ပဲတီစိမ်း၊ မတ်ပဲ အရွက်တွန့်ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ပါ
အင်္ဂလိပ်အမည် - Leaf Crinkle Virus

ရောဂါလက္ခဏာ
- ပဲတီစိမ်း၊ မတ်ပဲ အပင် ၃၅ ရက်သား အရွယ်ခန့်မှာ ဒီရောဂါဖြစ်တတ်ပါတယ်။
- အသိသာဆုံး အပင်ပြလက္ခဏာကတော့ အပေါ်ရွက်လေးတွေ အနားတွန့် ရှုံ့လာတယ်၊ အရွက်ပြားကြီးပြီး အသားထူလာတယ်။
- အရွက်အရောင် စိမ်းဖျော့ဖျော့ ဖြစ်လာပြီး မူမမှန်အရွက်ပုံစံ တွေ့ရပါတယ်။
- အရွက်တွေမှာ နိုက်ထရိုဂျင်ဓာတ်များတဲ့လက္ခဏာ၊ နိုက်ထရိုဖီနော ဟော်မုန်းများများ ဖျန်းမိတဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။
- အရွက်အောက်ဖက် ရွက်ကြောလေးတွေ နီညိုရောင်သန်းပြီး အဆစ်ကြား တိုတတ်ပါတယ်။
ရောဂါဖြစ်ရခြင်းအကြောင်းရင်း
စုပ်စားပိုးတွေကတဆင့် ဗိုင်းရပ်စ်ရောဂါ ကူးစက်စေတယ်ဆိုသော်ငြားလည်း..
- မူလအကြောင်းရင်းကတော့ မျိုးစေ့ဆောင်ရောဂါ (seed borne) ဖြစ်ပါတယ်။
- မျိုးစေ့တွေကို ကြုံရာကျပန်း စိုက်လိုက်ခြင်းဟာ... ရောဂါရစေတဲ့ အဓိက အကြောင်းရင်းပါ။
ပဲအရွက်တွန့်ဗိုင်းရပ်စ်ရောဂါကို နောက်ဆက်တွဲ ပျံ့နှံ့စေတဲ့ စုပ်စားပိုးတွေကတော့...
- ပျပိုး(Aphis Craccivora )(Aphis gossypii)
- ယင်ဖြူ (Bemisia tabacci)
- ရွက်စားကျိုင်း (Hemosepilacha dodecastigma ) တွေ ဖြစ်ပါတယ်။
ရာသီဥတု မျက်နှာသာပေးမှု၊ ပဲမျိုးစေ့ရဲ့ ခံနိုင်ရည်ရှိမှုတွေပေါ် မူတည်ပြီး ရောဂါကျရောက်မှု အနည်းအများ ကွာခြားတတ်ပါတယ်။
ဘယ်လိုကာကွယ်ရမလဲ
၁။ စိုက်ပျိုးရေးနည်းလမ်းဖြင့်ကာကွယ်ခြင်း
- ရောဂါကင်းသော/မျိုးစေ့ဌာနရဲ့ထောက်ခံချက် ပါဝင်သော မျိုးစေ့များကိုအသုံးပြုပါ။
- ဗိုင်းရပ်စ်ရောဂါဒဏ် ခံနိုင်သောမျိုးကို အသုံးပြုပါ။
- မိမိစိုက်ခင်းကို အမြဲမပြတ် ကြည့်ရှုစစ်ဆေးပါ။
- ရောဂါလက္ခဏာ စတွေ့ပါက ချက်ချင်းနုတ်ယူဖယ်ရှားပါ။
- စိုက်ခင်းအတွင်းနဲ့ ကန်သင်းပေါ်ရှိ ပေါင်းပင်များကို အချိန်မီ ရှင်းလင်းပါ။
- စုပ်စားပိုးများကူးစက်မှု ဟန့်တားရန် ပဲခင်းအတွင်း ပြောင်း၊ ပြောင်းဖူး၊ နေကြာ သီးနှံတမျိုးမျိုးကို တန်းကြဲစနစ်ဖြင့် သီးညှပ်စိုက်ပါ။
- ရောဂါရစိုက်ခင်းမှ ရိုးပြတ်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။
၂။ အော်ဂဲနစ်နည်းဖြင့်ကာကွယ်ခြင်း
ဗိုင်းရပ်စ်သယ်ဆောင်စေသော စုပ်စားပိုးများကာကွယ်ရန်အတွက်...
