သရက် ရွက်ဖု၊ အသီးမတင်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ...
ရပ်စောက်မြို့၊ သရက် Group မှ နာယကကြီး ဦးမြင့်ဦးအပါအဝင် သရက်ခြံပိုင်ရှင် ၅၀ ကျော်နဲ့ သရက် အကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။
သရက်အကြောင်းဆိုတဲ့နေရာမှာ စိုက်စနစ်၊ အစာကျွေးနည်းစနစ်၊ ကိုင်းပြုပြင်နည်းစနစ်၊ စျေးကွက်အလားအလာ စသဖြင့်..
အပြန်အလှန်ဆွေးနွေးကြတာပါ။
အထူးအစီအစဉ်အနေနဲ့... စာရေးသူက...
"သရက်အပွင့်အသီးကို လွှမ်းမိုးသောအချက်များ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိုဂျက်တာ၊ ပါဝါပွိုင့်သုံးပြီး ရှင်းလင်းဆွေးနွေးပါတယ်။
- အာဟာရဓာတ်
- ဟော်မုန်း
- အပူချိန်
- ပိုးမွှား/ရောဂါ
စသဖြင့် ကြိုတင်ကာကွယ်၊ ပြုစုစောင့်ရှောက်နည်းများကို အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာ့သရက်ပညာရှင်များရဲ့ နည်းစနစ်များကို အခြေခံပြီး အသေးစိတ် ဆွေးနွေးပေးပါတယ်။
သို့သော်လည်း..
ရပ်စောက်သရက်အဖွဲ့ဆိုတာ NGO များနဲ့ သင်တန်းတွေ မကြာခဏ လေ့လာဆည်းပူးပြီးသား၊ လုပ် သက်ရင့် ခြံကြီးသမားတွေဆိုတော့..
မထင်မှတ်တဲ့ မေးခွန်းအသစ်တွေ ရရှိခဲ့ရပါတယ်။
"ဆရာ..သရက်ဖူးလုံးပိုးကို သိပါသလားဗျာ" တဲ့။

စာရေးသူက... လယ်ယာသီးနှံတွေမှာ ကွင်းဆင်းတာများတော့ သရက်အခေါ်အဝေါ်တွေ မကျွမ်းကျင်တာအမှန်ပါ။
ပဲပွင့်ထွေးပိုးမျိုးလောက်သာသိတာကိုး...။
သို့သော်လည်း အတွေ့အကြုံနဲ့ လေ့လာမှုအရ...
ဖျက်ပိုးအတော်များများကိုတော့ မြင်ရင် သိနိုင်ပါတယ်။
"ဖူးလုံးပိုးဆိုတာ ဒေသန္တရ အခေါ်ဖြစ်တော့... နားစိမ်းနေပါတယ်.. ပုံရှိရင်ပြပါ " ဆိုတော့မှ ဗီဒီယို ရိုက်ထားတဲ့ဖိုင်လေး တွေ့ရပါတယ်။
တိုက်ဆိုင်ချင်တော့...
သူမေးတဲ့ ဖူးလုံးပိုးဆိုတာ..
စာရေးသူလေ့လာနေတဲ့...သရက် ဖုမှက်(Mango Gall midge) ဖြစ်နေပါတယ်။
(မှတ်ချက်။ ။ သရက်ဖုမှက် ဆိုတာဟာ စာရေးသူ မှည့်ခေါ်ထားတဲ့အမည်သာ ဖြစ်ပါကြောင်း)
မြန်မာအမည် = သရက်ဖူးလုံးပိုး/သရက်ဖုမှက်
အင်္ဂလိပ်အမည် = Mango flower gall midge
သိပ္ပံအမည် = Erosomyia mangiferae (Felt)
Procystiphora mangiferae
Erosomyia indica,
Dasineura amaramanjarae
(Cecidomyiidae: Diptera)
ဒီပိုးက မှက်၊ ခြင်၊ ယင်အုပ်စုအမျိုးအစားဖြစ်ပြီး မျိုးစိတ်အမည် များစွာရှိပါတယ်။
စပါးကြက်သွန်မြိတ်ပိုး၊ သရက်၊ သီးထိုးယင် အုပ်စုမျိုးဖြစ်ပြီး စားသောက်ပုံနဲ့ အလေ့အထ အနည်းငယ် ကွဲပြားပါတယ်။
သရက်ဖုမှက်မှာပဲ...
