နှမ်းပင်ဖိုရောဂါ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုကာကွယ်မလဲ..
ရောဂါအမည် - နှမ်းပင်ဖိုရောဂါ (Sesame Phyllody)
ရောဂါဖြစ်စေ/သက်ရှိ - Phytoplasma
သဘာဝဖြစ်စဥ်
- နှမ်းဖို ဖိုင်တိုပလာစမာသက်ရှိဟာ ရောဂါဖြစ်စေတဲ့ အဏုဇီဝသက်ရှိများမှ မော်လီကျု(Mollicutes)အုပ်စုဝင်ဖြစ်ပြီး ဆဲလ်နံရံမပါတဲ့ ဘက်တီးရီးယား (Bacteria)အမျိုးအစား ဖြစ်ပါတယ်။
- ယခင်က (Mycoplasma like organisms)လို့ ခေါ်ဆိုခဲ့ကြပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်းကစလို့ “ဖိုင်တိုပလာစမာ” လို့ ပြောင်းလဲ အမည်ပေးခဲ့တာ တွေ့ရပါတယ်။ အပင်အစာကြောစည်းနဲ့ အပင်ဖျက်ပိုးတွေရဲ့ ခန္ဓာအတွင်းမှာ ထာဝရကပ်ပါးအဖြစ် ပွားများတည်ရှိနေကြတာဖြစ်ပါတယ်။
ပင်ပြလက္ခဏာ

- စိုက်ပြီး ၇ ရက်မှ ၄၅ ရက်သားအတွင်း စတင်ကျရောက်တတ်ပြီး အရင်ဦးဆုံး သိသာစေတဲ့လက္ခဏာကတော့ ရွက်ကြောများ ထင်ရှားလာပြီး ရွက်သားထူလာကာ ပုံသဏ္ဍာန် ပြောင်းလာတာဖြစ်ပါတယ်။
- ဆစ်ကြားများ တိုခြင်း၊ အရွက်များ သေးငယ်ခြင်းနှင့် အပင်ပုခြင်း၊ အပင်ကြီးလာသောအခါ ပန်းခိုင်များသေး၍ အရွက်များလိမ်ကာ ဆစ်ကြားတိုလာခြင်းတွေ ဖြစ်တတ်ပါတယ်။
ရောဂါဆိုးရွားတဲ့အဆင့်မှာတော့..

- ပန်းပွင့်ဖတ်များ အရွက်ကဲ့သို့ အစိမ်းရောင်ပုံပြောင်းခြင်း၊ မြုံခြင်း (Floral viresecence and phyllody)
- ပန်းခိုင် အစုလိုက်ဖြစ်ခြင်း (Floral prolife-ration)၊
- နှမ်းသီးတောင့် အက်ကွဲ၍ အပင်ပေါက်ခြင်း (Germination of seeds in cracked capsules)၊
- ပန်းပွင့်အစိတ်အပိုင်းများတွင် အနက်ရောင်အစေးများ ထွက်ခြင်း (Dark exudates on foliage parts)၊
- အဝါရောင် လိမ်တွန့်နေသော အရွက်များ ဆစ်ကြားတိုများမှ ထွက်ခြင်း (Short internodes with yellows, twisted reduced leaves)၊
- အပင်ထိပ်ပိုင်း ပုံသဏ္ဌာန်မမှန်ခြင်း (Shoot apex fasciation)၊
- အပင်ထိပ်ပိုင်းတွင် စုန်းတံမျက်စည်းပုံစံဖြစ်ခြင်း (Witches’ broom) စတာတွေ ဖြစ်တတ်ပါတယ်။
ရောဂါကူးစက်ပျံ့နှံပုံ

- နှမ်းဖိုရောဂါဖြစ်စေသော ဖိုက်တိုပလာစမာ သက်ရှိဟာ တပင်မှတပင်၊ တနေရာမှတနေရာသို့ သစ်ရည်စုပ်ပိုးဖြုတ်ကနေတဆင့် ကူးစက်ပျံ့နှံ့ပါတယ်။
- Brown leaf hopper (Orosius albicinctus)ဆိုတဲ့ ဖြုတ်ညိုကနေ အဓိကကူးစက်တာဖြစ်ပြီး ဖိုက်တိုပလာစမာ သက်ရှိကတော့ ဖြုတ်ညိုပွားများချိန်ဖြစ်တဲ့ ဇွန်၊ ဇူလိုင်လတွေဆို အခြားလက်ခံသီးနှံပင်တွေမှာ ရှိနေတတ်ပါတယ်။
- ဖြုတ်ညိုဟာ ရောဂါလက်ခံပင်တွေကနေ ဖိုင်တိုပလာစမာသက်ရှိကို ရယူဖို့ဆိုရင် ၃−၄ ရက်အထိ စုပ်ယူစားသုံးဖို့ လိုအပ်ပြီး တခြားအပင်တွေမှာ ရောဂါပျံ့နှံ့စေဖို့ဆိုရင်တော့ အနည်း ဆုံး ၃၀ မိနစ်ခန့် စုပ်ယူစားသုံးနေဖို့ လိုအပ်ပါတယ်။
- ရောဂါပျိုးချိန်ဟာ ဖြုတ်ပိုးမှာ ၁၅−၆၃ ရက်နဲ့ နှမ်းပင်မှာဆိုရင် ၁၃−၆၁ ရက်ထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။
ကာကွယ်စောင့်ရှောက်ခြင်း

- မျိုးစေ့ကို Imidacloprid(အင်ဒေါင်း) ဆေးလူးစိုက်ပျိုးပါ။
- ပဲစဥ်းငုံသီးနှံနှင့်နှမ်းကို ၆ တန်း × ၁ တန်း သီးညှပ်စိုက်ပါ။
- မြေပဲ၊ ဝါ၊ ပဲစိုက်ခင်းများအနီးမှာ နှမ်းစိုက်ခြင်းကို ရှောင်ပါ။
- ပေါင်းမြက်များကို အချိန်မီ ရှင်းလင်းပါ။
- ဆောင်းရာသီထက် နွေရာသီ(သို့)ပူအိုက်ရာသီတွင် ဖြုတ်ညိုများ ပွားနှုန်းမြင့်မားလို့ ဖြုတ်ကာကွယ်ဆေးကို အပင်တလသားအတွင်း ဖျန်းပေးဖို့လိုပါတယ်။
( စိုက်ပြီး ၁၀ ရက်သားမှ စ၍ ဖြုတ်ကာကွယ်ဆေး (Avetameprid/ Thiamethoxan./ Carbosulfan/BPMC(ဗိုက်တာဂရို..) ၇ - ၁၀ ရက်ခြား ပိုးအခြေအနေကြည့်ဖျန်းပါ)
- ရောဂါလက္ခဏာ စတင်တွေ့ရှိပါက လတ်တလောကုသရန် Tetracycline-HCL 500ppm( antibiotic) ၇ ရက်ခြား ၃ ကြိမ် ဖျန်းပေးပါ။
စေတနာများစွာဖြင့်
ပျံလွှား(ပုလဲ)
Ref >>Dr Nann Kyu and SESAMUM :: MAJOR DISEASE :: PHYLLODY
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....