- ဆူဒိုမိုနပ်စ် ဖလူအိုရက်ဆင် ဘက်တီးရီးယား(Pseudomonas fluorescens)ကို မြေပြင်ဖျန်းခြင်း၊ အရွက်ဖျန်းပေးခြင်း
- ဂရိုးမက်စ် မျိုးစေ့လူးနယ်ဆေး လူးနယ်စိုက်ပျိုးခြင်း
- မာဗယ်လ်ပန်း (Mirabilis jalapa)
- စက္ကူပန်းလေး (Catharanthus roseus)
- စက္ကူပန်းကြီး (Spectabilis.)
- ပရန္နဝါပင် (Boerhaavia)
- တမာ (Azadirachta indica)
စသည့်အပင်များမှ ကြိတ်ရည်ကို ရေ ၂၀ လီတာလျှင် ၆၀ စီစီ နှုန်းဖြင့် ဖျန်းပေးခြင်းများ ပြုလုပ်ပေးပါ။
၃။ ဓာတုနည်းဖြင့် ကာကွယ်ခြင်း
ဗိုင်းရပ်စ်ရောဂါဖြစ်သည့်အတွက် ဓာတုဆေးဖြင့် တိုက်ရိုက်နှိမ်နင်းရန် ဆေးမရှိပါ။
သို့သော် ကူးစက်မှုကို တားဆီးရန်အတွက်..
- အေမီဒါကလိုပရစ်(Imidacloprid) ပါဝင်သော မျိုးစေ့လူးဆေး (#အင်ဒေါင်း လူးနယ်ဆေးကို တဧက/၁ ထုပ်) အသုံးပြုပါ။
အပင် ၁၅ ရက်သားမှစ၍...
- အဆီတာမီပရစ်/ သိုင်ယာမီသိုဇင်/ပိုင်မက်ထရိုဇင်း/ဖစ်ပရိုနေး..စသော ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေး အေအိုင်များကို အလှည့်ကျ ၇-၁၀ ရက်ခြားဖျန်းပါ။
(အပင်အခြေအနေ/ရာသီဥတု အနေအထားကြည့်ပြီး လိုအပ်သလို ချိန်ဆ အသုံးပြုပါ)
(မှတ်ချက်။ ။ တူး-ဖိုးဒီ (2-4D )နဲ့ Triazine(ထရိုင်ယာဇင်း) ပေါင်းသတ်ဆေး အသုံးပြုခြင်းသည်ရောဂါပျံ့နှံ့နှုန်းကို တိုးပွားစေပါသည်။)
Source>> TNAU AGRITECH PORTAL
-Urdbean leaf crinkle virus(ULCV)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Chit Ko
လွန်ခဲ့သော ၁ နှစ် ကပဲတီစိမ်းအရွက်တွေတွန့်နေလိုဆရာ ဘာဆေးဖြန်းရမလဲကူညီပေးပါအုံဆရာ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကဒိုင်မီသိုအိတ်၄၀အီးစီ ဆိုက်ပါ၁၀အီးစီ. စသဖြင့်..
Kyaw Myanmar
လွန်ခဲ့သော ၃ နှစ် ကEc ဆိုဘယ်လိုဆေးလဲဗျာ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကဟုတ်ပါတယ် ECဖော်မြူလာဆေးတွေက ပန်းပွင့်ဝတ်မှုံကူးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ရဲထက် ကရင်
လွန်ခဲ့သော ၃ နှစ် ကမတ်ပဲပန်းပွင့်ချိန်ECဆေးတွေ မဖြန်ရဘူးဆိုတာဟုတ်လား
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....