မှိုသတ်ဆေးများအကြောင်း (၄) မျိုးစေ့ဆောင် မှိုသတ်ဆေးများ
အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့ စကားပုံလို စိုက်ပျိုးရေးမှာလည်း မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးဖို့ အရေးကြီးလာပါတယ်။
အစကောင်းဆိုတာ ဒါတင်မက မိမိတို့ စိုက်ပျိုးလိုက်တဲ့ မျိုးကောင်းမျိုးစေ့တွေမှာ မှိုရောဂါတွေ ပါလာနိုင်ပါတယ်။ ဒီလို အစကတည်းက ဖြစ်လာမယ့် မှိုရောဂါတွေကို ကာကွယ်ဖို့ကလည်း အစကောင်းခြင်းတစ်မျိုးပါပဲ။
တစ်ချို့သော မှိုတွေဟာ ရာသီတစ်ရာသီ နှစ်ရာသီ တစ်နှစ် နှစ်နှစ်မက အစေ့တွေရဲ့ အပေါ်ယံ ဒါမှမဟုတ် အတွင်းထဲမှာ ခိုအောင်းနေကြပါတယ်။

မြေကြီးထဲချ စိုက်လိုက်တဲ့အခါ မြေတွင်းအစိုဓာတ်နဲ့ ခိုအောင်းနေတဲ့ မှိုတွေက ပေါက်ပွားလာပြီးတော့ ခံနိုင်ရည်နုသေးတဲ့ ပျိုးပင်တွေကိုတိုက်ခိုက်ပါတယ်။ အဲ့ဒီမှာ ပြဿနာက စတာပဲ။ အပင်ငယ်တွေ သေတယ် သေတယ်။ အကွက်လိုက်သေတယ်။ ခါးရိတယ်။ ပြီးတော့လည်း သေကြပါတယ်။

တစ်ချို့ မှိုရောဂေါတွေကတော့ အပင်ကြီးဖြစ်တော့မှ လက္ခဏာ စပြပါတယ်။
- ဥပမာ စပါးရွက်ဖုံးခြောက် sheath rot of rice ရောဂါတို့၊ ကြံ မှိုနှံ့ whip smut of sugarcane ရောဂါတွေလိုမျိုးပါ။ ဒီ့အတွက် အစေ့တွေကို အစကတည်းက မှိုသတ်ဆေးတွေနဲ့ လူးနယ် စီမံစိုက်ပျိုးသင့်ပါတယ်။
ဖရဲ သခွားလို နိုင်ငံခြားကလာတဲ့ မျိုးစေ့တွေ ဥပမာ ထိုင်းကလာတဲ့ မြားနီ East west ကအစေ့တွေ၊ Seed Energy တို့လို ကုမ္ပဏီတွေက ဈေးနည်းနည်းမြောက်တဲ့အစေ့တွေမှာတော့ လူးနယ်ဆေးတွေနဲ့ စီမံပြီးသားဖြစ်ပါတယ်။ အနီ အပြာ အဝါ စသည်ဖြင့် အရောင်လေးတွေ ပါပါတယ်။ အကယ်၍ မိမိ မျိုးကောင်းအစေ့တွေက ဆေးမလူးထားဘူးဆိုရင်တော့ အောက်ပါ AI တွေပါတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို လူးနယ်ဆေးတွေအနေနဲ့ အသုံးပြုနိုင်ပါတယ်။
- ၁။ မန်ကိုဇက် Mancozeb
- ၂။ ကပ်ပတန် Captan
- ၃။ သီရမ် thiram
- ၄။ သိုင်အိုဖီနစ်မီသိုင်း thiophente methyl
- ၅။ မတလိုင်ဇီ metalaxyl
- ၆။ မီဖန်နိုဇမ် mefenoxam
- ၇။ အေဇောက်စတိုဘင် azoxystrobin
စသော အေအိုင်များဖြစ်ပါတယ်။
ကျမ်းကိုး - USDA နှင့် စိုက်ဆေးကုမ္ပဏီဝန်ထမ်းများ၏ပြောကြားချက်အချို့
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Mg Chit Phyo Aung
လွန်ခဲ့သော ၇ လ ကmancozebအကြောင်း
Mr. Win
လွန်ခဲ့သော ၃ နှစ် ကမှိုသတ်ဆေးများအကြောင်း(၃)ရှာမရလို့ပါ။ကျေးဇူးပြုပြီး မျှဝေကြပါအုံးဗျာ။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....