ကြိုတင်ကာကွယ်ပါ..ခရမ်းချဉ်ဘက်တီးရီးယား အနက်စက်ရောဂါ
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း စိုက်ပျိုးရေးပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်စဥ် ခရမ်းချဥ်စိုက် တောင်သူတယောက်က မေးလာပါတယ်။
“ ဆရာ..ကျွန်တော့်ခရမ်းချဥ်ခင်းထဲမှာ အသီးတွေပေါ် အနက်စက်လေးတွေ တွေ့ရတယ်..
မှိုဆေး၊ ပိုးဆေးဖျန်းတယ်..မရဘူးဆရာ၊ အဲဒါ ဘယ်လိုလုပ်ရမလဲ ” တဲ့။
(Septoria leaf spot) ဆက်တိုးရီးယား ရွက်ပြောက်ရောဂါ ဖြစ်မယ်ထင်တယ်။ သေချာ အောင်..ရောဂါရတဲဲ့ အသီးတလုံးလောက် ခူးခဲ့ပေးပါ..ဆိုပြီး..
ကြည့်လိုက်တော့မှ...
ဘက်တီးရီးယား အနက်စက်ရောဂါ(Bacterial speck) ဖြစ်နေတာ တွေ့ရပါတယ်။
ခရမ်းချဥ်သမားအားလုံးကို မေးကြည့်တော့မှ.. သူတို့ခြံထဲမှာလည်း အဲ့လို အစက်အပြောက်တွေ ဖြစ်တယ်၊ ပွဲစားက အဲ့လိုအသီးတွေကို ပယ်သီးသတ်မှတ်တယ်..ဆိုတာ သိလိုက်ရတယ်။
ဆိုတော့ ဒီရောဂါက ဘယ်လိုမျိုးလဲဆိုတော့..
- အမည် - ခရမ်းချဥ်ဘက်တီးရီးယားအနက်စက်ရောဂါ (Bacterial speck in Tomato)
- ရောဂါဖြစ်စေသက်ရှိ - (Pseudomonas syringae pv. tomato)
ရောဂါလက္ခဏာ
ဆင်တူယိုးမှား ဖြစ်စေတဲ့ ခရမ်းချဥ်အစက်ပြောက်ရောဂါ ၃ မျိုးထိ ရှိပါတယ်။ အဲ့ဒါတွေကတော့..
၁။ ဆက်တိုးရီးယား အစက်ပြောက်ရောဂါ (Septoria leaf spot)
၂။ ဘက်တီးရီးယားကင်ကာရောဂါ (Bacterial canker)
၃။ ဘက်တီးရီးယား အနက်စက်ရောဂါ (Bacterial black spot or speck)
ပိုမို သိသာထင်ရှားစေဖို့ အောက်ကပုံတွေနဲ့ ဆန်းစစ်ခွဲခြားနိုင်ပါတယ်။



ဘက်တီးရီးယားအနက်စက်ရောဂါဟာ ခရမ်းချဥ်သီးနုစဥ်မှာ ရေစိုနာ အစက်အပြောက်လေးအနေနဲ့ စတင်ပေါ်လာပါတယ်။ အညိုရောင်ကနေ တဖြည်းဖြည်း မည်းနက်လာပါတယ်။
အနက်စက်တခုနဲ့တခု အရွယ်အစား သိပ်မကွာဘဲ ၂ - ၄ မီလီမီတာခန့် အရွယ်ထက် ပိုမကြီးပါ။
ဒဏ်ရာဟာ အပေါ်ယံသာဖြစ်ပြီး အတွင်းသားတွေက ဘာမှမဖြစ်ပါ။
(အချို့တောင်သူတွေကတော့ ဒဏ်ရာရအသီးတွေကို လွှင့်မပစ်ဘဲ လက်လီရောင်းကြတယ်လို့ မြင်းမထိရွာ တောင်သူမကြီးတယောက်က ပြောပါတယ်)
အောက်အရွက်ရင့်တွေပေါ်မှာလည်း အနက်စက်လေးတွေ တွေ့ရပါတယ်။