- အရွက်မှာ ဖျက်ဆီးလေ့ရှိတဲ့ မှက်
- အဖူး၊ ပန်းခိုင်၊ အသီးနုတွေကို ဖျက်ဆီးတဲ့မှက်
- သရက်ဖူးပွင့်တွေပေါ် ဥချပြီး အသီးမဖြစ်ဘဲ အဖူးတွေလုံးစေတဲ့ မှက်မျိုး..
စသဖြင့် သုံးမျိုးလောက်တွေ့ရပါတယ်။
#သရက်ဖုမှက်(gall midge) ဘဝစက်ဝန်း

- ယင်အမသည် အရွက်ငယ်များ၏ တစ်သျှူးများအတွင်း၌ ဥများကို တစ်လုံးချင်းဥပြီး မျက်နှာပြင်အောက်မှာ အနီကွက်လေးများ တွေ့ရတတ်ပါတယ်။
- ဥများသည် ၂-၃ ရက်အတွင်း လောက်ကောင်(maggot) ဖြစ်လာပါတယ်။
- အကောင်ပေါက်ပြီးမိနစ်ပိုင်းအတွင်း လောက်ကောင်များသည် ဥများချထားသော နူးညံ့သောအစိတ်အပိုင်းများထဲသို့ စိမ့်ဝင်ပြီး အရွက်ပေါ်/အဖူးအပေါ်တွင် စားကြခြင်းဖြင့် အရွက်ပေါ်၊ပန်းခိုင်တွေပေါ်မှာ အဖုတွေတွေ့ရပြီး အသီးမတင်တော့တာပါ။
- အရွယ်ရောက်လောက်ကောင်လေးများသည် ၇-၁၀ ရက် ကြာပြီးနောက် မြေကြီးထဲသို့ ကျဆင်းသွားကာ အပင်အောက် မြေကြီးထဲမှာ ရုပ်ဖုံးလုပ်ပါတယ်။
- ဥဘဝမှ အကောင်ကြီးအဆင့်ထိဆိုပါက ၁၂ -၂၄ ရက်ခန့် ကြာတတ်ပါတယ်။
#ဖျက်ဆီးမှု အနေအထား
- အရွက်မျက်နှာပြင်မှာ အဖုတွေဖြစ်ပေါ်ခြင်း
- အဖူး၊ ပန်းခိုင်များအတွင်း ထိုးဖောက်စားသဖြင့် အဖူးကြွေခြင်း၊ အသီးမအောင်ခြင်း
- အသီးကင်းအခြေမှာ ဖျက်ဆီးသဖြင့် အသီးကင်းကြွေခြင်း
- နောက်ဆက်တွဲရောဂါအဖြစ် မှည့်ပြောက်စွန်းလက္ခဏာတွေ့ရခြင်း
စတာတွေ ဖြစ်နိုင်ပါတယ်။
#ကျရောက်ချိန်
ဇန္နဝါရီ- မတ်လအတွင်း ကျရောက်တတ်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
အရွက်နုထွက်ချိန်ကတည်းက ကာကွယ်ဆေးဖျန်းရမှာဖြစ်ပါတယ်။
သဘာဝပိုးသတ်ဆေးအနေနဲ့..
- ဆေးရွက်ကြီး၊ ဆပ်ပြာ၊ ဘီအီးအဆီ ရောနှောဆေးရည်ကို ဆေးတပုံး ၅၀ စီစီနှုန်း ဖျန်းပါ။ အဖူးတထွာ၊ တမိုက်အရွယ် တစ်ကြိမ် ဖျန်းပေးရမှာဖြစ်ပါတယ်။
ဓာတုပိုးသတ်ဆေးအဖြစ်..
- အဆီတာမီပရစ်
- နိုင်တင်ပိုင်ရမ်
- ပိုင်မက်ထရိုဇင်း
စတဲ့ ဖော်ပြပါ အေအိုင်အုပ်စုတွေထဲက တမျိုးချင်း ဒါမှမဟုတ် အတွဲလိုက်ကို...
ရွက်နုထွက်ချိန်၊ အဖူးဝင်ချိန်နဲ့ သီးလုံးကူးချိန်တွေမှာ... ဖျန်းပေးသင့်ပါတယ်။
ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ ဝတ်မှုန်ကူးပျား/ယင်များရှိနေချိန် နံနက်ခင်းအချိန်တွေမျိုးတွေမှာတော့ မည်သည့်ဆေးမျှ မဖျန်းသင့်ပါဘူး။
စေတနာများစွာဖြင့်
ဒို့ဦးလေး
Ref>>>Pests of Mango :: Major Pests :: Flower Gall Midge(Bsc, agriculture)
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး