စတော်ဘယ်ရီမှာ ကျရောက်တဲ့ ဒေါင့်ချွန်းရွက်စက်ပြောက်ရောဂါ
- အင်္ဂလိပ်အမည် - Angular Leaf Spot
- ရောဂါဖြစ်စေသောသက်ရှိ - Xanthomonas fragariae

ဒေါင့်ချွန်းရွက်စက်ပြောက်ရောဂါဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာတဝန်းမှာရှိတဲ့ စတော်ဘယ်ရီ စိုက်ပျိုးထုတ်လုပ်မှုမှာ အရေးပါတဲ့ရောဂါလည်း ဖြစ်ပါတယ်။ ဒီရောဂါကို ၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်နဲ့ ဖလော်ရီဒါပြည်နယ်ထဲမှာရှိနေတဲ့ စတော်ဘယ်ရီစိုက်ခင်းတွေထဲမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် စတော်ဘယ်ရီသီးတွေကို ဥရောပနဲ့ အခြားသောနိုင်ငံတွေကို တင်ပို့ရောင်းချရာမှာ ထိခိုက်ဆုံးရှုံးမှုတွေ များစွာဖြစ်ပေါ်ခဲ့ပါတယ်။ ရောဂါကျရောက်မှု ဆိုးရွားမယ်ဆိုရင် အထွက်နှုန်းကို ၇၅ ရာခိုင်နှုန်းအထိ ထိခိုက်စေနိုင်တဲ့ ရောဂါလည်းဖြစ်ပါတယ်။
ရောဂါကျရောက်မှုလက္ခဏာ
- ရောဂါဖြစ်စေတဲ့ သက်ရှိဘက်တီးရီးယားဟာ ကြီးထွားမှုနှေးကွေးပြီး ၎င်းကျရောက်တဲ့အခါ အရွက်ရဲ့ အောက်မျက်နှာပြင်မှာ ရေစိုနာအကွက်ပုံစံကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
- ဘက်တီးရီးယားဟာ အရွက်ရဲ့ လေရှူပေါက်တွေကနေတဆင့် အပင်ထဲကိုဝင်ရောက်တာ ဖြစ်ပါတယ်။
- အနာဟာဆိုရင် အစပိုင်းမှာ သေးငယ်ပြီး ပုံသဏ္ဌာန်မမှန်တဲ့ အစက်အပြောက်ပုံစံမျိုးနဲ့ အရွက်ရဲ့အောက်မျက်နှာပြင်မှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။
- ရောဂါဖြစ်ပွားမှု တိုးလာတာနဲ့အမျှ အစက်အပြောက်တွေဟာ တဖြည်းဖြည်းကျယ်လာပြီး အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာပါ မြင်တွေ့လာရမှာ ဖြစ်ပါတယ်။
- အစိုဓာတ်မြင့်နေတဲ့အခါမှာတော့ အနာကနေ စေးကပ်တဲ့ ဘက်တီးရီးယားစိမ့်ထွက်ရည်တွေ ထွက်နေတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
- ရောဂါဖြစ်ပွားမှု ကြီးထွားလာတာနဲ့အမျှ အနာဟာ တဖြည်းဖြည်းကြီးလာမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ နီညိုရောင်သေနာကွက် (Necrotic) များကို တွေ့ရမှာ ဖြစ်ပါတယ်။
- ရောဂါကျရောက်မှုကို သိရှိနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းကတော့ အရွက်ကိုနေရောင်အောက်မှာ ထားလိုက်ရင် အရွက်ပေါ်မှာအလင်းပေါက်နိုင်တဲ့ အစက်အပြောက်တွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
- ဒီလိုမျိုး ပျက်စီးယိုယွင်းနေတဲ့ တစ်သျှူးတွေဟာ တဖြည်းဖြည်းနဲ့ ခြောက်သွေ့သေဆုံးသွားမှာဖြစ်ပြီး နောက်ဆုံးမှာ စုတ်ပြဲနေတဲ့ အရွက်ပုံစံကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
- ရောဂါကျရောက်မှု ဆိုးရွားပြင်းထန်တဲ့ စိုက်ခင်းတွေမှာဆိုရင်တော့ အရွက်ပေါ်မှာသာမက အသီးတွေပေါ်မှာပါ အနာများဖြစ်ပေါ်လာတာ တွေ့ရမှာဖြစ်ပါတယ်။
ရောဂါပျံ့နှံ့မှု
- နေ့ဘက်မှာပူနွေးပြီး ညဘက်မှာအေးတဲ့ အခြေအနေမျိုးတွေဟာ ဒီရောဂါကို ပျံ့နှံ့ဖို့ လွယ်ကူစေပါတယ်။ နေ့အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် ပတ်ဝန်းကျင်ဟာ ရောဂါဖြစ်ပွား ပျံ့နှံ့နိုင်ဖို့ အလားအလာကောင်းစေပါတယ်။