ရောဂါကျရောက်ပုံ (Comments on the disease)
- ဘက်တီးရီးယားတွေဟာ မြေကြီးထဲမှာ၊ အပင်အကြွင်းအကျန်ထဲမှာ၊ မျိုးစေ့ထဲမှာ အသက်ရှင်သန်နေနိုင်ပါတယ်။
- ရာသီဥတု အေးမြစိုစွတ်ပြီး မိုးရေပေါက်တွေကတဆင့် ခရမ်းချဥ်ပင်အောက်ပိုင်း အရွက်၊ အသီးတွေပေါ် စတင်ကျရောက်ပါတယ်။
- နေပူရှိန်ပြင်းချိန် ရောဂါမကျရောက်နိုင်ပါ။
ကြိုတင်ကာကွယ်ခြင်း(Prevention)
ဘက်တီးရီးယားရောဂါတွေဟာ အပင်တစ်သျှူးထဲကို တိုက်ရိုက်ထိုးဖောက်မဝင်နိုင်ပေမယ့်..စတိုမာအပေါက်များမှတဆင့်(သို့မဟုတ်)ထိခိုက်ဒဏ်ရာ၊ ပိုးကိုက်၊ စုပ်စားဒဏ်ရာတွေကတဆင့် ကူးစက်နိုင်ပါတယ်။
အပင်ထဲကို ရောဂါဝင်ရောက်ပြီးရင် ကုသဖို့ ခဲယဥ်းပါတယ်။
ဒါကြောင့်..ကြိုတင်ကာကွယ်နည်းလမ်းတွေကို အဓိကဦးစားပေး ဆောင်ရွက်သင့်ပါတယ်။
- ရောဂါဒဏ်ခံနိုင်သောမျိုးကို အသုံးပြုပါ။
- မျိုးစေ့ကို ၅၀ ဒီဂရီဆဲစိယပ်ရေနွေး(ကြက်သီးနွေး)ထဲကို ၂၅ မိနစ် စိမ်စိုက်ပါ။
- စပရင်ကလာနဲ့ ရေသွင်းခြင်းကို ရှောင်ပြီး မောင်းစနစ်ဖြင့် ရေသွင်းပါ။
- အပင်ဒဏ်ရာမရအောင်၊ ပိုးမွှားမကျရောက်အောင် ဂရုစိုက်ပါ။
- လေဝင် လေထွက် ကောင်းအောင်၊ ပင်ကြား၊ တန်းကြား မစိတ်အောင် စိုက်ပါ။
- အပင်အောက်ခြေ ၆ လက်မအောက် ကိုင်းတက်များ ရှင်းပေးပါ။
- ကော့ပါးအုပ်စု ဆေးတမျိုးမျိုးကို ၁၀ ရက်ခြား ဖျန်းပေးပါ။
ရောဂါကုသခြင်း(Curation)
ရောဂါလက္ခဏာ စတွေ့ပြီဆိုရင်တော့ အောက်ပါဆေးအုပ်စုတမျိုးမျိုးကို ၇ - ၁၀ ရက်ခြား ဖျန်းပေးဖို့လိုပါတယ်။
- Streptomycin,Tetracyclin chloride, Bismerthiazol (ဥပမာ - ဘီလီယံ၊ ဖာတီဇို)
ဘက်တီးရီးယားအနက်စက်ရောဂါဟာ ကင်ကာရောဂါလို အပင်သေတဲ့အထိ မဆိုးရွားပေမယ့် အသီးအရည်အသွေးကျဆင်းတာကြောင့် စျေးနှိမ်ခံရပြီး အကျိုးအမြတ် ထိခိုက်နိုင်ပါတယ်။
အင်းလေးဒေသမှာလည်း ဒီရောဂါတွေ ကျရောက်နေပြီဖြစ်လို့ ခရမ်းချဥ်တောင်သူများ ကြိုတင်သတိပြုမိစေရန်နဲ့ ရောဂါမကျရောက်အောင် ကာကွယ်နိုင်ဖို့ ရေးသားတင်ပြလိုက်တာ ဖြစ်ပါတယ်။
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....