နှမ်းဘက်တီးရီးယားရွက်ပြောက်ရောဂါနှင့် ကာကွယ်ကုသနည်း
မြန်မာနိုင်ငံ၊ အပူပိုင်းမိုးနည်းဒေသ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများမှာ နှမ်းစိုက်ဧရိယာ ကျယ်ဝန်းပါတယ်။
သီးနှံနဲ့ ရာသီဥတု သဟဇာတဖြစ်တဲ့နှစ်များမှာ ကုန်ကျစရိတ် သက်သာစွာနဲ့ အကျိုးအမြတ်ရရှိတဲ့သီးနှံဖြစ်သလို ရာသီဥတုမကောင်းလို့ မိုးခေါင်မယ်ဆိုရင်တော့ ပိုးမွှားရောဂါ ထူပြောပြီး တံစဥ်လွတ်တဲ့နှစ်တွေလည်း မနည်းကြပါဘူး။
နှမ်းရောဂါများ
နှမ်းရောဂါလို့ဆိုလိုက်တာနဲ့ နှမ်းရိုးမဲရောဂါ၊ နှမ်းပင်ဖိုရောဂါလောက်သာ သတိပြုမိကြပါတယ်။
အကြမ်းအားဖြင့်..
- မှိုကြောင့်ဖြစ်သောရောဂါ
- ဖိုက်တိုပလာစမာကြောင့်ဖြစ်သော ရောဂါ
- နီမတုတ်ကြောင့်ဖြစ်သော ရောဂါ
- ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါ
စသဖြင့် ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတဲ့အနက်...
ဒီဆောင်းပါးမှာတော့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ နှမ်းရောဂါများကို ကောက်နုတ်တင်ပြလိုပါတယ်။
နှမ်း၊ ဘက်တီးရီးယား ရောဂါ
အထူးသဖြင့် မိုးနှမ်းသီးနှံမှာ..
- ၁။ ဘက်တီးရီးယား အပင်နာရောဂါ (Bacterial leaf blight disease)
- ၂။ ဘက်တီးရီးယား အရွက်ပြောက်ရောဂါ (Bacterial leaf spot disease)
ဆိုတဲ့ ရောဂါတွေကျတတ်ပါတယ်။
ဘက်တီးရီးယား ရောဂါသဘာဝ

- ဘက်တီးရီးယားရောဂါဟာ နေပူတလှည့်၊ မိုးရွာတလှည့်၊ ပူလိုက်အေးလိုက်ရာသီဥတု စိုစွတ်ချိန်မျိုးတွေမှာ ပွားများတတ်ပါတယ်။
- မှိုရောဂါကဲ့သို့ အပင်တစ်ရှူးအတွင်း တိုက်ရိုက် မဝင်ရောက်နိုင်လို့ စတ်ိုမာတာ အပေါက်များမှလည်းကောင်း၊ ပိုးကိုက်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာများမှတဆင့်လည်းကောင်း ဝင်ရောက်နိုင်ပါတယ်။
- မိုးသက် လေ၊ သွင်းရေ၊ မိုးစက်၊ မိုးပေါက်များကတဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
- အပင်တစ်ရှူးအတွင်း ရောက်ရှိပြီးပါက အစာကြော၊ ရေကြောတလျှောက် ယက်မွေးကိုအသုံးပြုပြီး တနေရာမှ တနေရာ ကူးစက်မြန်ပါတယ်။
- ဒါကြောင့် ဘက်တီးရီးယားရောဂါဟာ ကုသချိန်နည်းတာမို့ မကျရောက်အောင် ကာကွယ်ခြင်းကသာ အထိရောက်ဆုံးဖြစ်ပါတယ်။
ရောဂါဖြစ်စေသက်ရှိ
- Bacterial leaf blight ရောဂါဟာ (Xanthomonas campestris PV. ) ဘက်တီးရီးယားကြောင့်ဖြစ်ပြီး...
- Bacterial leaf spot ရောဂါကတော့ (Pseudomonas syringae pv) ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။
ရောဂါနှစ်မျိုးလုံး သီးနှံတရာသီအတွင်း တပြိုင်နက်တည်း ကျရောက်တတ်သလို တမျိုးချင်းလည်း ကျရောက်နိုင်ပါတယ်။
ရောဂါလက္ခဏာ

- Bacterial blight ရောဂါ စတင်ချိန်မှာဆိုရင် အရွက်ပေါ် ရေစိုနာ အပြောက်အစက်လေးများ အရွယ်မညီမညာ စတင်တွေ့ရှိရပါတယ်။
- တဖြည်းဖြည်းနဲ့ အကွက်ကျယ်လာပြီး အညိုရောင်ပြောင်းကာ ဒဏ်ရာနေရာ တစ်ရှူးသားများ ကျွတ်ဆတ်ခြောက်သွေ့လာတာကို တွေ့ရပါမယ်။
- Bacterial leaf spot ရောဂါ စတင်ပုံကတော့ အရွက်ကြောကြားမှာ စိမ်းညိုရောင် ဖျော့တော့ သော အနာကွက်လေးတွေ မညီမညာ တွေ့ရတာက စပါတယ်။
- တဖြည်းဖြည်း ကျယ်လာပြီး စိမ်းဖျော့ရောင် အကွက်မှာ မီးခိုးရောင် အနားသတ်ပုံစံ တွေ့ရပါတယ်။
ကာကွယ်/ကုသခြင်း
- ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါများကို ဘက်တီးရီးယားသတ်ဆေးဖြင့် အမြစ်ပြတ်ကုသနိုင်တဲ့ဆေး မတွေ့ရသေးပါဘူး။ ထိန်းသိမ်းနိုင်ရုံသာ တတ်နိုင်ပါတယ်။
အကောင်းဆုံး ကာကွယ်နည်းတွေကတော့...
- သီးနှံ အလှည့်ကျစိုက်ပါ။
- မုတ်သုန်ဝင်သည်နှင့် ချက်ချင်းစောစိုက်ပါ။
- ဘက်တီးရီးယားခံနိုင်သောမျိုး စိုက်ပါ။
- မျိုးစေ့ကို စထရက်နိုဆိုက်ကလင်း စိမ်စိုက်ပါ။
- ရောဂါလက္ခဏာ စတင်ပြသည်နှင့် တက်ထရာဆိုက်ကလင်း၊ ဘစ်စမာသိုင်ယာဇိုး တမျိုးမျိုးကို ၁၀ ရက်ခြား ဖျန်းပေးပါ။
စေတနာများစွာဖြင့်
ဒို့ဦးလေး
Ref >>SESAMUM :: MAJOR DISEASE :: BACTERIAL LEAF SPOT
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Than Htun
လွန်ခဲ့သော ၃ နှစ် ကနှမ်းပင်စထွက်စအစေ့ရွက်ကအဖျားပိုင်းလိပ်ပြီးခြောက်ခြောက်နေပါတယ်နောက်ပိုင်းတပင်လုံးညှိုးပြီးသေပါတယ်ဘာရောဘာဆေးသုံးရမလဲဆရာ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး