အူးမိုက်စိများကြောင့်ဖြစ်သည့်ရောဂါများနှင့် နိုင်သည့်မှိုသတ်ဆေးများ
ကွမ်း ဖိုက်တော့ဖသိုရာအကွက် (ပင်စည်တွေမှာပါဖြစ်တယ် ရိုးမဲ)(မှိုရောဂါများအကြောင်း - ၃)
အရင်အပတ်တုန်းက အပင်မှာကျတဲ့ မှိုရောဂါတွေက အကြမ်းဖျင်းနှစ်မျိုးရှိတယ်လို့ပြောပြခဲ့ပြီးဖြစ်ပါတယ်။အခု တစ်ခါမှာတော့ အဲ့နှစ်မျိုးထဲက တစ်မျိုး Oomycota အုပ်စု (Oomycetes) ဘုံနိမ့်မှိုတွေကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့ နိုင်တဲ့ဆေးတွေကို ထပ်ပြောပြပေးပါရစေခင်ဗျ။
Oomycota မှာ အဓိကအားဖြင့် အပင်ရောဂါဖြစ်စေတဲ့ မှိုတွေကတော့ Phytopthora spps., နဲ့ Pythium spps တွေပဲဖြစ်ပါတယ်။ သူတို့နှစ်မျိုးက များသောအားဖြင့်တော့ မြေဆောင်နေကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျ လေလည်းဆောင်ပါတယ်။
များသောအားဖြင့် အပင်ငယ်ပျိုးပင်တွေမှာ ပျော့ပုတ်ပြီး ခါးရိတယ်၊ ကျိုးတယ်။ Phythopthora ကတော့ အပင်ကြီးတွေမှာလည်း အရွက်တွေလောင်ခြောက်စေတယ်။ ပုတ်ပြီးသေစေတယ်။
သူကလည်း Oomycota အောက်က မှိုတစ်မျိုးပါပဲ။ Aphanomyces ကတော့ ပဲတွေမှာအဓိက ပျော့ပုတ်ရိပြီး သေစေတယ်။ စားတော်ပဲမှာ ပိုဆိုးတယ်။
Oomycota အုပ်စုထဲက ကျန်တဲ့ မှိုတွေကတော့ Peronospora spps, Plasmopara spps, Bremia spps, Pseudoperonospora spps, and Sclerospora spps တွေပါ။ ဒါတွေကတော့ လေဆောင်မှိုတွေချည်းပါပဲ။ အရမ်းဆိုးပါတယ်။
ဒေါင်းနီးရွက်ခြာက်ရောဂါတွေဖြစ်စေတာပါ။
Downy mildew (ဒေါင်းနီးရွက်ခြောက်) တွေက အဓိကအားဖြင့် အပင်မှာ လောင်ခြောက်ပြီးတော့ပြပါတယ်။ အရွက်တွေ၊ ကိုင်းတွေ အသီးကင်းတွေ ခြောက်တယ်။ အရွက်အောက်မျက်နှာပြင်မှာဆို ပိုထင်ရှားတယ်။ ကြက်မွှေးနုလေးတွေ ဝါဂွမ်းဖတ်စုပြီး နေသလိုပဲ။ အပေါ်ဘက်မှာတော့ အဝါဖျော့၊ အစိမ်းနု စသည်ဖြင့်ကွဲတယ်။ သာမန်အရောင်ထက် လက်ခံပင် သီးနှံအလိုက်ကွဲတယ်။ (အထူးသဖြင့် ဖရဲ၊ သခွား၊ ကြက်သွန်၊ ကိုက်လန် ..)
Oomycota ထဲကမှ..
နောက်ဆုံးသိပ်အရေးမကြီးပေမဲ့ အတွေ့ရတော့များတဲ့တစ်ခုက Albugo spps.တွေပါ။ သူတို့ကတော့ လေဆောင်ပဲ။ အဓိက သံချေးဖြူ (white rust) တွေဖြစ်တယ်။ အရွက်မှာ သံချေးတက်သလိုပဲ။ ဒါပေမဲ့ အဖြူရောင် နွားနို့အနှစ်ကအပေါ်ယံလို အရွက်အောက်ဘက်မှာ အဖုလေးတွေလည်း တွေ့ရတယ်။ ဟင်းနုနွယ်တို့ ကန်စွန်းတို့ မုန်ညင်းမုန်လာ၊ ကိုက်လန်တွေမှာ ဖြစ်တတ်တယ်။ ဒါပေမဲ့ စီးပွားရေးအရတော့ သိပ်မထိခိုက်ဘူး။
Oomycota တွေက တခြားမှိုတွေနဲ့မတူပါဘူး။ အဓိကအားဖြင့်တော့ ဆဲလ်နံရံတွေတည်ဆောက်ပုံပါ။ သူတို့မှာ glucan ပါတယ်။ chitin (ခိုက်တင်) မပါဘူး။ (တခြား cota အုပ်စုတွေဖြစ်တဲ့ Asco တို့ Basidio တို့မှာတော့ ပါတယ်။ သူတို့က higher တွေ။)
ဒီလိုမတူညီတာနဲ့တင် သူတို့ကိုကာကွယ်ဖို့ တိုက်ထုတ်ဖို့သုံးတဲ့ မှိုသတ်ဆေးတွေကလည်းမတူညီနိုင်တော့ပါဘူး။
Zoospore တွေကိုကျ စွတ်စိုထိုင်းမှိုင်းရင်ထုတ်တယ်။ မိုးတွင်းလိုမျိုးဆိုရင် Zoospore တွေက တစ်နေရာကနေ တစ်နေရာရွေ့တယ်။ ရေယက်ပါတယ်။ ပြီးတော့ sporangia ထဲမှာရှိတယ်။ သူတို့က လိင်မဲ့ asexual တွေ။
Sexual အနေတဲ့ကျတော့ Oospore တွေ ထုတ်တယ်။
ဆေး Company က လူတချို့က Oomycota ရောဂါတွေကို သေချာမခွဲတတ်ကြဘူး။ ဒီ့အတွက်တောင်သူတွေဟာ မနိုင်တဲ့ဆေးတွေနဲ့တိုးတတ်ပါတယ်။
Oomycota ကြောင့် မြန်မာပြည်မှာဖြစ်တဲ့ စိုက်ပျိုးသီးနှံအလိုက်တွေ့ရတဲ့ ရောဂါအများစုကတော့...
- ပဲပင်ငယ်စဉ်ပျော့ပုတ်သေ ခါးရိရောဂါများ
- ခရမ်းချဉ်၊ ခရမ်း၊ အာလူး လောင်မဲရောဂါ
- စားတော်ပဲဒေါင်းနီး
- ကြက်သွန်ဒေါင်းနီး
- သေင်္ဘာဖိုက်တော့ဖသိုရာ ပင်ချေပုတ်
- ဒူးရင်း ဖိုက်တော့ဖသိုရာ ပင်စည်ပုတ် အရွက်ခြောက်
- ဘိန်း ဒေါင်းနီးရွက်ခြောက်
- ပိန်း ဖိုက်တော့ဖသိုရာ ရွက်ခြောက် ရွက်ပုတ်
- ပန်းမျိုးနွယ်ပင် ဟင်းသီးဟင်းရွက်ပင်များ ပစ်သီရမ် ပင်ချေပျော့ပုတ်
- ဖရဲ သခွားမွှေး ဒေါင်းနီး ရွက်ခြောက်
- ဖရဲ သခွားမွှေး ဖိုက်တော့ဖသိုရာ ပျော့ပုတ် သီးပုတ်
- စပျစ် ဒေါင်းနီးရွက်ခြောက် စသည်ဖြင့်
- နှမ်းဖိုက်တော့သိုရာ ပင်စည်ပုတ် ပင်ချေပုတ် ကိုင်းခြောက်
- ကွမ်းဖိုက်တော့သိုရာ ရိုးမဲ ဆစ်ပုတ် ပင်စည်ရိပုတ် စတာတွေ ဖြစ်ပါတယ်။
သာမာန်မှိုသတ်ဆေးတွေက ဒီ Oomycota မှိုတွေကို မနိုင်တာများတယ်။
နိုင်တဲ့မှိုသတ်ဆေးတွေဆိုရင်တော့ တတ်သလောက် တွေ့သလောက်ပြောရရင်..
- Cu (copper ပါတဲ့ဆေးတွေ) ( e.g - cuprous oxcide, Bordeaux mixture or Copper hydroxide (kocide ဆိုပြီးလည်းသိကြတယ် company တွေအလိုက်))
- Dithicarbamate အုပ်စုတွေ (e.g, Chloranil, Dichlone, Thiram, Zineb, Mancozeb, Nabam, Maneb)
- Aromatic hydrocarbon တွေ ( benzne ring နဲ့ဟာတွေ)
( e.g, biphynel, Pathalimide, Captan, folpet, captafol)
- Phenylamides တွေ (အထင်ရှားဆုံးနဲ့ လူသိအများဆုံး)
- Metalaxyl or Mefenoxam နဲ့ Fosetyl AL
- Hymexazol, Cymoxanil, Fosetyl only,
- Furalaxyl, Ofurace, Benalaxyl, Oxadixyl, propamocarb, Fluazinam, Dimethomorph, Chlorothalonil, triphenyltin, ethazol, propamocarb, polyram and fentin hydroxide
- Strobilurine အခြေခံထားတဲ့ဆေးတွေ စတာတွေဖြစ်ပါတယ်။
မှတ်ချက်- ယခုဖော်ပြထားသောဆေးများမှာ Ai အဆိပ်ရှိပစ္စည်းများသာဖြစ်ပါတယ်။ဆေးကုမ္ပဏီအလိုက် ဈေးကွက်အမည်အမျိုးမျိုး ရှိပါတယ်။ နောက်ပြီး မှိုတွေက ဆေးတစ်ခုတည်း ခဏခဏသုံးရင် ဆေးယဉ်တတ်ပါတယ်။ ဒါ့အတွက် အထက်ပါမှိုသတ်ဆေးတွေကို အနည်းဆုံး နှစ်ခုလောက်ကို တစ်လှည့်စီ သုံးပေးသင့်ပါတယ်။
Ref: American Phytopthological Society website, Agrios and Switzerland crop protection division: Imstitute of Microbiology
အူးမိုက်စိများကြောင့်ဖြစ်တဲ့ အပင်ရောဂါလက္ခဏာများကို အောက်တွင်တစ်ပုံချင်းစီ ဖော်ပြပေးထားပါသည်။
သေင်္ဘာ ဖိုက်တော့ဖသိုရာ ပင်ချေပုတ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nainglinshwe
လွန်ခဲ့သော ၁၀ လ ကကွမ် ဖိုက်တော့ဖသိုရာအကွက် ပင်စည်တွေမှာပါဖြစ်တဲ့ရိုးမဲအမြစ်ပုတ် ဘာဆေးဖျန်းရမလည်အခုကွမ်ကအဲ့ဒီရောဂါဝင်နေတယ်ဘာဆေးဖျန်ရမလည်းကျေးဇူပြုပြီးဖြေပေးကြပါလာ
U thet naing htay
လွန်ခဲ့သော ၂ နှစ် ကအသိပညာတွေ ရပါတယ်
That Naung Htet
လွန်ခဲ့သော ၃ နှစ် ကြကက်သွန်း ဂျိုလိမ်တာ ဘာဆေးသုံးရမလဲ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....