- ရောဂါပျံ့နှံ့စေတဲ့ ပထမအချက်ကတော့ ရောဂါရနေတဲ့ အပင်တွေကို စိုက်ခင်းတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်းကြောင့် ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အစိုဓာတ်များနေတဲ့အခြေအနေမှာ အနာကနေထွက်ရှိတဲ့ ဘက်တီးရီးယားစိမ့်ထွက်ရည်တွေကြောင့် ဖြစ်ပါတယ်။
- ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ ခြောက်သွေ့နေတဲ့အရွက်တွေ အပေါ်မှာရော မြေအောက်မှာရှိနေတဲ့ အပင်တစ်သျှူးတွေဆီမှာပါ တနှစ်လောက်အထိ ရှင်သန်နေနိုင်ကြတာ ဖြစ်ပါတယ်။
- အဓိကအားဖြင့် သဘာဝမိုးရွာခြင်းနဲ့ ရေဖျန်းကိရိယာအသုံးပြုပြီးရေသွင်းခြင်း (Sprinkler irrigation) တို့ကြောင့် ရောဂါပျံ့နှံ့မှု ပိုများတာတွေ့ရပါတယ်။
- နောက်ဆုံးတစ်ချက်ကတော့ စိုစွတ်အေးမြတဲ့ အခြေအနေမျိုးမှာ ဘက်တီးရီးယားစိမ့်ထွက်ရည်တွေ ထုတ်လေ့ရှိတာမို့ ၎င်းအချိန်မှာ သီးနှံတွေကို ရိတ်သိမ်း၊ ကိုင်တွယ်၊ သယ်ယူပို့ဆောင်တာတွေ လုပ်ဆောင်ခြင်းအားဖြင့်လည်း ဘက်တီးရီးယားတွေကို အလွယ်တကူ ပျံ့နှံ့စေနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
- ထိရောက်အောင် ကာကွယ်နိုင်ဖို့ ပထမဆုံးအချက်ကတော့ ရောဂါကင်းပြီး ကျန်းမာသန်စွမ်းတဲ့ အပင်တွေကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။
- နောက်တစ်ချက်ကတော့ သီးနှံတွေစိုက်ပျိုးလို့ ရေသွင်းတဲ့အခါမှာ ရေဖျန်းကိရိယာအသုံးပြုပြီးရေသွင်းခြင်း (Sprinkler irrigation) ကို လျှော့ချသင့်ပြီး ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင်ပါတယ်။
- ဒါ့ကြောင့် စတော်ဘယ်ရီစိုက်ခင်းတွေကို ရေပေးသွင်းတဲ့အခါ အစက်ချရေပေးစနစ် (Drip irrigation) ကို အသုံးပြုသင့်ပါတယ်။ နောက်ပြီး စိုက်ခင်းမှာအသုံးပြုမယ့် ပစ္စည်းကိရိယာတွေကိုလည်း အရောင်ချွတ်ဆေးနဲ့ အရက်ပြန် အသုံးပြုပြီး စနစ်တကျသန့်စင်ပေးသင့်ပါတယ်။
- ဆေးဝါးအနေနဲ့ဆိုရင်တော့ ကော့ပါး (ကြေးနီ) ဓာတ်ပါဝင်တဲ့ ဆေးတွေအသုံးပြုခြင်းဖြင့်လည်း ဒီရောဂါကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
- ဒါပေမဲ့ ကော့ပါးပါဝင်တဲ့ဆေးတွေ အသုံးပြုမယ်ဆိုရင် သတ်မှတ်ထားတဲ့ပမာဏအတိုင်း (သို့မဟုတ်) ပမာဏအနည်းငယ်ပဲအသုံးပြုသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဆေးတွေကို မကြာခဏအသုံးပြုမယ်ဆိုရင် phytotoxicity လို့ခေါ်တဲ့ အရွက်ဟောင်းတွေနီမြန်းလာတာမျိုး၊ အပင်ကြီးထွားမှုနှေးလာတာမျိုးနဲ့ အထွက်နှုန်းကျဆင်းလာတာမျိုးတွေ ဖြစ်နိုင်တာကြောင့် စနစ်တကျအသုံးပြုသင့်တာဖြစ်ပါတယ်။
စတော်ဘယ်ရီမှာ ကျရောက်တဲ့ ဒေါင့်ချွန်းရွက်စက်ပြောက်ရောဂါကို ကာကွယ်နှိမ်နင်းဖို့အတွက် ကော့ပါးဟိုက်ဒရောဆိုဒ်၊ ကော့ပါးအောက်စီကလိုရိုဒ်၊ ကော့ပါးဆာလ်ဖိတ်နဲ့ အခြားသော ကော့ပါးဒြပ်ပေါင်းတွေ ပါဝင်တဲ့ ဆေးတွေကိုရွေးချယ်ပြီး သတ်မှတ်နှုန်းထားအတိုင်း စနစ်တကျအသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
https://www.freshfruitportal.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026