိုတွေနဲ့ ဘာခြားနားလို့ သူ့ကို နိမ့်တယ်ဆိုပြီး သတ်မှတ်ကြတာလဲ မသိ 🙄။ တကယ်တော့ ဘုံနိမ့်မှိုမျှင်တွေက အကန့်မပါဘူး အင်္ဂလိပ်လို အခေါ်က Aseptate hypha or coenocytic hypha ပါ။ ပြောမယ်ဆို မှိုမျှင်က ပိုက်လိုပေါ့။ ပြွန်လိုအရှည်ကြီး 😎

အဲ.. ဘုံမြင့်မှိုတွေကျတော့ကာ... အဆစ် အဆစ်တွေ မှိုမျှင်တန်းတွေမှာ ပါတယ်။ ဝါးလုံးလိုပေါ့။ Septate hypha တွေပေါ့။ နောက်ကွာတာတစ်ခုက မှိုမျှင်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ မတူပါ။ (chemical composition of hypha) ဘုံနိမ့်မှာက ဆဲလ်လူလို့စ် cellulose ဓာတ်ပါတယ်။ ဘုံမြင့်မှာက ခိုင်တင် နဲ့ ကလူကန်ဓာတ် chitin and/or glucan ပါတယ်။ ပြီးတော့ ဘုံနိမ့်မှိုတွေ နဲ့ မှိုမျှင် မှိုစပိုးတွေက အကြည်ရောင်ပါ။ ဘုံမြင့်တွေမှာတော့ အရောင်ပါတတ်တယ်။ အညိုအမဲစသည်ဖြင့်။ နောက်ထပ် မတူတဲ့အချက်တွေလည်း ရှိပါတယ်။ ပြောမယ်ဆို လူတွေ တစ်ယောက်နဲ့ တစ်ယောက် အသားအရောင်မတူ သွေးအုပ်စုမတူ အရည်ပြားကအမွှေးထူတာပါးတာမတူသလို အသားပွတာ ကျစ်တာမတူသလိုပေါ့။

ဒီတော့ တောင်သူတွေက ရောဂါကျတယ်၊ မှိုရောဂါမို့ မှိုဆေးဖျန်းမယ်ဆိုပြီး တန်းမဖျန်းသင့်ပါဘူးနော်။ ခုနကပြောသလို မှိုတွေကမတူပဲ ကွဲနေတာရှိတဲ့အလျောက် ဆေးကိုလည်း မှိုသတ်ဆေးဖြစ်ရင်ပြီးရောဆိုပြီး မတွယ်လိုက်ပါနဲ့နော်။ ဘာလို့လဲဆိုတော့က တစ်ချို့မှိုသတ်ဆေးတွေက ဘုံနိမ့်မှိုတွေအတွက်ပါ။ တစ်ချို့ကတော့ ဘုံမြင့်မှိုတွေမှာ ပိုထိရောက်တာကြောင့်ပါ။ မှိုရောဂါဖြစ်ပြီဆိုရင်တော့ ဘာမှိုလဲ မသိရင်တောင် ဘုံနိမ့် Oomycete လား၊ ဘုံမြင့်မှိုလားလောက်တော့ ခွဲသိရင်ပိုအဆင်ပြေပါတယ်။
ကဲ.. ဆယ်လီ Cele အူးမိုက်စိ့ မှိုတွေက ဘာလို့ နာမည်ကြီးနေရတာလဲ 🧐
အဓိကကတော့ သူတို့က ရောဂါပျံ့တာအရမ်းမြန်တယ်။ ဝုန်းဒိုင်းဆို တန်းအခင်းလုံးကျွတ်ပဲ။ ဒါကြောင့် ယေဘုယျအနေနဲ့ ဘုံမြင့်မှိုတွေထက် ကြောက်ရတယ်ပေါ့နော်။ စိုက်ပျိုးရေးဆင်းတွေ အနေနဲ့ဆိုရင်တော့ မစိမ်းပါဘူးနော်။
