အမြစ်ပုပ်စေတဲ့ အကြောင်းများနဲ့ ကာကွယ်ကုသခြင်း - ၂
ပထမဆောင်းပါးမှာတော့ အမြစ်ပုပ်ခြင်း အမျိုးအစားများနဲ့ ၎င်းတို့ရဲ့ လဏ္ခဏာတွေကို မျှဝေခဲ့ပြီးဖြစ်ပါတယ်။ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Root_rot_causes_and_control
ယခုဆောင်းပါးမှာတော့ အမြစ်ပုပ်ခြင်းကို ကာကွယ်နိုင်မဲ့ နည်းလမ်းအချို့ကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အမြစ်ပုပ်ခြင်းကို ဘယ်လိုကာကွယ်မလဲ
အမြစ်ပုပ်ခြင်းကို ကာကွယ်ဖို့ရာအတွက် နည်းလမ်း ၃ မျိုးရှိပါတယ်။ ပထမဆုံးအနေနဲ့ အိမ်လုပ်သဘာဝဆေးတွေကို အသုံးပြုကြည့်ပါ။ အကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ နေရဲ့စွမ်းအင်ကို အသုံးပြုပြီး မြေဆီလွှာကို အပူပေးတာ၊ ကျောက်မှုန့် (ဂျစ်ပဆန်) အသုံးပြုတာ(သို့မဟုတ်) ထိရောက်တဲ့ မှိုသတ်ဆေးတွေ အသုံးပြုတာမျိုး ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း - ၁
နေရောင်ခြည်စွမ်းအင်ဖြင့် မြေဆီလွှာကိုသန့်စင်ခြင်း (Soil solarization)
Soil solarization ဆိုတာဟာ နေရောင်ခြည်ရဲ့ တောက်ပတဲ့ စွမ်းအင်ကို အသုံးပြုပြီး မြေဆီလွှာထဲမှာရှိနေတဲ့ ရောဂါပိုးမွှားတွေကို ထိန်းချုပ်ဖို့ရန်အတွက် ဓာတုကင်းစင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Soil solarization မပြုလုပ်ခင်မှာ မြေဆီလွှာပေါ်မှာရှိတဲ့ ပေါင်းမြက်တွေကို အရင်ဆုံးရှင်းပေးရမှာ ဖြစ်ပါတယ်။
ပြီးရင်တော့ မြေအနည်းငယ်ညှိပြီး ရေလောင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးပါက တစ်နှစ်တာအတွင်း အပူချိန်အမြင့်ဆုံးကာလတွေမှာ ရက်သတ္တပတ် ၄ ပတ်ကနေ ၆ ပတ်ကြာတဲ့အထိ အလင်းထိုးဖောက်နိုင်တဲ့ ပလပ်စတစ်အကြည်နဲ့ မြေဆီလွှာကို ဖုံးအုပ်ထားပြီး အပူပေးရမှာ ဖြစ်ပါတယ်။
အဆိုပါ ပလပ်စတစ်ဟာ နေရဲ့စွမ်းအင်ကို ဖမ်းယူပေးပြီး အပူတွေကို မြေဆီလွှာထဲသို့ ၁၂ လက်မကနေ ၁၈ လက်မအထိ စိမ့်ဝင်စေနိုင်တာ ဖြစ်ပါတယ်။ ၎င်းအခြေအနေမှာ အပူချိန်ဟာ ၆၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပြီး ပေါင်းပင်၊ နီမတုတ်၊ အင်းဆက်ပိုးမွှားများနဲ့ မြေဆီလွှာမှာ ပေါက်ဖွားတဲ့ မှိုတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
နည်းလမ်း - ၂
ကျောက်မှုန့် (Gypsum) အသုံးပြုပါ
ဂျစ်ပဆန်ဟာ ကယ်လ်စီယမ်နဲ့ ဆာလဖာ အဓိကပါဝင်နေတဲ့ ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ၎င်းဟာ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ရေစိမ့်ဝင်မှုကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပြီး ဆိုဒီယမ်ပါဝင်မှုများတဲ့ မြေတွေမှာဆိုရင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။
အထူးသဖြင့် ရွှံ့စေးဆန်တဲ့မြေတွေမှာ ဆိုဒီယမ်ပါဝင်မှုမြင့်မားပြီး ၎င်းတို့ဟာ ရွှံ့စေးအမှုန်တွေကိုဖယ်ရှားကာ ရေစိမ့်ဝင်နိုင်တဲ့ နေရာတွေကို ပိတ်ဆို့ထားတာဖြစ်ပါတယ်။ အဲ့ဒီအခြေအနေမှာ ဂျစ်ပဆန်ထည့်လိုက်ခြင်းဖြင့် ရွှံ့စေးအမှုန်တွေဆီကနေ ဆိုဒီယမ်ကို လမ်းကြောင်းလွဲသွားစေပြီး မြေဆီလွှာဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။
မိမိစိုက်ခင်းမြေမှာ သီးနှံတွေအမြစ်ပုပ်တာမျိုး မကြာခဏဖြစ်ပွားတတ်တယ်ဆိုရင် သီးနှံမစိုက်ပျိုးခင် (သို့မဟုတ်) ရိတ်သိမ်းပြီးနောက်မှာ ဂျစ်ပဆန်ကို ထည့်သွင်းပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကျောက်မှုန့်ကို မြေခံအနေနဲ့အသုံးပြုမယ်ဆိုရင် ၁ ဧကကို ၃ - ၄ အိတ်အထိ အသုံးပြုလို့ရပါတယ်။ စိုက်ခင်းမြေဆီလွှာအပေါ်မူတည်ပြီး ပမာဏ အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။
ဂျစ်ပဆမ်အသုံးပြုခြင်းကြောင့် မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုကို ကောင်းမွန်စေရုံသာမက ပျော်ဝင်နိုင်တဲ့ ကယ်လ်စီယမ်ပါဝင်မှုလည်း မြင့်မားတာကြောင့် မှိုရောဂါပိုးတွေရဲ့ ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်တာ ဖြစ်ပါတယ်။
နည်းလမ်း - ၃
မှိုသတ်ဆေး (Fungicide) အသုံးပြုပါ
အချို့သော မှိုသတ်ဆေးတွေဟာ အပင်တွေကို ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ မှိုတွေကိုပါ သေစေနိုင်တာကြောင့် ဖြစ်ပါတယ်။
Chloropicrin နဲ့ methyl bromide ကဲ့သို့သော ဓာတုပစ္စည်းတွေဟာ ရောဂါကို လုံးဝပျောက်ကင်းစေမှာ မဟုတ်ပေမဲ့လည်း ရောဂါကူးစက်မှုအဆင့်ကိုတော့ လျှော့ချပေးနိုင်ပါတယ်။ အဆိုပါ အဆိပ်ငွေ့ဆေးတွေကို ရောဂါကျရောက်နေတဲ့ အပင်ရဲ့ခြေရင်းနဲ့ အနီးတစ်ဝိုက်မှာ (သို့မဟုတ်) ရောဂါရအပင်ကို ဖယ်ရှားပြီးနောက် ကျန်ရှိတဲ့ မြေဆီလွှာမှာ အသုံးပြုနိုင်ပါတယ်။
မှိုသတ်ဆေးအသုံးမပြုခင် နမူနာအပင်တွေမှာ ကြိုတင်စမ်းသပ်ပြီး အသုံးပြုသင့်ပါတယ်။ ကနဦး မှိုသတ်ဆေး ဖျန်းပြီးတဲ့နောက် ၂၄ နာရီစောင့်ဆိုင်းပြီး အပင်တွေထိခိုက်မှုမရှိဘူးဆိုရင်တော့ ဆက်ပြီးအသုံးပြုနိုင်ပါတယ်။
အမြစ်ပုပ်ခြင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ စိုက်ပျိုးသူအများစု ရင်ဆိုင်ရမဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အပင်တွေသေဆုံးခြင်းကနေ အချိန်မီကယ်တင်နိုင်ဖို့ လျှို့ဝှက်ချက်ကတော့ အမြစ်ပုပ်ခြင်းရဲ့ လက္ခဏာတွေကို သိရှိခွဲခြားနိုင်ဖို့ ဖြစ်ပါတယ်။ အမြစ်ပုပ်ခြင်းကနေ ကာကွယ်ဖို့အတွက် စိုက်ခင်းမြေဆီလွှာရဲ့ ဖွဲ့စည်းပုံနဲ့ ရေစိမ့်ဝင်နိုင်မှုကို အထူးဂရုပြုသင့်တာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.backyardboss.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
အမြစ်ပုပ်ခြင်း
Min Thu
လွန်ခဲ့သော ၂ နှစ် ကဆရာ ငါရုပ်ပင်မှာ သေလည်းမသေ လန်းလည်းမလန်း အရွှက်တွေဝါပြီးကြွေးကြနေတယ် ဘာလုပ်ရမလည်း ဆရာ
ဇင်ထူးနိုင်
လွန်ခဲ့သော ၃ နှစ် ကမြေချဥ်တဲ့အခါ ပြုပြင်ဖို့ ထုံးထည့်ပေးရပါတယ်။ ကျောက်မှုန့် (Gypsum) နဲ့ ထုံးက အသုံးပြုပုံခြင်း သဘောတရားချင်း မတူပါဘူး။ အခု ဆောင်းပါးမှာ လေ့လာကြည့်ပါခင်ဗျ။ <a href="https://greenwaymyanmar.com/posts/differences_of_lime_and_gypsum">ထုံးနဲ့ ကျောက်မှုန့် ဘာတွေကွာလဲ</a>
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၃ နှစ် ကချဉ်တဲ့မြေမှာ Gypsum သုံးလို့အဆင်ပြေနိုင်ပါသလားဗျ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....