ဒီဆောင်းပါးမှာ အဓိကဖော်ပြပေးမယ့် အချက် key message ကတော့ မှိုသတ်ဆေးအုပ်စုတစ်ခုဖြစ်တဲ့ ဘန်ဇင်မီဒါဇော် အုပ်စုဟာ Oomycetes တွေကိုမနိုင်ပါ။
Benzimidazole မှိုသတ်ဆေးတွေက ဘီနိုမိုင်း, အက်ပရောက်ဆီကွန်နဇိုး, ကာဘန်ဒါဇင် နဲ့ သိုင်အိုဖီနိပ် မီသိုင်း ခေါ် ဟိုမိုင်း (Benomyl, Epoxiconazole, Carbemdazim နဲ့ Thiophenate methyl) တို့ပဲ ဖြစ်ပါတယ်။
အဲ့ဖော်ပြပါ လေးမျိုးက Oomycetes တွေကိုမနိုင်ပါ။
နောက်ဆေးအုပ်စုတစ်ခုက ထရိုင်ရာဇိုး အုပ်စုပါ (Triazoles)။ သူတို့ကလည်း Oomycetes မှိုရောဂါတွေကိုမနိုင်ပါ။
ဥပမာ - ထရိုင်ရာဇိုးမှိုသတ်ဆေးများမှာ ဒိုင်ဖန်ကွန်နဇိုး Difenconazole၊ တက်ဗျူကွန်နာဇိုး Tebuconazole၊ ဟက်ဇာကွန်နာဇိုး Hexaconazole၊ ပရိုပကွန်နာဇိုး Propiconazole၊ တက်ထရာကွန်နဇိုး Tetraconazole၊ ဖလူထရိုင်ရာဖော် Flutriafol၊ ထရိုင်ဒီမီဖွန် နဲ့ ထရိုင်ဒီမီနော် Triadimefon and Tridimenol တို့ပါ။
ကျန်တော့ကျန်သေးတယ်။ များနေလို့ရယ်၊ မြန်မာပြည်မှာ သိပ်မတွေ့ရတာကြောင့်ရယ်ကြောင့် ကျန်တာတွေဖြုတ်ထားပါတယ်။
(မှတ်ချက်။ ။ ဤ ဆောင်းပါးအတွက်စာအုပ် စာတမ်းများအချိန်ကြာစွာ ရှာဖွေရခြင်းဖတ်ရခြင်း ပြင်ဆင်ရခြင်းကြောင့် အလွယ်တကူမကူးချပါနဲ့နော်။)
References. Australasian Plant Disease Note and Agrios 5th edt.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Mg Min Wai
လွန်ခဲ့သော ၁၀ လ ကကျနော်ကဂန္ဓာပန်းစိုက်တောင်သူပါ၆ဧကကို၅ဦးစိုက်ထားတာအူးမိုက့်စိမှိုမနိုင်တဲ့ဆေးအုပ်စုတွေအကုန်စုံနေပြီဒါပေမဲ့ရောအမြစ်ပြတ်ရှင်းရှင်းပျောက်မသွားလို့ပါအူးမိုက်စိမှိုနိုင်ဆေးလေးတင်ပြပေးပါဦးတကယ်သိချင်လို့ပါ
Mg Min Wai
လွန်ခဲ့သော ၁၀ လ ကအူးမိုက့်စိ့မှိုနိုင်တဲ့ဆေးလေးတွေလဲလမ်းညွန်ပေးခဲ့ပါဦးဗျ
Kyaw Swe Lin
လွန်ခဲ့သော ၄ နှစ် ကဝါ ဘယ်လစိုက်သင့်ပါသလဲ
Phyo Wai Htun
လွန်ခဲ့သော ၄ နှစ် ကOomyceteကျရောက်နေတဲ့ပုံတွေနောက်ထပ်ရှိရင်ပြပေးပါအုံး သေချာလေးခွဲခြားလို့ရအောင်လို့ပါဆရာ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....